သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်ဆန့်ကျင်ရေး ရှေ့တန်းက အမျိုးသမီးထု စွမ်းအား


စစ်အာဏာသိမ်းဆန့်ကျင့်ရေး မြန်မာအမျိုးသမီးများ ရန်ကုန်မြို့တွင်ဆန္ဒပြနေကြစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၁)
စစ်အာဏာသိမ်းဆန့်ကျင့်ရေး မြန်မာအမျိုးသမီးများ ရန်ကုန်မြို့တွင်ဆန္ဒပြနေကြစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၁)

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အောင်မြင်ဖို့မှာ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ဦးဆောင် ပါဝင်နိုင်တဲ့ စွမ်းအားတွေကို လစ်လျူ မရှုမိဖို့ အရေးကြီးတဲ့အကြောင်း အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။ မတ္လ ၂၁ ရက် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ Geoge Washington တက္ကသိုလ် မြန်မာ့အရေးဆွေးနွေးပွဲတခုမှာ ခုလိုပြောဆိုခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု စုစည်း ညီညွတ် အားကောင်းလာဖို့မှာ အမျိုးသမီးတွေဟာ ဘယ်လိုအရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေ အားလုံးပါဝင္တဲ့ စုစည်းညီညွတ်တဲ့ အင်အားစု တရပ် တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်ကြတဲ့ နေရာမွာ တိုင်းပြည်လူဦးရေ တဝက်ဝန်းကျင်ရှိတဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို ထည့်သွင်း စဉ်းစားပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွေးခေါ် ယူဆပုံမတူကြသလို၊ အေရးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အမြင်၊ အမျိုးသမီးတွေရဲ့ ကိုယ်စားပြု ပါဝင်မှုက အေရးကြီးတယ်လို့ George Washington တက္ကသိုလ်၊ Elliott School နိုင်ငံတကာရေးရာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ Christina Fink က ပြောပါတယ်။

Christina Fink “အားလုံး စုစည်း ပါဝင်နိုင်တာမျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသားနဲ့ အမျိုးသမီး ပါဝင်တဲ့အခန်းကဏ္ဍတွေ မတူကြပါဘူး။ နိုင်ငံရေး စီးပွားရေး၊ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုတွေနဲ့ ကိုယ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ကိုင်တွယ်ကြတဲ့အခါမှာ အမျိုးသားနဲ့ အမျိုးသမီး စဉ်းစား တွေးခေါ် လုပ်ဆောင်ပုံ မတူကြပါဘူး။ ဆိုတော့ ဒီလိုအေရးကိစ္စေတြမွာ အမျိုးသားတွေပဲ ပါဝင်နေမယ် ဆိုရင် တဝက် လစ်ဟာနေသလို ဖြစ်နေပါလိမ့်မယ်။ မပြည့်စုံနိုင်ပါဘူး။ လက်ရှိ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပြန်ကြည့်ရင် အမျိုးသမီးတွေဟာ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ တချိန်တည်းမှာပဲ တဘက်မှာလည်း အိမ်ထောင့်တာဝန်တွေ၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတာတွေလည်း ရှိပါတယ်။ ဒါတွေက အမျိုးသမီးတွေ လုပ်ရမယ့်တာဝန်တွေ ဆိုတဲ့ အမြင်တွေ ရှိနေတာကြောင့်ပါ။ ဒါကြောင့် ဒီလိုအမြင်တွေကို ပြောင်းပြီး ဒါဟာ အားလုံး ခွဲဝေတာဝန်ယူလို့ရတဲ့ ကိစ္စေတြ ဖြစ်တယ် ဆိုတာကို နားလည် လက်ခံပြီး အမျိုးသမီးတွေ အနေနဲ့ ဒီလို အိမ်တွင်းကိစ္စတွေတင် မဟုတ္ဘဲ ဆုံးဖြတ်ချက်ချမယ့် နေရာတွေမှာ ပိုမို ပါဝင်လို့ရအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို ဒီလှုပ်ရှားမှုတခုလုံး အနေနဲ့ နည်းလမ်း ရှာကြရပါမယ်။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ George Washington တက္ကသိုလ် မြန်မာ့အရေးဆွေးနွေးပွဲ (မတ် ၂၁၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ George Washington တက္ကသိုလ် မြန်မာ့အရေးဆွေးနွေးပွဲ (မတ် ၂၁၊ ၂၀၂၃)

လွန်ခဲ့တဲ့ နှစ်၂၀လောက်က လှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင် လက်ရှိ နွေဦးတော်လှန်ရေး ကာလမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဦးဆောင္မှုကဏ္ဍမွာ အသိအမှတ်ပြု ခံရမှုတြေ အရင်ထက် ပိုတွေ့လာရပေမဲ့၊ လိုအပ်ချက်တွေကတော့ ရှိနေဆဲပဲလို့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ မခင်လေးက ပြောပါတယ်။

မခင်လေး။ ။ “လက်ရှိအခြေအနေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အရင်ကထက်တော့ ပိုပြီး မြှင့်တင်ပေးလာတယ်။ ပိုပြီးတော့ အသိအမှတ်ပြု ဖိတ်ခေါ်ပေးလာတာ ရှိပေမဲ့ အားရေလာတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ အဲ့ဒါ ဘာလဲ ဆိုတော့ အမျိုးသမီးတွေရဲ့ လုပ်နိုင် ကိုင်နိုင်စွမ်း၊ စွမ်းဆောင်ရည်၊ သူတို့ရဲ့အသံတွေကို သေသေချာချာ ထည့်သွင်း စဉ်းစားပြီးတော့ လေးလေးစားစားနဲ့ အသိအမှတ်ပြုပြီး ပါဝင် လုပ်ကိုင်နိုင်ခွင့်မှာတော့ အားနည်းသေးတယ်လို့ မြင်တယ်။ ဒါကလည်း ကျမတို့ကလည်း အရမ်းတော့ လောဘ မကြီးပါဘူး။ ရှေ့မှာဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်း အစဉ်အလာတွေ အရ နေ့ချင်းညချင်း တခုခုကို ချက်ချင်း အပြောင်းအလဲ လိုချင်လို့တော့ မရဘူး။ ဒါပေမဲ့ ကျမတို့က မရေပမဲ့ ရအောင်ကြိုးစားမယ်။ တဘက်ကလည်း အခြားသောအင်အားစုတွေနဲ့ အမျိုးသားတွေပဲဖြစ်ဖြစ်၊ အခြားသူတွေကလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ဒီထက်ပိုပြီးတော့ အဓိပ္ပါယ်ရှိရှိ ပါဝင်မှုဖြစ်အောင် တန်ဖိုးထားမယ်ဆိုရင်တော့ ကျမတို့ လိုချင်တဲ့အခြေအနေ အဖြေတခုကတော့ ရမယ်လို့ ကျွန်မကတာ့ မျှော်လင့်ပါတယ်။”

ဒီလိုလိုအပ်တဲ့ အခြေအနေတခု ရောက်လာဖို့၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုလာဖို့အတွက် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အများကြီး ပိုပြီး အားစိုက် လုပ်ဆောင်ကြရသလို၊ ရှေ့ဆက်မှာလည်း ကြိုးပမ်းသွားရဦးမှာ ဖြစ်တယ်လို့ မခင်လေးက ပြောပါတယ်။

အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ မခင်လေး
အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ မခင်လေး

“အဲ့လို အသိအမှတ်ပြုတယ် ဆိုတာကလည်း ဒီအတိုင်းကြီးတော့ အသိအမှတ်ပြုတာ မဟုတ်ဘူး။ ကျမတို့ အမျိုးသမီးတွေဟာ ပိုပြီးတော့ ကြိုးစားရတယ်။ ပိုပြီးတော့ ပင်ပန်းကြတယ်။ ဥပမာအားဖြင့် အန္တရာယ်ရှိတဲ့ထဲကိုမှ ပိုပြီးတော့ စွန့်စားပြီး position နေရာတခုရေအောင်ဖြစ်ဖြစ်၊ ဒီအသံတွေ ထွက်နိုင်အောင်ပဲ ဖြစ်ဖြစ် ပို ကြိုးစားကြရပါတယ်။ အဲ့ဒီဟာကို ကျမတို့က တကယ်ပီပီပြင်ပြင်နဲ့ အဓိပ္ပါယ်ရှိရှိ ခေါင်းဆောင်မှု နေရာတွေမှာ မူဝါဒချမှတ်တဲ့ နေရာတွေမှာ ပိုပြီးတော့ သူတို့ရဲ့အသံတွေ ပါဝင်နိုင်ဖို့အတွက်ကတော့ ကြိုးစားရဦးမယ်။ အားမရသေးဘူးလို့ တော့ ပြောလို့ရတာပေါ့။”

လူ့အဖွဲ့အစည်းအတွက် အေရးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်တာတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ အေရးကြီးတယ်ဆိုတာကို အမျိုးသား အမျိုးသမီး အားလုံးက အသိအမှတ်ပြု လက်ခံဖို့ လိုတဲ့အကြောင်း ပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြပြောဆိုနေကြတာပါ။

အမျိုးသမီးတွေ ပါဝင်တဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုတွေဟာ ရေရှည်မှာ ပိုမိုအောင်မြင်တဲ့ သာဓတွေ နိုင်ငံတကာမှာ ရှိထားတာကိုလည်း သူတို့က ထောက်ပြပါတယ်။ မြန်မာနိုင်ငံမှာလည်း မြို့နယ် ဒေသတချို့မှာ အမျိုးသမီးတွေ အုပ်ချုပ်ရေးပိုင်း ဦးဆောင်မှုနေရာယူလာကြတဲ့အခါ အမျိုးသားတွေနဲ့မတူတဲ့ ဆုံးဖြတ်လုပ်ဆောင်ပုံတွေ တေ့ရတယ်လို့ ကုလသမဂ္ဂရဲ့ လေ့လာ ဆန်းစစ်မှုတခုကို ထောက်ပြပြီး ပါမောက္ခ Christina Fink က ခုလို ပြောပါတယ်။

George Washington တက္ကသိုလ်၊ Elliott School နိုင်ငံတကာရေးရာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ Christina Fink
George Washington တက္ကသိုလ်၊ Elliott School နိုင်ငံတကာရေးရာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ Christina Fink

“၂၀၁၀ ပြည့်လွန်ကာလက မြန်မာနိုင်ငံမှာလုပ်တဲ့ ကုလသမဂ္ဂရဲ့ လေ့လာဆန်းစစ်မှုတခုက အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အမျိုးသမီးတွေ ဦးဆောင္မှု တာဝန်ယူတဲ့အခါ သူတို့ ဦးဆောင်တဲ့ပုံစံက အမျိုးသားတွေနဲ့ အနည်းငယ် ကွဲပြားနေတာကို တွေ့ရပါတယ်။ ဥပမာ မြို့နယ်အုပ်ချုပ်ရေး အဆင့်မှာ အမျိုးသမီးတယောက် ဦးဆောင်တယ်ဆိုရင် အဲ့ဒီမြို့နယ်ရဲ့ စားနပ်ရိက္ခာ ဖူလုံရေး၊ ရေ ရရှိရေးနဲ့ အခြေခံ အေဆာက်အုံ တည်ဆောက်ရေးလို ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို အဓိက အာရုံစိုက် ဆောင်ရွက်တာ တွေ့ရပြီး အမျိုးသားတွေကတော့ ဥပဒေနဲ့ ညွှန်ကြားချက် ချမှတ်တဲ့ကိစ္စတွေကို ပိုပြီး အလေးထားကြတာ တွေ့ရပါတယ်။ အမျိုးသမီးတွေက ဆုံးဖြတ်ချက် မချခင်မှာ လူတွေရဲ့ အမြင်တွေကို နားထောင်ပြီး မတူကွဲပြားတဲ့ အယူအဆတွေကို ပြန်လည် စုစည်းပြီးမှ ချမှတ်တာတွေ့ရပြီး အမျိုးသားတွေကတော့ သူတို့ယုံကြည်တာကိုပဲ အာဏာရှင်ဆန်ဆန် ဆုံးဖြတ် လုပ်ဆောင်တာ တွေ့ရပါတယ်။ ဒီမတူညီတဲ့ နည်းလမ်း ၂ ခုမှာ ဘယ်တခုကတာ့ ပိုကောင်းတယ်လို့ ကျမပြောလိုတာ မဟုတ်ပါဘူး။ ဒီလို မတူညီတဲ့ စဉ်းစား ဆောင်ရွက်ပုံနှစ်မျိုး ပေါင်းစပ်ပြီး လိုအပ်ချက်နဲ့အညီ ဆုံးဖြတ် လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ တခါတရံ အလျင်အမြန် ဆုံးဖြတ် ဆောင်ရွက်ဖို့ လိုအပ်တာရှိသလို၊ အမျိုးသမီးတွေရဲ့ အမြင် တွေးခေါ် ယူဆပုံတွေကို ထည့်သွင်း စဉ်းစားဖို့လည်း လိုပါတယ်။ ဒါက ဒီလှုပ်ရှားမှု အောင်မြင်ဖို့အတွက် အရေးကြီးပါတယ်။”

ဦးဆောင်ကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုဟာ အမျိုးသားတွေနည်းတူ တန်းတူ ရှိတာကို အမျိုးသားတွေ လက်ခံအသိအမှတ်ပြုပြီး မြန်မာ့အေရး ဖြေရှင်းရာမှာ ဒီအချက်ကို အလးထား စဉ်းစားရမယ်။ အမျိုးသမီးတွေ ပိုမို ပါဝင်လာအောင် နေရာပေးသင့်တယ်လို့လည်း ပါမောက္ခ Christina Fink က ပြောပါတယ်။ အမျိုးသမီးတိုင်း ခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်ပေမဲ့၊ ခေါင်းဆောင်ကောင်းဖြစ်နိုင်တဲ့ အမျိုးသမီးတွေ အများအပြား ရှိနေတယ်လို့လည်း သူကပြောပါတယ်။ ဒီလိုအမျိုးသမီးတွေ အတွက် တန်းတူ အခွင့်အလမ်းတွေ လမ်းဖွင့်ပေးထားရလိမ့်မယ်လို့ ပါမောက္ခ Christina Fink က ပြောပါတယ်။

“အမျိုးသမီးတိုင်း ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ်လို့တော့ တွက်လို့မရပါဘူး။ ဒါပေမဲ့ လူမှုအဖွဲ့အစည်း အတွင်းမှာ အမျိုးသား အမျိုးသမီး မခွဲခြားဘဲ အားလုံး တန်းတူ ပါဝင်ခွင့် အခွင့်အလမ်း ရှိဖို့နဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အင်မတန်တော်တဲ့ ခေါင်းဆောင်ကောင်းဖြစ်လာနိုင်တဲ့ အမျိုးသမီးတွေ ရှိကြပါတယ်။ ဒီအမျိုးသမီးတွေ အနေနဲ့ သူတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှာ၊ အဆိုးမြင် အပုပ်ချမှာတွေကို စိုးရိမ်ပူပန်နေရပြီး ဦးဆောင်တဲ့နေရာ မယူချင်တာမျိုး မဖြစ်သင့်ပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အမျိုးသမီးတွေကို နှောက်ယှက်စော်ကားတဲ့ အခြေအနေတွေ ရှိခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေတွေကို ပြောင်းလဲပစ်ရမယ်ဆိုတာကို နားလည် လက္ခံဖို့ လိုပါတယ်။ လူတိုင်းက ကိုယ်စွမ်းဆောင်နိုင်တဲ့ တထောင့်တနေရာကနေ ပါဝင် ဆောင်ရွက်ခွင့် ရမယ်ဆိုရင် အကောင်းဆုံး အောင်မြင်မှုတွေဖြစ်လာမှာပါ။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ George Washington တက္ကသိုလ် မြန်မာ့အရေးဆွေးနွေးပွဲ (မတ် ၂၁၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ George Washington တက္ကသိုလ် မြန်မာ့အရေးဆွေးနွေးပွဲ (မတ် ၂၁၊ ၂၀၂၃)

လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရှေ့ရောက်သင့်သလောက် မေရာက္တာဟာ ဒီလိုအေရးပါတဲ့ အခန်းကဏ္ဍမှာရှိတဲ့ အမျိုးသမီးတွေ၊ လူငယ် အင်အားစုတွေ၊ သူတို့ရဲ့ လုပ်ကိုင်နိုင်ရည် စွမ်းအားတွေကို အပြည့်အဝ အသုံးမချနိုင်တာကြောင့်ပါလား။ ဒီလိုအင်အားစုတွေကို ခုလို အချိန်မျိုးမှာမှ နေရာမပေးရင် ရည်မှန်းချက်တွေ ရှေ့ရောက်ပါဦးမလား။ မခင်လေးကတော့ ခုလို ပြောပါတယ်။

မခင်လေး။ ။ “ခုနကမေးသလိုပဲပေါ့။ ဒီအချိန်မှာမှ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှု၊ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြု ပြီးတော့ တန်းတူပါဝင်နိုင်ခွင့်ကို အကောင်အထည် မဖော်ဘူး ဆိုရင် ကျမတို့ ဘယ်အချိန်မှာ အကောင်အထည် ဖော်မှာလဲ ဆိုတာ မေးခွန်း ထုတ်စရာဖြစ်တယ်။ အခုအချိန်ဟာ ကျမတို့ အနာဂတ် မြန်မာပြည်ကို တည်ဆောင်နေကြတဲ့ အချိန် ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ကျမတို့က အမျိုးသား၊ အမျိုးသမီး၊ လိင်စိတ်ခံယူမှု ကွဲပြားသူ၊ အခြား နောက်ခံအခြေအနေ မတူတဲ့သူတွေ အားလုံးရဲ့ အသံတွေ။ သူတို့ရဲ့ လုပ်ဆောင်နိုင်မှုတွေ၊ စွမ်းဆောင်ရည်တွေကိုမှ အသုံးမချရင် ကျမတို့က ဘယ်အချိန်မှာ အသုံးချမလဲ။ ငါက သာတယ်။ ငါက လုပ်နိုင်တယ်။ ဒီအစုအဖွဲ့က ပိုပြီးတော့ စွမ်းဆောင်ရည် မြင့်တယ်ဆိုတဲ့ စိတ်မျိုး ထားရင်တော့ ကျမတို့ အနာဂတ်နိုင်ငံကို ဘယ်လိုမှတည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဆိုတော့ ဒီစစ်တပ် ပြုတ်ကျသွားတောင်မှ ကျမတို့ ရှေ့လျှောက် ဒီထက်ပိုဆိုးတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရနိုင်တယ်။ ဒါကြောင့် ကျမတို့အားလုံးဟာ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်က အမြင်တွေ ပြောင်းဖို့ လုပ်ရမယ်။ အဲ့ဒီအမြင်တွေက ကိုယ့်ဟာကိုယ် ပြောင်းရမှာ ဖြစ်ပါတယ်။ ဘယ်သူကမှ လာပြောင်းပေးလို့ မရဘူး။ အဲ့ဒါကြောင့် ဒီအချိန်ဟာ အားလုံး အမြင်တွေ ပြောင်းပြီးတော့ အားလုံးဟာ တန်းတူ ပါဝင် လုပ်ဆာင်နိုင်ရင် ကျမတို့ အနာဂတ် နိုင်ငံကို သာယာလှပအောင် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားမယ်ဆိုရင်တော့ မကြာခင်မှာ ကျမတို့ တန်းတူညီတူ ပါဝင်ခွင့်ရှိကြတဲ့ လှပတဲ့ နိုင်ငံကို ရရှိမယ်လို့ ကျမတော့ မျှော်လင့်ပါတယ်။”

ဒီလို အနာဂတ် မျှော်မှန်းချက်တွေနဲ့ လွပတဲ့ နိုင်ငံတခု ဖြစ်လာဖို့မှာတော့ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ကြရမွာ ျဖစ်သလို၊ တန်းတူညီမျှ ပါဝင်ခွင့်ကို လေးစား အသိအမှတ်ပြုပြီး တိုးတက်တဲ့အတွေးအခေါ်သစ်တွေနဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်မှသာ အောင်မြင်မှုနိုင်မှာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

အာဏာရှင်ဆန့်ကျင်ရေး ရှေ့တန်းက အမျိုးသမီးထု စွမ်းအား
please wait

No media source currently available

0:00 0:09:54 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG