[Unicode]
စစ်ဘေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ အိမ်ထောင်ရှင်အလှမယ် (အမျိုးသမီးကဏ္ဍ)
မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေ အတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပိုမို ရရှိအောင် သြစတြေးလျအစိုးရကို နှိုးဆော်တိုက်တွန်းနေသလို၊ ထိုင်း- မြန်မာနယ်စပ်က စစ်ဘေး ဒုက္ခသည်တွေကိုလည်း ကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး အားပေးစကား ပြောဆိုခဲ့တယ်လို့ သြစတြေးလျ အိမ်ထောင်ရှင် အလှမယ်၊ Charity Queen သရဖူဆုရှင် မဆိုဖီယာဆာကစ် က ပြောပါတယ်။ မြန်မာ့အရေးကို သြစတြေးလျအစိုးရက ပိုပြီး ထိထိရောက်ရောက် ကူညီ ပံ့ပိုးပေးဖို့ ဆက်ပြီး တောင်းဆိုသွားမယ်လို့လည်း သူက ပြောပါတယ်။ သိပ်ကြာခင်ကပဲ ထိုင်း-မြန်မာ နယ်စပ်ကို သွားရောက်ခဲ့တဲ့ အိမ်ထောင်ရှင်အလှမယ် မဆိုဖီယာဆာကစ်ကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းပြီး ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
===================================
[Zawgyi]
စစ္ေဘးဒုကၡသည္ေတြကို သြားေရာက္ေတြ႔ဆံုခဲ့တဲ့ အိမ္ေထာင္ရွင္အလွမယ္ (အမ်ိဳးသမီးက႑)
ျမန္မာႏိုင္ငံက စစ္ေဘးဒုကၡသည္ေတြ အတြက္ လိုအပ္ေနတဲ့ လူသားခ်င္းစာနာမႈ အကူအညီေတြ ပိုမို ရရွိေအာင္ ၾသစေၾတးလ်အစိုးရကို ႏႈိးေဆာ္တိုက္တြန္းေနသလို၊ ထိုင္း- ျမန္မာနယ္စပ္က စစ္ေဘး ဒုကၡသည္ေတြကိုလည္း ကိုယ္တိုင္ သြားေရာက္ ေတြ႕ဆုံၿပီး အားေပးစကား ေျပာဆိုခဲ့တယ္လို႔ ၾသစေၾတးလ် အိမ္ေထာင္ရွင္ အလွမယ္၊ Charity Queen သရဖူဆုရွင္ မဆိုဖီယာဆာကစ္ က ေျပာပါတယ္။ ျမန္မာ့အေရးကို ၾသစေၾတးလ်အစိုးရက ပိုၿပီး ထိထိေရာက္ေရာက္ ကူညီ ပံ့ပိုးေပးဖို႔ ဆက္ၿပီး ေတာင္းဆိုသြားမယ္လို႔လည္း သူက ေျပာပါတယ္။ သိပ္ၾကာခင္ကပဲ ထိုင္း-ျမန္မာ နယ္စပ္ကို သြားေရာက္ခဲ့တဲ့ အိမ္ေထာင္ရွင္အလွမယ္ မဆိုဖီယာဆာကစ္ကို မခင္ျဖဴေထြးက ဆက္သြယ္ ေမးျမန္းၿပီး ဒီသတင္းပတ္ အမ်ိဳးသမီးက႑မွာ တင္ဆက္ထားပါတယ္။