[Unicode]
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အခက်အခဲ (အမျိုးသမီးကဏ္ဍ)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ အမျိုးသမီးတွေ အပေါ် ပစ်မှတ်ထား ဖိနှိပ်မှုတွေ သိသိသာသာ ပိုမို ဆိုးရွားလာတဲ့အကြောင်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မတ်လ ၁၃ ရက်နေ့က CSW လို့ခေါ်တဲ့ အမျိုးသမီးများဆိုင်ရာ အခြေပြညီလာခံ ဆွေးနွေးပွဲတွေအတွင်း သတင်းစာရှင်းလင်းပွဲတခုမှာ မြန်မာအမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေ ထောက်ပြခဲ့ကြတာပါ။ ဘယ်လို ဖိနှိပ်မှုပုံစံတွေ ကြုံကြရတာပါလဲ။ ဘာကြောင့် ပိုမို ဆိုးရွားလာတယ်လို့ ထောက်ပြကြတာပါလဲ။ မတ်လ ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တဦးလည်းဖြစ်၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ ဦးဆောင်အကြံပေး အဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ နော်ဆဲဆဲ ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
==================================================
[Zawgyi]
လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူ အမ်ိဳးသမီးေတြ ရင္ဆိုင္ရတဲ့ အခက္အခဲ (အမ်ိဳးသမီးက႑)
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းထားတဲ့ ၂ ႏွစ္တာ ကာလအတြင္း အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားသူေတြ၊ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္တဲ့ အမ်ိဳးသမီးေတြ အေပၚ ပစ္မွတ္ထား ဖိႏွိပ္မႈေတြ သိသိသာသာ ပိုမို ဆိုး႐ြားလာတဲ့အေၾကာင္း အမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ မတ္လ ၁၃ ရက္ေန႔က CSW လို႔ေခၚတဲ့ အမ်ိဳးသမီးမ်ားဆိုင္ရာ အေျချပညီလာခံ ေဆြးေႏြးပြဲေတြအတြင္း သတင္းစာရွင္းလင္းပြဲတခုမွာ ျမန္မာအမ်ိဳးသမီးေရး တက္ႂကြလႈပ္ရွားသူေတြ ေထာက္ျပခဲ့ၾကတာပါ။ ဘယ္လို ဖိႏွိပ္မႈပုံစံေတြ ႀကဳံၾကရတာပါလဲ။ ဘာေၾကာင့္ ပိုမို ဆိုး႐ြားလာတယ္လို႔ ေထာက္ျပၾကတာပါလဲ။ မတ္လ ၁၃ ရက္ေန႔က သတင္းစာရွင္းလင္းပြဲမွာ ပါဝင္ခဲ့တဲ့ အမ်ိဳးသမီးနဲ႔ လူ႔အခြင့္အေရးလႈပ္ရွားသူ တဦးလည္းျဖစ္၊ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံရဲ႕ ဦးေဆာင္အႀကံေပး အဖြဲ႕ဝင္တဦးလည္း ျဖစ္တဲ့ ေနာ္ဆဲဆဲ ကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။