သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးပိုမိုးဆိုးဝါးလာဟု ကန်အစီရင်ခံစာဖော်ပြ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်

{{Zawgyi/Unicode}}

နှစ်စဉ်ထုတ်ပြန်နေကျ အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာကို ဒီကနေ့ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာ ပိုမို ဆိုးဝါးလာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးက ပိုလို့ ဆိုးဝါးလာနေပါတယ်။ စစ်တပ်က လူအများကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်နေတာပါ။ အာဏာပိုင်တွေက ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ၄ ဦး ကို ပြီးခဲ့တဲ့နွေကသတ်ခဲ့တာအပါအဝင် လှုပ်ရှားတက်ကြွသူတွေကို ထောင်ချီ သတ်ဖြတ်ခဲ့ပါတယ်" လို့ ပြောသွားခဲ့တာပါ။

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လူ့အခွင့်အရေးအခြေအနေကိုဖော်ပြတဲ့ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအခြေအနေကိုလည်း သီးခြားဖော်ပြထားတာဖြစ်ပြီး မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ အာဏာချုပ်ကိုင်နိုင်ဖို့ အရပ်သားတွေကို အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အစီရင်ခံစာရဲ့ အမှာရေးသားထားပါတယ်။

လူ ၂,၉၀၀ ကျော်ကိုသတ်ခဲ့ပြီး အာဏာသိမ်းပြီးကတည်းက ၁၇,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မီးမောင်းထိုး ပြသွားသလို၊ ၂၀၂၂ မတ်လတုန်း က ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ တိုင်းပြည်တလွှား ဘာသာရေး အယူဝါဒအုပ်စုအသီးသီး၊ တိုင်းရင်းသားလူမျိုးအသီးသီးနဲ့ ပြည်သူလူထုအပေါ် လူသားမျိုးနွယ်တရပ်လုံးစော်ကားတဲ့ ရာဇဝတ်မှုတွေကို စစ်တပ်က ကျူးလွန်ခဲ့တယ်လို့ အမေရိကန်က သတ်မှတ်ခဲ့တာကိုလည်း ဖော်ပြသွားခဲ့ပါတယ်။ ဒီအတွက် တရားမျှဖို့နဲ့ အရေးယူဖို့ဆောင်ရွက်ရာမှာ အမေရိကန်က ကြိုးပမ်းအားထုတ်မယ့် ကတိကဝတ်ကိုလည်း ထပ်မံ ပြုသွားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ အခြား နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေအပြင် အခြား လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အစီရင်ခံစာမှာ တင်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ တရားဥပဒေနဲ့မညီ ထင်သလိုသတ်ဖြတ်တာတွေ၊ အင်အားသုံးအစဖျောက်ပစ်တာတွေ၊ ထင်သလိုဖမ်းဆီးတာတွေ၊ ပဋိပက္ခဖြစ်ပွါးနေတဲ့နေရာတွေမှာ အရပ်သားတွေကို မတော်မတရားစော်ကား၊ သတ်ဖြတ်၊ နှိပ်စက်၊ ဖမ်းဆီးပြီးအစဖျောက်ပစ်တာတွေ၊ အိုးအိမ်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ အသက်အန္တရာယ် စိုးရိမ်လောက်တဲ့ ထောင်တွင်းအခြေအနေတွေ၊ နိုင်ငံကျော်ဖြတ် တခြားနိုင်ငံမှာတောင် မြန်မာနိုင်ငံသားတွေကို လိုက်လံနှောင့်ယှက်ဖိနှိပ်နေတာတွေ၊ တရားဥပဒေနဲ့မညီ ကလေးစစ်သားစုဆောင်းနေတာတွေ၊ လူမျိုးစုတွေကို ပစ်မှတ်ထား ဖိနှိပ်တိုက်ခိုက်တာတွေ၊ အမျိုးသမီးတွေ ကို လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်တာတွေ၊ လိင်တမူကွဲနေထိုင်ကြသူတွေအပေါ် ဖိနှိပ်တာတွေ၊ အလုပ်သမားတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေအပေါ် ဖိနှိပ်နေတာတွေ၊ နိုင်ငံရေးမှာ နိုင်ငံသားတွေ ပါဝင်ခွင့်မရအောင် ကန့်သတ်ချက်တွေ အစရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု များစွာကို အစီရင်ခံစာမှာ တင်ပြသွားပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိပေမဲ့ ချိုးဖောက်သူတွေ အရေးမယူခံရတဲ့အဖြစ်ကိုလည်း ထောက်ပြသွားပါတယ်။ တချို့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပီဒီအက်ဖ်အဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုလည်း အစီရင်ခံစာမှာ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{Unicode}}









ဆက်စပ်သတင်းများ ...

XS
SM
MD
LG