သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာ ပျက်ကွက်မှု လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကုလမှာတင်ပြ 


ယခင်မှတ်တမ်းရုပ်ပုံ | ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews
ယခင်မှတ်တမ်းရုပ်ပုံ | ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews

မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အတွင်း အရပ်သား ၃၀၀၀ အသတ်ခံခဲ့ရပြီး၊ ၁ သန်း ၃ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသလို၊ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၆၀၀၀ ကျော် ရှိကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က လူ့အခွင့်အရေး ကောင်စီမှာ တနင်္လာနေ့က ပြောလိုက်တာပါ။

ဒါပေမဲ့လည်း မြန်မာ့အရေး ဖြေရှင်းရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လိုအပ်သလောက် မလုပ်တာဟာ စိတ်ပျက်စရာ ဖြစ်ရတယ်လို့လည်း ပြောဆိုခဲ့တာပါ။

မြန်မာစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို တန်ပြန်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG