သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထုဆန္ဒကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ရေရှည်အဖြေရှာဖို့ ကုလမဟာမင်းကြီး တိုက်တွန်း


{{Zawgyi/Unicode}}

အောက်ခြေအဖွဲ့အစည်းတွေကတဆင့် မြန်မာလူထုဆီကို လူသားချင်းစာနာထောက်ထားရေးအကူအညီ တိုက်ရိုက်ပေးကြပြီး လူထုဆန္ဒကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ရေရှည်တည်တံ့တဲ့အဖြေတွေရရှိအောင် မြှင့်တင်ဆောင်ရွက်ကြဖို့ ကောင်စီအဖွဲ့နိုင်ငံအားလုံးကို လူ့အခွင့်အရေး ကုလမဟာမင်းကြီးက တနင်္လာနေ့မှာ တိုက်တွန်းသွားပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး ဒုတိယနှစ်ထဲမှာ အရပ်ဘက်နေရာတွေကို စစ်တပ် က လေကြောင်းကနေ တိုက်ခိုက်တာ ၁၄၁ ရာနှုန်းတိုးလာသလို အိမ်ခြေတွေနဲ့ ရွာတွေကို မီးတိုက်တာက ၃၈၀ ရာနှုန်းပိုလာပြီး အဖျက်ဆီးခံလိုက်ရတဲ့ အိမ်ခြေက ၁,၂၀၀ ရာနှုန်းများလာတယ်လို့ ကုလသမဂ္ဂမဟာမင်းကြီးက တင်ပြသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးရဲ့ မတ်လ ၆ ရက်နေ့ မြန်မာ့အရေး အပြန်အလှန်ဆွေးနွေးပွဲမှာ မဟာမင်းကြီး Volker Türk က ခုလို ပြောလိုက်တာပါ။ မြို့တွေနဲ့ ရွာတွေမှာ အဆောက်အအုံပေါင်း ၃၉,၀၀၀ ကျော် မီးတိုက်ခံရပြီး ပြည်သူ ၁.၃ သန်းဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သူက ဆိုပါတယ်။

ကလေး ၃၈၁ ယောက်အပါအဝင် အနည်းဆုံး လူ ၁၇,၅၇၂ ယောက် အဖမ်းခံခဲ့ရပြီး ၁၃,၇၆၃ ယောက်ဟာ အကျဉ်းကျနေကြဆဲ ဖြစ်ပါတယ်။ စစ်တပ်က ဖမ်းဆီးသွားတဲ့လူ သုံးပုံတပုံကျော် သေဆုံးကြရပြီး အာဏာသိမ်းပြီးကတည်းက ကလေး ၂၄၄ ယောက်အပါအဝင် အနည်းဆုံး လူ ၂,၉၄၇ ယောက် သေဆုံးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက တင်ပြသွားပါတယ်။

မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ကို လေးစားလိုက်နာရမယ်လို့လည်း သူက ဆိုပါတယ်။

============

{{Unicode}}






XS
SM
MD
LG