=== [[ ZAWGYI ]] ===
စစ္အာဏာသိမ္း ၂ ႏွစ္အတြင္း ျမန္မာ့လူ႔အခြင့္ေရး အေျခေန ကုလတင္ျပ
ျမန္မာ စစ္တပ္ဟာ သတ္ျဖတ္မႈ၊ မတရားသျဖင့္ ဖမ္းဆီးမႈ၊ ႏွိပ္စက္ညႇဥ္းပန္းမႈ၊ စစ္အာဏာသိမ္းမႈ ဆန႔္က်င္သူေတြကို အစေဖ်ာက္တာေတြ အပါအဝင္ အၾကမ္းဖက္မႈေတြ ဆက္တိုက္လုပ္ေနၿပီး လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာႀကီးကို အဆက္မျပတ္ ဖန္တီးေနတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ႐ုံးက ေသာၾကာေန႔မွာ ေျပာဆိုလိုက္သလို ၊ စစ္တပ္ကို ဆန႔္က်င္တဲ့ လက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ က်ဴးလြန္မႈေတြကိုလည္း အစီရင္ခံ တင္ျပထားပါတယ္။
အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္၊ မတရား ဖမ္းခံထားရသူ အားလုံးကို ျပန္လႊတ္ၿပီး တာဝန္ခံမႈ တာဝန္ယူမႈ ရွိေစဖို႔နဲ႔ စာနာမႈ အကူအညီေတြ အဟန႔္အတားမရွိ ေပးအပ္ခြင့္ ရေရးကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ႐ုံးက ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံတြင္းက ပါဝင္ပတ္သက္သူ အားလုံးအေနနဲ႔ ႏိုင္ငံတကာဥပေဒေတြကို ေလးစားလိုက္နာၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။
စစ္အာဏာသိမ္းၿပီး ၂ ႏွစ္ၾကာလာခ်ိန္မွာ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားဟာ အတိုက္အခံေတြကို ေခ်မႈန္းေရးအတြက္ ေျမလွန္ စနစ္မူဝါဒကို က်င့္သုံးေနၾကတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ႐ုံးရဲ႕ ေျပာခြင့္ရ Ravina Shamdasani က ေသာၾကာေန႔မွာ ေျပာပါတယ္။
"ၿငိမ္းခ်မ္းေရးနဲ႔ ထိန္းထိန္းသိမ္းသိမ္း ရွိေစေရး ေဒသတြင္းနဲ႔ ကမာၻတလႊား ႀကိဳးပမ္းမႈအမ်ားစုကို လစ္လ်ဴရႈခံထားရတာဟာ ဝမ္းနည္းဖြယ္ ျဖစ္ပါတယ္။ ျပစ္ဒဏ္ကေန အလုံးစုံ ဆက္လက္ လြတ္ကင္းေနတာေၾကာင့္ လက္ရဲဇက္ရဲ ျဖစ္ေနတဲ့ စစ္တပ္ဟာ ႏိုင္ငံတကာ လိုက္နာရမယ့္ တာဝန္ဝတၱရားေတြနဲ႔ မူေတြကို အေရးမထားဘူးဆိုတာကို တေလွ်ာက္လုံး ျပသေနပါတယ္။ အေျခအေနပိုၿပီး ဆိုးလာေနတဲ့ ဒီအျဖစ္ဆိုးႀကီးကို အဆုံးသတ္ဖို႔အတြက္ အေရးတႀကီး လက္ေတြ႕ ေဆာင္႐ြက္ခ်က္ လိုအပ္ပါတယ္။"
ကုလသမဂၢလူ႔အခြင့္အေရး႐ုံးက မတ္လ ၃ ရက္ေန႔ ေသာၾကာေန႔ ထုတ္ျပန္တဲ့ ျမန္မာဆိုင္ရာ အစီရင္ခံစာထဲမွာ စစ္တပ္ဟာ အၾကမ္းဖက္မႈေတြ ဆက္တိုက္လုပ္ၿပီး လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာႀကီးကို အဆက္မျပတ္ ဖန္တီးေနတယ္လို႔ ေဖာ္ျပပါတယ္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီနဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း ASEAN တို႔ရဲ႕ ေတာင္းဆိုခ်က္ေတြနဲ႔ အလားတူပဲ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးကလည္း အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ၿပီး မတရား ဖမ္းခံထားရသူေတြကို ျပန္လႊတ္ေပးေရး၊ စာနာမႈအကူအညီေတြ အဟန႔္အတားမရွိ ေပးအပ္ႏိုင္ေရးနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈ ရွိေစေရးတို႔ကို အစီရင္ခံစာမွာ ေတာင္းဆိုထားပါတယ္။
စစ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ေန႔ အထိ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ျပဳစုထားတဲ့ အစီရင္ခံစာထဲမွာေတာ့ အထူးသျဖင့္ ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းနဲ႔ အေရွ႕ေတာင္ပိုင္းတို႔မွာ အၾကမ္းဖက္မႈေတြ သိသိသာသာ မ်ားလာတာကိုလည္း ေဖာ္ျပထားပါတယ္။ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း စစ္တပ္နဲ႔ ေနာက္လိုက္ေတြေၾကာင့္ အနည္းဆုံး လူေပါင္း ၂,၉၄၀ ေသဆုံးရၿပီး ဖမ္းဆီးခံရသူက ၁၇,၅၇၂ ဦး အတည္ျပဳႏိုင္ေၾကာင္း ယုံၾကည္ရတဲ့ သတင္းရင္းျမစ္ေတြကို ကိုးကား ေဖာ္ျပထားပါတယ္။ ႏိုင္ငံတဝန္း ၿမိဳ႕နယ္ေပါင္း ၃၃၀ ထဲက ၈၀ ရာခိုင္ႏႈန္း နီးပါးမွာ လက္နက္ကိုင္ ပဋိပကၡဒဏ္ သင့္ေနေၾကာင္းလည္း ေဖာ္ျပပါတယ္။ ျမန္မာဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးအႀကီးအကဲ James Rodehaver ကေတာ့ စစ္တပ္ဟာ တရားဥပေဒကို လက္နက္သဖြယ္ အသုံးခ်ေနတယ္လို႔ ေျပာဆိုလိုက္ပါတယ္။
" တရားေရးစနစ္ကို လက္နက္သဖြယ္ အသုံးျပဳေနပါတယ္။ ႏိုင္ငံေရး အတိုက္အခံေတြကို ထိန္းသိမ္းဖို႔ အတြက္ေရာ သူတို႔ကို ဆန႔္က်င္ေျပာဆိုသူေတြကို ႏွိပ္စက္ဖို႔ အတြက္ကိုေရာ သူတို႔ဟာ အက်ဥ္းေထာင္ စနစ္ကို အသုံးခ်ေနပါတယ္။ "
လက္နက္ကိုင္ အဖြဲ႕ေတြ၊ စစ္တပ္ကို လက္နက္ကိုင္ ဆန႔္က်င္သူေတြကို စားနပ္ရိကၡာ၊ ဘ႑ာေရး၊ ေထာက္လွမ္းေရးနဲ႔ လူသစ္စုေဆာင္းတာေတြ ျဖတ္ေတာက္ႏိုင္ဖို႔အတြက္ စစ္တပ္ဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ၊ လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြကို စစ္တပ္က မဆင္မျခင္ လုပ္၊ အရပ္သားေတြကို ေနရပ္ရင္းကေန ထြက္ခြာသြားေစဖို႔ ေက်း႐ြာေတြကို မီးရႈိ႕တာေတြ အပါအဝင္ ျဖတ္ေလးျဖတ္ နည္းနဲ႔ လုပ္ေနတာကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက ေျပာပါတယ္။
စစ္တပ္ဘက္က မၾကာခဏ အမ်ားဆုံးသုံးတဲ့ နည္းဗ်ဴဟာ တခုကေတာ့ ေက်း႐ြာေတြနဲ႔ ေနအိမ္ေတြကို အကြက္ဆင္ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ မီးရႈိ႕မႈျဖစ္တယ္လို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက ေဖာ္ျပပါတယ္။ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း ႏိုင္ငံတဝန္း စစ္တပ္ရဲ႕ စစ္ဆင္ေရးေတြအတြင္း မီးရႈိ႕ခံရတဲ့ ဒါမွမဟုတ္လည္း ဖ်က္စီးခံရတဲ့ အိမ္ေျခ ၃၉,၀၀၀ နီးပါး ရွိၿပီး ၊ ၂၀၂၁ ခုႏွစ္နဲ႔ ယွဥ္ရင္ အဆ ၁,၀၀၀ ေက်ာ္ တိုးလာတာ ျဖစ္တယ္လို႔လည္း ေဖာ္ျပပါတယ္။ စစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံး ေျပာခြင့္ရ Ravina Shamdasani က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။
" ေလေၾကာင္းတိုက္ခိုက္မႈ အမ်ားအျပားထဲမွာ စက္တင္ဘာလ ၁၆ ရက္ေန႔က စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္း႐ြာမွာ ရဟတ္ယာဥ္ ေလးစင္းနဲ႔ စာသင္ေက်ာင္းတခုကို ပစ္ခတ္ခဲ့တာမွာ အနည္းဆုံး ကေလးငယ္ ၆ ဦး ေသဆုံးၿပီး ၉ ဦး ဒဏ္ရာရခဲ့ပါတယ္။ စစ္သား ၆၀ ေလာက္ကို ရဟတ္ယာဥ္ေပၚကေန ေျမျပင္ကို ခ်ေပးၿပီး ႐ြာကို ဝင္ေရာက္စီနင္းခဲ့တယ္လို႔ ဆိုၿပီး ဒဏ္ရာရေနတဲ့ ကေလးေတြနဲ႔ ဆရာေတြကို ဖမ္းဆီး ေခၚေဆာင္မသြားခင္မွာ ေက်ာင္းအကူ တဦးနဲ႔ ေက်း႐ြာခံ ၅ ဦးကို သတ္ျဖတ္ခဲ့တယ္ဆိုၿပီးလည္း ေျပာၾကပါတယ္။ "
စစ္တပ္နဲ႔ စစ္တပ္နဲ႔ဆက္ႏြယ္တဲ့ ျပည္သူ႔စစ္ေတြဟာ အၾကမ္းဖက္မႈ အမ်ားစုအတြက္ တာဝန္ရွိတယ္ဆိုတာကို ယုံၾကည္ဖြယ္ အခ်က္အလက္ေတြ ရွိေၾကာင္းနဲ႔ ဒီထဲက တခ်ိဳ႕ကိစၥေတြဟာ စစ္ရာဇဝတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ ေျမာက္ႏိုင္တယ္လို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံး ေျပာခြင့္ရက ေျပာပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးရဲ႕ ၂၀၂၃ ခုႏွစ္ မတ္လထုတ္ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ အခ်က္အလက္ အစီရင္ခံစာရဲ႕ စာမ်က္ႏွာ ၃ မွာေတာ့ စစ္တပ္ဆန႔္က်င္တဲ့ လက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ ရာဇဝတ္မႈမ်ားဆိုၿပီးလည္း ေဖာ္ျပပါတယ္။ အထူးသျဖင့္ ၿမိဳ႕ျပေဒသေတြမွာ စစ္တပ္လိုလားတဲ့ ျပည္သူ႔စစ္အဖြဲ႕ဝင္ေတြ ဒါမွမဟုတ္လည္း သတင္းေပးေတြလို႔ ရႈျမင္ခံရသူေတြကို စစ္တပ္ကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ လက္နက္ကိုင္အဖြဲ႕ေတြက ပစ္မွတ္ထား သတ္ျဖတ္မႈေတြ ရွိတယ္ဆိုတဲ့ အစီရင္ခံခ်က္ေတြကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက လက္ခံရရွိေၾကာင္း ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံက အေျခအေနေတြဟာ ပိုၿပီး ျပင္းထန္ႀကီးထြားလာေနတယ္လို႔ ျမန္မာဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး႐ုံး အႀကီးအကဲ James Rodehaver က ေသာၾကာေန႔ ကုလသမဂၢ သတင္းစာရွင္းလင္းပြဲမွာ ေထာက္ျပပါတယ္။
" ျဖတ္ေလးျဖတ္ မူဝါဒကို က်င့္သုံးေနၿပီး ကိုယ့္ျပည္သူေတြအေပၚမွာ စစ္ဆင္ေနတဲ့ စစ္တပ္တခု ရွိေနတာက လူ႔အခြင့္အေရးအားလုံး ဆုတ္ယုတ္ ဆုံရႈံးမႈျဖစ္ေစတဲ့ ျပႆနာႀကီး ေပၚေပါက္ေစပါတယ္။ "
စစ္တပ္ရဲ႕ စီးပြားေရး စီမံခန႔္ခြဲမႈ လြဲေခ်ာ္တာေတြေၾကာင့္ လူထုမွာ စီးပြားေရးအၾကပ္အတည္း ႀကဳံေနရၿပီး မတ္လ ၂၀၂၀ ျပည့္ႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ ဆင္းရဲမြဲေတမႈကလည္း ႏွစ္ဆ တိုးလာတယ္လို႔ ေဖာ္ျပထားပါတယ္။
=== {{ UNICODE }} ===
စစ်အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာ့လူ့အခွင့်ရေး အခြေနေ ကုလတင်ပြ
မြန်မာ စစ်တပ်ဟာ သတ်ဖြတ်မှု၊ မတရားသဖြင့် ဖမ်းဆီးမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အစဖျောက်တာတွေ အပါအဝင် အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေပြီး လူ့အခွင့်အရေးဆိုင်ရာ ပြဿနာကြီးကို အဆက်မပြတ် ဖန်တီးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက သောကြာနေ့မှာ ပြောဆိုလိုက်သလို ၊ စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ ကျူးလွန်မှုတွေကိုလည်း အစီရင်ခံ တင်ပြထားပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်၊ မတရား ဖမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပြီး တာဝန်ခံမှု တာဝန်ယူမှု ရှိစေဖို့နဲ့ စာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့် ရရေးကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက ပါဝင်ပတ်သက်သူ အားလုံးအနေနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကြာလာချိန်မှာ စစ်ဗိုလ်ချုပ်ကြီးများဟာ အတိုက်အခံတွေကို ချေမှုန်းရေးအတွက် မြေလှန် စနစ်မူဝါဒကို ကျင့်သုံးနေကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ပြောခွင့်ရ Ravina Shamdasani က သောကြာနေ့မှာ ပြောပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိစေရေး ဒေသတွင်းနဲ့ ကမ္ဘာတလွှား ကြိုးပမ်းမှုအများစုကို လစ်လျူရှုခံထားရတာဟာ ဝမ်းနည်းဖွယ် ဖြစ်ပါတယ်။ ပြစ်ဒဏ်ကနေ အလုံးစုံ ဆက်လက် လွတ်ကင်းနေတာကြောင့် လက်ရဲဇက်ရဲ ဖြစ်နေတဲ့ စစ်တပ်ဟာ နိုင်ငံတကာ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေနဲ့ မူတွေကို အရေးမထားဘူးဆိုတာကို တလျှောက်လုံး ပြသနေပါတယ်။ အခြေအနေပိုပြီး ဆိုးလာနေတဲ့ ဒီအဖြစ်ဆိုးကြီးကို အဆုံးသတ်ဖို့အတွက် အရေးတကြီး လက်တွေ့ ဆောင်ရွက်ချက် လိုအပ်ပါတယ်။"
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက မတ်လ ၃ ရက်နေ့ သောကြာနေ့ ထုတ်ပြန်တဲ့ မြန်မာဆိုင်ရာ အစီရင်ခံစာထဲမှာ စစ်တပ်ဟာ အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ပြဿနာကြီးကို အဆက်မပြတ် ဖန်တီးနေတယ်လို့ ဖော်ပြပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN တို့ရဲ့ တောင်းဆိုချက်တွေနဲ့ အလားတူပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလည်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး မတရား ဖမ်းခံထားရသူတွေကို ပြန်လွှတ်ပေးရေး၊ စာနာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးအပ်နိုင်ရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးတို့ကို အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုစုထားတဲ့ အစီရင်ခံစာထဲမှာတော့ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ အကြမ်းဖက်မှုတွေ သိသိသာသာ များလာတာကိုလည်း ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်တပ်နဲ့ နောက်လိုက်တွေကြောင့် အနည်းဆုံး လူပေါင်း ၂,၉၄၀ သေဆုံးရပြီး ဖမ်းဆီးခံရသူက ၁၇,၅၇၂ ဦး အတည်ပြုနိုင်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြထားပါတယ်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ထဲက ၈၀ ရာခိုင်နှုန်း နီးပါးမှာ လက်နက်ကိုင် ပဋိပက္ခဒဏ် သင့်နေကြောင်းလည်း ဖော်ပြပါတယ်။ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးအကြီးအကဲ James Rodehaver ကတော့ စစ်တပ်ဟာ တရားဥပဒေကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
" တရားရေးစနစ်ကို လက်နက်သဖွယ် အသုံးပြုနေပါတယ်။ နိုင်ငံရေး အတိုက်အခံတွေကို ထိန်းသိမ်းဖို့ အတွက်ရော သူတို့ကို ဆန့်ကျင်ပြောဆိုသူတွေကို နှိပ်စက်ဖို့ အတွက်ကိုရော သူတို့ဟာ အကျဉ်းထောင် စနစ်ကို အသုံးချနေပါတယ်။ "
လက်နက်ကိုင် အဖွဲ့တွေ၊ စစ်တပ်ကို လက်နက်ကိုင် ဆန့်ကျင်သူတွေကို စားနပ်ရိက္ခာ၊ ဘဏ္ဍာရေး၊ ထောက်လှမ်းရေးနဲ့ လူသစ်စုဆောင်းတာတွေ ဖြတ်တောက်နိုင်ဖို့အတွက် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို စစ်တပ်က မဆင်မခြင် လုပ်၊ အရပ်သားတွေကို နေရပ်ရင်းကနေ ထွက်ခွာသွားစေဖို့ ကျေးရွာတွေကို မီးရှို့တာတွေ အပါအဝင် ဖြတ်လေးဖြတ် နည်းနဲ့ လုပ်နေတာကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။
စစ်တပ်ဘက်က မကြာခဏ အများဆုံးသုံးတဲ့ နည်းဗျူဟာ တခုကတော့ ကျေးရွာတွေနဲ့ နေအိမ်တွေကို အကွက်ဆင်ပြီး ကျယ်ကျယ်ပြန့်ပြန့် မီးရှို့မှုဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖော်ပြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံတဝန်း စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံရတဲ့ ဒါမှမဟုတ်လည်း ဖျက်စီးခံရတဲ့ အိမ်ခြေ ၃၉,၀၀၀ နီးပါး ရှိပြီး ၊ ၂၀၂၁ ခုနှစ်နဲ့ ယှဉ်ရင် အဆ ၁,၀၀၀ ကျော် တိုးလာတာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
" လေကြောင်းတိုက်ခိုက်မှု အများအပြားထဲမှာ စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ ရဟတ်ယာဉ် လေးစင်းနဲ့ စာသင်ကျောင်းတခုကို ပစ်ခတ်ခဲ့တာမှာ အနည်းဆုံး ကလေးငယ် ၆ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်သား ၆၀ လောက်ကို ရဟတ်ယာဉ်ပေါ်ကနေ မြေပြင်ကို ချပေးပြီး ရွာကို ဝင်ရောက်စီနင်းခဲ့တယ်လို့ ဆိုပြီး ဒဏ်ရာရနေတဲ့ ကလေးတွေနဲ့ ဆရာတွေကို ဖမ်းဆီး ခေါ်ဆောင်မသွားခင်မှာ ကျောင်းအကူ တဦးနဲ့ ကျေးရွာခံ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုပြီးလည်း ပြောကြပါတယ်။ "
စစ်တပ်နဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့ ပြည်သူ့စစ်တွေဟာ အကြမ်းဖက်မှု အများစုအတွက် တာဝန်ရှိတယ်ဆိုတာကို ယုံကြည်ဖွယ် အချက်အလက်တွေ ရှိကြောင်းနဲ့ ဒီထဲက တချို့ကိစ္စတွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရက ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ၂၀၂၃ ခုနှစ် မတ်လထုတ် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အချက်အလက် အစီရင်ခံစာရဲ့ စာမျက်နှာ ၃ မှာတော့ စစ်တပ်ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ ရာဇဝတ်မှုများဆိုပြီးလည်း ဖော်ပြပါတယ်။ အထူးသဖြင့် မြို့ပြဒေသတွေမှာ စစ်တပ်လိုလားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ဒါမှမဟုတ်လည်း သတင်းပေးတွေလို့ ရှုမြင်ခံရသူတွေကို စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပစ်မှတ်ထား သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ အစီရင်ခံချက်တွေကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက လက်ခံရရှိကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုပြီး ပြင်းထန်ကြီးထွားလာနေတယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး အကြီးအကဲ James Rodehaver က သောကြာနေ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြပါတယ်။
" ဖြတ်လေးဖြတ် မူဝါဒကို ကျင့်သုံးနေပြီး ကိုယ့်ပြည်သူတွေအပေါ်မှာ စစ်ဆင်နေတဲ့ စစ်တပ်တခု ရှိနေတာက လူ့အခွင့်အရေးအားလုံး ဆုတ်ယုတ် ဆုံရှုံးမှုဖြစ်စေတဲ့ ပြဿနာကြီး ပေါ်ပေါက်စေပါတယ်။ "
စစ်တပ်ရဲ့ စီးပွားရေး စီမံခန့်ခွဲမှု လွဲချော်တာတွေကြောင့် လူထုမှာ စီးပွားရေးအကြပ်အတည်း ကြုံနေရပြီး မတ်လ ၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင် ဆင်းရဲမွဲတေမှုကလည်း နှစ်ဆ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။