သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြၽန္းလွၿမိဳ႕အဝင္အထြက္ ပိတ္ထားလို႔ေဒသခံေတြ အခက္ေတြ႕ 


စစ္ကိုင္းတိုင္း ကၽြန္းလွျမဳိ႕

စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕နယ္ထဲက ကြၽန္းလွၿမိဳ႕အဝင္အထြက္ကို စစ္ေကာင္စီက ပိတ္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီလို ပိတ္လိုက္တာေၾကာင့္ ကြၽန္းလွၿမိဳ႕ကိုသာ အားကိုးအားထားျပဳၿပီး စားေသာက္ေနထိုင္ၾကရတဲ့ ကြၽန္းလွၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြဟာ စားေသာက္ေရးနဲ႔ က်န္းမာေရးအအပါအဝင္ အခက္အခဲေတြႀကဳံေနၾကရတဲ့အေၾကာင္း သတင္းေပးပို႔တာကို မစုျမတ္မြန္က ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ကြၽန္းလွၿမိဳ႕ အဝင္အထြက္အားလုံးကို မတ္လ ၁ ရက္ ဗုဒၶဟူးေန႔ထဲကစလို႔ ဘယ္သူမွ ဝင္ခြင့္မ‌ေပးပဲ ပိတ္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေဒသခံေတြရဲ႕ အေျပာအရ စစ္တပ္နဲ႔ ပ်ဳေစာထီးအဖြဲ႕ေတြက တားဆီးေနတာလို႔ ေျပာပါတယ္။ ၿမိဳ႕ထဲ အဝင္အထြက္ေတြကို ၃ ရက္ ပိတ္မယ္လို႔ ပ်ဴေစာထီးေတြက ေျပာတဲ့အေၾကာင္း ေဒသခံ ကိုခ်မ္းက VOA ကို ခုလိုေျပာျပပါတယ္။ ဘာလို႔ အခုလိုပိတ္တာလဲဆိုတာ ေဒသခံေတြ ဘာမွ မသိရဘူးလို႔ ေျပာပါတယ္။

“၃ ရက္ပိတ္မယ္လို႔ ၿမိဳ႕ထဲကေန သတင္းၾကားတယ္လို႔ေတာ့ ေျပာၾကတယ္ဗ်၊ ဒါေပမယ့္လည္း မေသခ်ာေလာက္ပါဘူးဗ်။ ဘယ္လိုပိတ္တာလည္းေတာ့ မသိဘူးဗ်၊ ၃ ရက္ပိတ္မယ္ ကြၽန္ေတာ္တို႔ဝင္ရင္ အဝင္ကိုမခံပါဘူးဗ်။ ၁ ရက္ေန႔ကစၿပီးေတာ့ အဲ့ေန႔က သြားတဲ့သူေတြက လုံးဝကို ပိတ္လိုက္ပါၿပီေပါ့၊ လမ္းမွာလည္း သူတို႔ရဲ႕ ပ်ဴေစာထီးဂိတ္စခန္းေတြက ရွိေသးေတာ့ အဲ့ဂိတ္ေတြက ကြၽန္းလွကိုဝင္မရေတာ့ဘူး၊ လုံးဝကို သြားမရေတာ့ပါဘူး၊ အဝင္အထြက္ပိတ္တယ္ ၃ ရက္ဆိုၿပီးေတာ့ ဒီလိုပဲ ေျပာလႊတ္လိုက္တာပါဗ်၊ ကြၽန္ေတာ္တို႔ကို တရားဝင္ေၾကညာတာမ်ိဳးလည္း ဘာမွကို မရွိပါဘူးဗ်။ ဘယ္လိုေၾကာင့္ပိတ္တယ္လို႔ကို ကြၽန္ေတာ္တို႔မသိရပါဘူး၊ ပိတ္ခ်င္လို႔ပိတ္တာေနမွာေပါ့ဗ်ာ။”

ကြၽန္းလွၿမိဳ႕ထဲမွာေတာ့ စစ္ေကာင္စီရဲ႕ ကားေတြ သြားလာ လႈပ္ရွားေနတာေတြရွိသလို ပ်ဴေစာထီးအဖြဲ႕ေတြလည္း လက္နက္ေတြပါကိုင္ၿပီး သြားလာေနတဲ့ အေျခအေနကိုလည္း ကိုခ်မ္းက ေျပာျပပါတယ္။

“ၿမိဳ႕ထဲမွာကေတာ့ လက္နက္ကိုင္ထားတဲ့ ပ်ဴေစာထီးေတြ သူတို႔ၿမိဳ႕ပတ္ပတ္လည္ကို ကင္းပတ္ေနတယ္ဗ်။ ၿပီးေတာ့ ဒီမနက္ခင္းေလာက္ကမွစၾကားတာပါဗ် သူတို႔ၿမိဳ႕ထဲမွာ ေတာ္ေတာ္အလုပ္ရႈပ္ၿပီးေတာ့မွ ကားေတြနဲ႔ ၿမိဳ႕ရဲ႕ေျမာက္ဖက္ကို ထြက္ၿပီးေတာ့မွ လုပ္ၾကတယ္လို႔လည္း ေျပာတယ္ဗ်။ ဒါလည္း ကြၽန္ေတာ္အၾကားပါဗ်၊ ကြၽန္ေတာ္ေသခ်ာေတာ့ မျမင္ရဘူး။ ဒါေပမယ့္ အထဲမွာက ကြၽန္းလွၿမိဳ႕ထဲမွာက ပ်ဴေစာထီး ေတာ္ေတာ္မ်ားမ်ားေလးလဲ ရွိတယ္၊ သူတို႔က လက္နက္ေတြကိုင္ၿပီးေတာ့ ၿမိဳ႕ထဲမွာ ေတာ္ေတာ္ေသာင္းက်န္းေနတဲ့အဖြဲ႕ပါဗ်။”

ကြၽန္းလွၿမိဳ႕နယ္တခုလုံးမွာရွိတဲ့ ေက်း႐ြာေတြ အားလုံးဟာ စီးပြားေရး စားေသာက္ေရး က်န္းမာေရးေတြအပါအဝင္ အစစအရာရာကို ကြၽန္းလွၿမိဳ႕ကိုပဲ အားကိုးေနရတာျဖစ္တဲ့အတြက္ ခုလို ကြၽန္းလွၿမိဳ႕အဝင္အထြက္ပိတ္လိုက္တာေၾကာင့္ ေဒသခံေတြ အခက္အခဲ အမ်ားႀကီး ျဖစ္ေနရပါတယ္။

“ဝင္လို႔လဲမရ ျပဳလို႔လဲမရ သူတို႔က ပိတ္ထားေတာ့ စားေရးေသာက္ေရး အခက္အခဲနဲ႔ ဒီ ၃ ရက္ဆိုလဲ ၃ ရက္ ပိတ္တယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ အေတာ္ခက္ခဲတဲ့ သူေတြေပါ့။ ဝယ္ရျခမ္းရတာကအစ အကုန္ခက္ခဲတဲ့သူေတြခ်ည္းပါပဲ။ ဒီဖက္နယ္ေတြမွာလည္း သိတဲ့အတိုင္းပါဘဲ ကြၽန္ေတာ္တို႔ဖက္ေတြမွာ စစ္ေကာင္စီက စစ္ေၾကာင္ေတြ ထိုးၿပီးေတာ့မွ လုပ္ေနၾကေတာ့ ကြၽန္ေတာ္တို႔မွာလည္း ေတာ္ေတာ္ခက္ခဲတာေတြ ရွိပါတယ္။ အဲ့အတြက္ ကြၽန္ေတာ္တို႔ ကုန္ပစၥည္းေတြက စၿပီးေတာ့မွေပါ့ဗ်ာ လူသုံးကုန္ပစၥည္းေတြကအစ အကုန္ခက္ခဲပါတယ္ဗ်ာ အဲ့ဒီကိုပဲ ကြၽန္ေတာ္တို႔က အားကိုးေနရတာဆိုေတာ့ ကြၽန္ေတာ္တို႔မွာ ဘယ္မွ သြားဝယ္လို႔မရဘူးဗ်၊ ဒီလမ္းေၾကာေလး တစ္ခုပဲ ရွိတာ။ အရင္ ႀကိဳသီရင္လဲ ကြၽန္ေတာ္တို႔ႀကိဳၿပီးေတာ့ စုေဆာင္းထားၾကမွာေပါ့ဗ်ာ။ ခုက ႀကိဳလည္း မသိရဘဲ တန္းၿပီး ပိတ္လိုက္ေတာ့ ကြၽန္ေတာ္တို႔မွာ ေတာ္ေတာ္ခက္ခဲသြားတာေပါ့။ တခ်ိဳ႕ေတြမွာ က်န္းမာေရး အေျခအေနေတြက စၿပီးေတာ့မွ မနက္ကဆို ကြၽန္ေတာ္တို႔ ႐ြာသားတစ္ေယာက္ဆိုရင္ က်န္းမာေရးနဲ႔ကေလးကို ေဆးခန္းျပရမယ္ဟာေပါ့၊ ကေလးေဆးထိုးဖို႔ ေဆးခန္းခ်ိန္းထားတဲ့ရက္ကို အဲ့ဒါကို ဒီလိုပိတ္လိုက္တာဆိုေတာ့ သူလည္း အခက္အခဲျဖစ္တာေပါ့၊ ကေလးကလည္း ေဆးမထိုးခဲ့ရဘဲ ျပန္လာခဲ့ရတာေပါ့။”

ကြၽန္းလွၿမိဳ႕နယ္အတြင္းမွာရွိတဲ့ တခ်ိဳ႕ေက်း႐ြာေတြကို စစ္တပ္က နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြဝင္သလို၊ တခ်ိဳ႕ ေနအိမ္ေတြကို မီးရႈိ႕တာေတြေၾကာင့္ ေဒသခံ႐ြာသားေတြ ထြက္ေျပး ပုန္းေရွာင္ေနၾကရတာလည္း ရွိပါတယ္။ ေလာေလာဆယ္မွာေတာ့ ကြၽန္းလွၿမိဳ႕ အဝင္အထြက္ ပိတ္ထားတဲ့အတြက္ ၿမိဳ႕နယ္ထဲက ေဒသခံေတြ ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ကျွန်းလှမြို့အဝင်အထွက် ပိတ်ထားလို့ဒေသခံတွေ အခက်တွေ့

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ထဲက ကျွန်းလှမြို့အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ပိတ်လိုက်တာကြောင့် ကျွန်းလှမြို့ကိုသာ အားကိုးအားထားပြုပြီး စားသောက်နေထိုင်ကြရတဲ့ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေဟာ စားသောက်ရေးနဲ့ ကျန်းမာရေးအအပါအဝင် အခက်အခဲတွေကြုံနေကြရတဲ့အကြောင်း သတင်းပေးပို့တာကို မစုမြတ်မွန်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့ အဝင်အထွက်အားလုံးကို မတ်လ ၁ ရက် ဗုဒ္ဓဟူးနေ့ထဲကစလို့ ဘယ်သူမှ ဝင်ခွင့်မ‌ပေးပဲ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေရဲ့ အပြောအရ စစ်တပ်နဲ့ ပျုစောထီးအဖွဲ့တွေက တားဆီးနေတာလို့ ပြောပါတယ်။ မြို့ထဲ အဝင်အထွက်တွေကို ၃ ရက် ပိတ်မယ်လို့ ပျူစောထီးတွေက ပြောတဲ့အကြောင်း ဒေသခံ ကိုချမ်းက VOA ကို ခုလိုပြောပြပါတယ်။ ဘာလို့ အခုလိုပိတ်တာလဲဆိုတာ ဒေသခံတွေ ဘာမှ မသိရဘူးလို့ ပြောပါတယ်။

“၃ ရက်ပိတ်မယ်လို့ မြို့ထဲကနေ သတင်းကြားတယ်လို့တော့ ပြောကြတယ်ဗျ၊ ဒါပေမယ့်လည်း မသေချာလောက်ပါဘူးဗျ။ ဘယ်လိုပိတ်တာလည်းတော့ မသိဘူးဗျ၊ ၃ ရက်ပိတ်မယ် ကျွန်တော်တို့ဝင်ရင် အဝင်ကိုမခံပါဘူးဗျ။ ၁ ရက်နေ့ကစပြီးတော့ အဲ့နေ့က သွားတဲ့သူတွေက လုံးဝကို ပိတ်လိုက်ပါပြီပေါ့၊ လမ်းမှာလည်း သူတို့ရဲ့ ပျူစောထီးဂိတ်စခန်းတွေက ရှိသေးတော့ အဲ့ဂိတ်တွေက ကျွန်းလှကိုဝင်မရတော့ဘူး၊ လုံးဝကို သွားမရတော့ပါဘူး၊ အဝင်အထွက်ပိတ်တယ် ၃ ရက်ဆိုပြီးတော့ ဒီလိုပဲ ပြောလွှတ်လိုက်တာပါဗျ၊ ကျွန်တော်တို့ကို တရားဝင်ကြေညာတာမျိုးလည်း ဘာမှကို မရှိပါဘူးဗျ။ ဘယ်လိုကြောင့်ပိတ်တယ်လို့ကို ကျွန်တော်တို့မသိရပါဘူး၊ ပိတ်ချင်လို့ပိတ်တာနေမှာပေါ့ဗျာ။”

ကျွန်းလှမြို့ထဲမှာတော့ စစ်ကောင်စီရဲ့ ကားတွေ သွားလာ လှုပ်ရှားနေတာတွေရှိသလို ပျူစောထီးအဖွဲ့တွေလည်း လက်နက်တွေပါကိုင်ပြီး သွားလာနေတဲ့ အခြေအနေကိုလည်း ကိုချမ်းက ပြောပြပါတယ်။

“မြို့ထဲမှာကတော့ လက်နက်ကိုင်ထားတဲ့ ပျူစောထီးတွေ သူတို့မြို့ပတ်ပတ်လည်ကို ကင်းပတ်နေတယ်ဗျ။ ပြီးတော့ ဒီမနက်ခင်းလောက်ကမှစကြားတာပါဗျ သူတို့မြို့ထဲမှာ တော်တော်အလုပ်ရှုပ်ပြီးတော့မှ ကားတွေနဲ့ မြို့ရဲ့မြောက်ဖက်ကို ထွက်ပြီးတော့မှ လုပ်ကြတယ်လို့လည်း ပြောတယ်ဗျ။ ဒါလည်း ကျွန်တော်အကြားပါဗျ၊ ကျွန်တော်သေချာတော့ မမြင်ရဘူး။ ဒါပေမယ့် အထဲမှာက ကျွန်းလှမြို့ထဲမှာက ပျူစောထီး တော်တော်များများလေးလဲ ရှိတယ်၊ သူတို့က လက်နက်တွေကိုင်ပြီးတော့ မြို့ထဲမှာ တော်တော်သောင်းကျန်းနေတဲ့အဖွဲ့ပါဗျ။”

ကျွန်းလှမြို့နယ်တခုလုံးမှာရှိတဲ့ ကျေးရွာတွေ အားလုံးဟာ စီးပွားရေး စားသောက်ရေး ကျန်းမာရေးတွေအပါအဝင် အစစအရာရာကို ကျွန်းလှမြို့ကိုပဲ အားကိုးနေရတာဖြစ်တဲ့အတွက် ခုလို ကျွန်းလှမြို့အဝင်အထွက်ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်အခဲ အများကြီး ဖြစ်နေရပါတယ်။

“ဝင်လို့လဲမရ ပြုလို့လဲမရ သူတို့က ပိတ်ထားတော့ စားရေးသောက်ရေး အခက်အခဲနဲ့ ဒီ ၃ ရက်ဆိုလဲ ၃ ရက် ပိတ်တယ်ဆိုရင် ကျွန်တော်တို့မှာ အတော်ခက်ခဲတဲ့ သူတွေပေါ့။ ဝယ်ရခြမ်းရတာကအစ အကုန်ခက်ခဲတဲ့သူတွေချည်းပါပဲ။ ဒီဖက်နယ်တွေမှာလည်း သိတဲ့အတိုင်းပါဘဲ ကျွန်တော်တို့ဖက်တွေမှာ စစ်ကောင်စီက စစ်ကြောင်တွေ ထိုးပြီးတော့မှ လုပ်နေကြတော့ ကျွန်တော်တို့မှာလည်း တော်တော်ခက်ခဲတာတွေ ရှိပါတယ်။ အဲ့အတွက် ကျွန်တော်တို့ ကုန်ပစ္စည်းတွေက စပြီးတော့မှပေါ့ဗျာ လူသုံးကုန်ပစ္စည်းတွေကအစ အကုန်ခက်ခဲပါတယ်ဗျာ အဲ့ဒီကိုပဲ ကျွန်တော်တို့က အားကိုးနေရတာဆိုတော့ ကျွန်တော်တို့မှာ ဘယ်မှ သွားဝယ်လို့မရဘူးဗျ၊ ဒီလမ်းကြောလေး တစ်ခုပဲ ရှိတာ။ အရင် ကြိုသီရင်လဲ ကျွန်တော်တို့ကြိုပြီးတော့ စုဆောင်းထားကြမှာပေါ့ဗျာ။ ခုက ကြိုလည်း မသိရဘဲ တန်းပြီး ပိတ်လိုက်တော့ ကျွန်တော်တို့မှာ တော်တော်ခက်ခဲသွားတာပေါ့။ တချို့တွေမှာ ကျန်းမာရေး အခြေအနေတွေက စပြီးတော့မှ မနက်ကဆို ကျွန်တော်တို့ ရွာသားတစ်ယောက်ဆိုရင် ကျန်းမာရေးနဲ့ကလေးကို ဆေးခန်းပြရမယ်ဟာပေါ့၊ ကလေးဆေးထိုးဖို့ ဆေးခန်းချိန်းထားတဲ့ရက်ကို အဲ့ဒါကို ဒီလိုပိတ်လိုက်တာဆိုတော့ သူလည်း အခက်အခဲဖြစ်တာပေါ့၊ ကလေးကလည်း ဆေးမထိုးခဲ့ရဘဲ ပြန်လာခဲ့ရတာပေါ့။”

ကျွန်းလှမြို့နယ်အတွင်းမှာရှိတဲ့ တချို့ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်သလို၊ တချို့ နေအိမ်တွေကို မီးရှို့တာတွေကြောင့် ဒေသခံရွာသားတွေ ထွက်ပြေး ပုန်းရှောင်နေကြရတာလည်း ရှိပါတယ်။ လောလောဆယ်မှာတော့ ကျွန်းလှမြို့ အဝင်အထွက် ပိတ်ထားတဲ့အတွက် မြို့နယ်ထဲက ဒေသခံတွေ တော်တော်လေး အခက်အခဲ ဖြစ်နေကြပါတယ်။

XS
SM
MD
LG