စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ပြဲျဖစ္ေနတဲ့ ေဒသေတြမွာ ေျမျမႇဳပ္မိုင္း အသုံးျပဳမႈေတြရွိေနတာေၾကာင့္ ေဒသခံျပည္သူေတြ ေသဆုံး ထိခိုက္မႈေတြျဖစ္ေနပါတယ္။ စစ္ေရးလႈပ္ရွားမႈေတြရွိတဲ့ စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ထဲမွာ ေဖေဖာ္ဝါရီလက ေဒသခံ ၉ ေယာက္မိုင္းနင္းမိခဲ့လို႔ ၈ တန္းေက်ာင္းသားတေယာက္ ေနရာမွာတင္ ေသဆုံးခဲ့ပါတယ္။ ေျမျမႇဳပ္မိုင္းေၾကာင့္ ကေလးငယ္ေတြအပါအဝင္ ေသဆုံးေနတဲ့အေၾကာင္း ေပးပို႔တဲ့သတင္းကို မစုျမတ္မြန္က တင္ျပပါမယ္။
စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ ေညာင္ဇင္ေက်း႐ြာမွာ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ မနက္ပိုင္းက ႐ြာသား ၄ ေယာက္နဲ႔ ကာဘိုးစံျပေက်း႐ြာကေန ေဈးလာေရာင္းတဲ့ ေဈးသည္ လင္မယား ၂ ေယာက္ မိုင္းနင္းမိခဲ့ၾကပါတယ္။ ညေနပိုင္းမွာေတာ့ သင္ေပါင္းက်င္း႐ြာက ႏြားေက်ာင္းသြားၾကတဲ့ ကေလး ၃ ေယာက္ မိုင္းနင္းမိခဲ့ၾကတာမွာ ၁ ေယာက္ကေတာ့ ေနရာမွာတင္ ေသဆုံးခဲ့တယ္လို႔ ကန႔္ဘလူေဒသတြင္း သတင္းျပန္ၾကားေရးအဖြဲ႕က ကိုအနႏၲက VOA ကို ေျပာပါတယ္။
“ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ မနက္ပိုင္းက ကာဘိုးစံျပ႐ြာကေန ေဈးလာေရာင္းတဲ့ လင္မယား ၂ ေယာက္ရယ္၊ ၿပီးေတာ့ အဲ့ဒီ ေညာင္ဇင္႐ြာထဲက အရပ္သားျပည္သူ ၃ ဦးေပါ့ဗ်ာ။ မနက္ခင္းပိုင္းမွာ ၅ ေယာက္ထိတယ္ဗ် မနက္ခင္း အေစာႀကီးေပါ့ဗ်ာ။ ၿပီးေတာ့ မနက္ ၉ နာရီခြဲေလာက္မွာ ေနာက္ထပ္တစ္ေယာက္ထပ္ထိတယ္ဗ်၊ ေညာင္ဇင္႐ြာထဲက သူကလည္း အရပ္သားပဲဗ်။ အဲ့မွာ စုစုေပါင္း ၆ ေယာက္၊ အဲ့ေန႔မွာပဲ ညေနမွာ ေညာင္ဇင္႐ြာရဲ႕ ေနာက္က ၂ ဖာလုံေလာက္ေဝးတာေပါ့ဗ်ာ။ သင္ေပါင္းက်င္း႐ြာက ကေလး ၃ ေယာက္ေပါ့ ကေလး ၃ ေယာက္က ႏြားေက်ာင္းသြားရင္းနဲ႔ မိုင္းထိတာ ညေန ၄ နာရီေလာက္မွာေလ။ အဲ့မွာပဲ ၈ တန္း ေက်ာင္းသား ကေလးတစ္ေယာက္က ေနရာမွာပဲ ဆုံးသြားတယ္လို႔ ေျပာတယ္ဗ်။ စုစုေပါင္းက အဲ့ေန႔မွာတင္ပဲ မနက္ခင္းမွ ၆ ေယာက္ ညေနပိုင္းမွာ ၃ ေယာက္ဆိုေတာ့ အဲ့ေန႔မွာတင္ ၉ ေယာက္ထိတာဗ်။ ကေလး ၃ ေယာက္ထိတာက က်န္တဲ့ ၂ ေယာက္က ညီအစ္ကို ၂ ေယာက္ေပါ့ သူတို႔က တၿပိဳင္တည္း ထိတဲ့ ပုံစံဗ်၊ အဲ့မွာလည္း ညီေလးျဖစ္တဲ့ ၄ တန္း ေက်ာင္းသားေလးက ဒဏ္ရာ ေတာ္ေတာ္ ျပင္းထန္တယ္ေပါ့ဗ်ာ။”
မိုင္းထိတဲ့ ကေလးေတြက သင္ေပါင္းက်င္း႐ြာက အသက္ ၁၅ ႏွစ္အ႐ြယ္ ေမာင္ၿဖိဳးေဝေအာင္၊ ေမာင္ပိုင္ပိုင္စိုးနဲ႔ အသက္ ၁၀ ႏွစ္အ႐ြယ္ ေမာင္တုတ္ေပါတို႔ျဖစ္ၿပီး ေမာင္ၿဖိဳးေဝေအာင္က မိုင္းထိတဲ့ ေနရမွာတင္ ေသဆုံးခဲ့တာပါ။ သူ႔ရဲ႕ ညီျဖစ္တဲ့ ေမာင္တုတ္ေပါကေတာ့ ဒဏ္ရာ အျပင္းအထန္ရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မိုင္းထိတဲ့ လူနာေတြဟာ ကန႔္ဘလူ ကုတင္ ၁၀၀ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုေျမျမႇဳပ္မိုင္းေပါက္ကြဲခဲ့တဲ့ ေက်း႐ြာေတြဘက္မွာ တိုက္ပြဲျဖစ္တာမ်ိဳး မရွိေပမဲ့ စစ္တပ္ရဲ႕စစ္ေရးလႈပ္ရွားမႈေတြေတာ့ ရွိေနပါတယ္။ ေပါက္ကြဲခဲ့တဲ့ မိုင္းေတြကို ဘယ္လိုသူေထာင္သလဲဆိုတာကိုေတာ့ အတိအက် မေျပာႏိုင္ပါဘူး။ ေဒသခံေတြ အေျပာအရေတာ့ ေညာင္ဇင္႐ြာနဲ႔ သင္ေပါင္းက်င္းေက်း႐ြာေတြဟာ ပ်ဴေစာထီးေက်း႐ြာေတြျဖစ္တယ္လို႔လည္း ဆိုပါတယ္။
“အဲဒီေန႔မွာပဲ မိုင္းထိၿပီးတဲ့ေနာက္မွာ ပ်ဴေတြက အစည္းအေဝးခ်က္ခ်င္းေကာက္လုပ္ၿပီးေတာ့ ႐ြာသူ႐ြာသားေတြကို ႐ြာျပင္ကို လုံးဝမထြက္ခိုင္းဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ လိုက္ေမးရသေလာက္ဆိုရင္ နယ္ခံေတြက ေျပာတာေပါ့ဗ်ာ နယ္ခံေတြက ေျပာတာေတာ့ ပ်ဴေတြေထာင္တာလို႔ပဲ ေျပာတာ၊ ကြၽန္ေတာ္တို႔ကေတာ့ အတည္ျပဳလို႔မရဘူးေပါ့ဗ်ာ။ ကာကြယ္ေရးအဖြဲ႕ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက လုပ္တယ္ဆိုလို႔ရွိရင္ေတာ့ ဘယ္ေနရာ ဘယ္ေနရာမသြားနဲ႔ မိုင္းေထာင္ထားတယ္ေပါ့ဗ်ာ။ ဒါေပမယ့္ ခု ေညာင္ဇင္နဲ႔ သင္ေပါင္းက်င္းနားမွာ ျဖစ္သြားတဲ့ ကိစၥကေတာ့ ဘာမွ သတိေပးထားတာမရွိဘူးေပါ့ဗ်ာ။”
ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ကတည္းက ေညာင္ဇင္႐ြာနဲ႔ သင္ေပါင္းက်င္း႐ြာက ေဒသခံေတြကို ႐ြာျပင္ကို မထြက္ၾကဖို႔ ပ်ဴေစာထီးေတြက ေျပာၿပီး ေက်း႐ြာထဲမွာ မေနရဲလို႔ ထြက္သြားတဲ့သူေတြကိုလည္း ဖမ္းဆီးမႈေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခုလို ေဒသခံျပည္သူေတြ မိုင္းထိ ေသဆုံးတာေတြ ရွိတာေၾကာင့္ ႐ြာသူ ႐ြာသားေတြကေတာ့ ေၾကာက္လန႔္ေနၾကတယ္လို႔ ကိုအနႏၲက ခုလိုေျပာပါတယ္။
“ခုရက္မွာ ေညာင္ဇင္တို႔မွာ ခုလိုျဖစ္သြားတဲ့ ေနာက္ပိုင္းမွာ သူတို႔ ႐ြာျပင္ကို မထြက္ရဲဘူးေပါ့ဗ်ာသူတို႔။ တခ်ိဳ႕ကလည္း ႐ြာမွာ မေနရဲလို႔ ထြက္သြားမယ္လုပ္တဲ့ ထိေတာင္ျဖစ္တယ္ေပါ့ေနာ။ ႐ြာထဲကေတာ့ ပ်ဴေတြက လုံးဝကို ႐ြာသူ႐ြာသားေတြကို ႐ြာထဲကေန အထြက္မခံဘူး။ ၿပီးေတာ့ တျခားေနရာေတြကိုလည္း သြားမခံဘူးလို႔ ေျပာတယ္ေပါ့ဗ်ာ။ ႐ြာသူ႐ြာသားေတြကို ခ်ဳပ္ထားတဲ့ သေဘာေပါ့ဗ်ာ။”
ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ေလာက္က ကန႔္ဘလူၿမိဳ႕နယ္ အင္းလယ္ႀကီးေက်း႐ြာကို ဝင္ခဲ့တဲ့ ျမန္မာစစ္တပ္ဟာလည္း ေက်း႐ြာက ျပန္ထြက္ခ်ိန္ လူေနအိမ္ေတြမွာ ေျမျမႇဳပ္မိုင္းေတြ ေထာင္ထားခဲ့တာေၾကာင့္ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္သြားၿပီးခ်ိန္မွာ ေဒသခံေတြ ႐ြာကို ျပန္ဝင္ခိုင္းဖို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြက မိုင္းေတြကို ရွင္းလင္းခဲ့ၾကရပါတယ္။ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြဘက္ကလည္း ေျမျမႇဳပ္မိုင္းေထာင္တာေတြရွိေပမဲ့ သူတို႔ မိုင္းေထာင္တယ္ဆိုရင္ ျပည္သူေတြကို မိုင္းရွိတဲ့ ေနရာေတြကို မသြားဖို႔ သတိေပးတယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။
{Unicode}
ကန့်ဘလူမှာ မြေမြှုပ်မိုင်းကြောင့် ရွာသားတွေ သေဆုံး ထိခိုက်
စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်း အသုံးပြုမှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေ သေဆုံး ထိခိုက်မှုတွေဖြစ်နေပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေရှိတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ ဖေဖော်ဝါရီလက ဒေသခံ ၉ ယောက်မိုင်းနင်းမိခဲ့လို့ ၈ တန်းကျောင်းသားတယောက် နေရာမှာတင် သေဆုံးခဲ့ပါတယ်။ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးနေတဲ့အကြောင်း ပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ဇင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ရွာသား ၄ ယောက်နဲ့ ကာဘိုးစံပြကျေးရွာကနေ ဈေးလာရောင်းတဲ့ ဈေးသည် လင်မယား ၂ ယောက် မိုင်းနင်းမိခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ သင်ပေါင်းကျင်းရွာက နွားကျောင်းသွားကြတဲ့ ကလေး ၃ ယောက် မိုင်းနင်းမိခဲ့ကြတာမှာ ၁ ယောက်ကတော့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ကန့်ဘလူဒေသတွင်း သတင်းပြန်ကြားရေးအဖွဲ့က ကိုအနန္တက VOA ကို ပြောပါတယ်။
“ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ကာဘိုးစံပြရွာကနေ ဈေးလာရောင်းတဲ့ လင်မယား ၂ ယောက်ရယ်၊ ပြီးတော့ အဲ့ဒီ ညောင်ဇင်ရွာထဲက အရပ်သားပြည်သူ ၃ ဦးပေါ့ဗျာ။ မနက်ခင်းပိုင်းမှာ ၅ ယောက်ထိတယ်ဗျ မနက်ခင်း အစောကြီးပေါ့ဗျာ။ ပြီးတော့ မနက် ၉ နာရီခွဲလောက်မှာ နောက်ထပ်တစ်ယောက်ထပ်ထိတယ်ဗျ၊ ညောင်ဇင်ရွာထဲက သူကလည်း အရပ်သားပဲဗျ။ အဲ့မှာ စုစုပေါင်း ၆ ယောက်၊ အဲ့နေ့မှာပဲ ညနေမှာ ညောင်ဇင်ရွာရဲ့ နောက်က ၂ ဖာလုံလောက်ဝေးတာပေါ့ဗျာ။ သင်ပေါင်းကျင်းရွာက ကလေး ၃ ယောက်ပေါ့ ကလေး ၃ ယောက်က နွားကျောင်းသွားရင်းနဲ့ မိုင်းထိတာ ညနေ ၄ နာရီလောက်မှာလေ။ အဲ့မှာပဲ ၈ တန်း ကျောင်းသား ကလေးတစ်ယောက်က နေရာမှာပဲ ဆုံးသွားတယ်လို့ ပြောတယ်ဗျ။ စုစုပေါင်းက အဲ့နေ့မှာတင်ပဲ မနက်ခင်းမှ ၆ ယောက် ညနေပိုင်းမှာ ၃ ယောက်ဆိုတော့ အဲ့နေ့မှာတင် ၉ ယောက်ထိတာဗျ။ ကလေး ၃ ယောက်ထိတာက ကျန်တဲ့ ၂ ယောက်က ညီအစ်ကို ၂ ယောက်ပေါ့ သူတို့က တပြိုင်တည်း ထိတဲ့ ပုံစံဗျ၊ အဲ့မှာလည်း ညီလေးဖြစ်တဲ့ ၄ တန်း ကျောင်းသားလေးက ဒဏ်ရာ တော်တော် ပြင်းထန်တယ်ပေါ့ဗျာ။”
မိုင်းထိတဲ့ ကလေးတွေက သင်ပေါင်းကျင်းရွာက အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးဝေအောင်၊ မောင်ပိုင်ပိုင်စိုးနဲ့ အသက် ၁၀ နှစ်အရွယ် မောင်တုတ်ပေါတို့ဖြစ်ပြီး မောင်ဖြိုးဝေအောင်က မိုင်းထိတဲ့ နေရမှာတင် သေဆုံးခဲ့တာပါ။ သူ့ရဲ့ ညီဖြစ်တဲ့ မောင်တုတ်ပေါကတော့ ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုင်းထိတဲ့ လူနာတွေဟာ ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုမြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်တာမျိုး မရှိပေမဲ့ စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေတော့ ရှိနေပါတယ်။ ပေါက်ကွဲခဲ့တဲ့ မိုင်းတွေကို ဘယ်လိုသူထောင်သလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး။ ဒေသခံတွေ အပြောအရတော့ ညောင်ဇင်ရွာနဲ့ သင်ပေါင်းကျင်းကျေးရွာတွေဟာ ပျူစောထီးကျေးရွာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အဲဒီနေ့မှာပဲ မိုင်းထိပြီးတဲ့နောက်မှာ ပျူတွေက အစည်းအဝေးချက်ချင်းကောက်လုပ်ပြီးတော့ ရွာသူရွာသားတွေကို ရွာပြင်ကို လုံးဝမထွက်ခိုင်းဘူးပေါ့ဗျာ။ ကျွန်တော်တို့ လိုက်မေးရသလောက်ဆိုရင် နယ်ခံတွေက ပြောတာပေါ့ဗျာ နယ်ခံတွေက ပြောတာတော့ ပျူတွေထောင်တာလို့ပဲ ပြောတာ၊ ကျွန်တော်တို့ကတော့ အတည်ပြုလို့မရဘူးပေါ့ဗျာ။ ကာကွယ်ရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လုပ်တယ်ဆိုလို့ရှိရင်တော့ ဘယ်နေရာ ဘယ်နေရာမသွားနဲ့ မိုင်းထောင်ထားတယ်ပေါ့ဗျာ။ ဒါပေမယ့် ခု ညောင်ဇင်နဲ့ သင်ပေါင်းကျင်းနားမှာ ဖြစ်သွားတဲ့ ကိစ္စကတော့ ဘာမှ သတိပေးထားတာမရှိဘူးပေါ့ဗျာ။”
ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက ညောင်ဇင်ရွာနဲ့ သင်ပေါင်းကျင်းရွာက ဒေသခံတွေကို ရွာပြင်ကို မထွက်ကြဖို့ ပျူစောထီးတွေက ပြောပြီး ကျေးရွာထဲမှာ မနေရဲလို့ ထွက်သွားတဲ့သူတွေကိုလည်း ဖမ်းဆီးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို ဒေသခံပြည်သူတွေ မိုင်းထိ သေဆုံးတာတွေ ရှိတာကြောင့် ရွာသူ ရွာသားတွေကတော့ ကြောက်လန့်နေကြတယ်လို့ ကိုအနန္တက ခုလိုပြောပါတယ်။
“ခုရက်မှာ ညောင်ဇင်တို့မှာ ခုလိုဖြစ်သွားတဲ့ နောက်ပိုင်းမှာ သူတို့ ရွာပြင်ကို မထွက်ရဲဘူးပေါ့ဗျာသူတို့။ တချို့ကလည်း ရွာမှာ မနေရဲလို့ ထွက်သွားမယ်လုပ်တဲ့ ထိတောင်ဖြစ်တယ်ပေါ့နော။ ရွာထဲကတော့ ပျူတွေက လုံးဝကို ရွာသူရွာသားတွေကို ရွာထဲကနေ အထွက်မခံဘူး။ ပြီးတော့ တခြားနေရာတွေကိုလည်း သွားမခံဘူးလို့ ပြောတယ်ပေါ့ဗျာ။ ရွာသူရွာသားတွေကို ချုပ်ထားတဲ့ သဘောပေါ့ဗျာ။”
ဖေဖော်ဝါရီ ၁၃ ရက်နေ့လောက်က ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာကို ဝင်ခဲ့တဲ့ မြန်မာစစ်တပ်ဟာလည်း ကျေးရွာက ပြန်ထွက်ချိန် လူနေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားပြီးချိန်မှာ ဒေသခံတွေ ရွာကို ပြန်ဝင်ခိုင်းဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းတွေကို ရှင်းလင်းခဲ့ကြရပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း မြေမြှုပ်မိုင်းထောင်တာတွေရှိပေမဲ့ သူတို့ မိုင်းထောင်တယ်ဆိုရင် ပြည်သူတွေကို မိုင်းရှိတဲ့ နေရာတွေကို မသွားဖို့ သတိပေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။