သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရး ပဋိပကၡေတြေၾကာင့္ ဖယ္ခုံမွာ ေဒသခံတခ်ိဳ႕ ေသေက်ထိခိုက္


စစ္ေကာင္စီတပ္ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ပ်က္စီးမႈျဖစ္ေနသည့္ ဖယ္ခုံျမဳိ႕နယ္ တေနရာ။ (Photo: ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ ဖယ္ခုံျမဳိ႕နယ္)

=== [[ ZAWGYI ]] ===

စစ္ေရး ပဋိပကၡေတြေၾကာင့္ ဖယ္ခုံမွာ ေဒသခံတခ်ိဳ႕ ေသေက်ထိခိုက္

ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ အေနာက္ပိုင္းမွာ စစ္ေရး ပဋိပကၡေတြေၾကာင့္ အရပ္သား ေသေက်ထိခိုက္မႈေတြ ႀကဳံခဲ့ရၿပီးေနာက္ ေထာင္ဂဏန္းရွိတဲ့ ေက်း႐ြာသားေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္တပ္ရဲ႕ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ အရပ္သား ေသဆုံးမႈေတြထဲမွာ အ႐ြယ္မေရာက္ေသးသူေတြလည္း ပါဝင္တယ္လို႔ ေျပာပါတယ္။ ဒီရက္ပိုင္းအတြင္း စစ္ေရးတင္းမာေနတဲ့ ဖယ္ခုံေဒသက အေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္က သတင္းေပးပို႔ထားတာကို မသိဂႌထိုက္ ေျပာျပေပးမွာ ျဖစ္ပါတယ္။

စစ္ေရးတင္းမာေနတဲ့ ဖယ္ခုံၿမိဳ႕နယ္ အေနာက္ပိုင္းမွာ ဒီရက္ပိုင္းအတြင္း စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ ေသေက်ထိခိုက္မႈေတြ ရွိေနသလို၊ ႐ြာသား ေတာ္ေတာ္မ်ားမ်ား ေဘးလြတ္ရာကို ထြက္ေျပးေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဂၤါေန႔တုန္းက ေခါင္းအိ ေက်း႐ြာအုပ္စုမွာ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲလို႔ ႐ြာသား ၂ ဦး ေသဆုံးခဲ့တာေၾကာင့္ လုံၿခဳံေရး စိုးရိမ္လာၾကတဲ့ ေဒသခံေတြ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတယ္လို႔လည္း ႐ြာခံတစ္ဦးက ေျပာပါတယ္။

“၂၈ ရက္ေန႔ကတည္းက ေရွာင္ၾကတယ္။ ဘာျဖစ္လဲဆိုရင္ ည ၇ နာရီ မိနစ္ ၄၀ မွာ ထုလာတဲ့ လက္နက္ႀကီးက်လို႔ အဲ့ဒါ ထိထားတယ္ ထိခိုက္ ေသဆုံးသူက ၂ ေယာက္ဗ်။ ဟိုဟာေပါ့ သူတို႔က တိုက္ပြဲမရွိလည္း ရမ္းထုေနတာပဲ။ လက္နက္ႀကီးကေတာ့ အၿမဲတမ္း ပုံမွန္ပဲကို ပစ္ေနတာ ည ညမဟုတ္ ေန႔ ေန႔တိုင္းပစ္တယ္။”

ဒီသီတင္းပတ္ အေစာပိုင္းမွာ ေခါင္းအိ ေက်း႐ြာနဲ႔ ၁၅ မိုင္ေလာက္ေဝးတဲ့ ေတာင္မယ့္သင္း ေက်း႐ြာတဝိုက္မွာ တိုက္ပြဲျဖစ္ၿပီးေနာက္ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာလို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္(KNDF) တပ္ရင္း ၁၁ ကေတာ့ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ ညပိုင္းမွာ စစ္ေကာင္စီက ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးေၾကာင့္ ဖယ္ခုံၿမိဳ႕နယ္ အေနာက္ျခမ္းမွာ အသက္ ၈ ႏွစ္အ႐ြယ္ ကေလးတဦး အပါအဝင္ အရပ္သား ၄ ဦး ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာလည္း ေခါင္းအိေက်း႐ြာအုပ္စုထဲက ဘုန္းႀကီးေက်ာင္းအတြင္းမွာ လက္နက္ႀကီးက်လို႔ အသက္ (၁၉)ႏွစ္နဲ႔ အသက္(၁၅)ႏွစ္အ႐ြယ္ ညီအစ္ကို ႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သတင္းထုတ္ျပန္ ထားတာပါ။

စစ္ေရးတင္းမာမႈေတြ ႀကဳံေနရတဲ့ ဖယ္ခုံၿမိဳ႕နယ္ အေနာက္ျခမ္း တျခား ေက်း႐ြာေတြက ေဒသခံေတြဟာလည္း ေဘးလြတ္ရာ ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ ႐ြာခံတစ္ဦးက ေျပာပါတယ္။

“ေရွာင္ေနရတဲ့ ႐ြာေတြကေတာ့ ၄ ၊ ၅ ၊ ၆ ႐ြာေတာ့ ေရွာင္ေနရတယ္။ အခုေလာေလာဆယ္ေတာ့ ေတာင္မဲ့သင္း၊ လုံျပင္၊ လမ္းနိမ္၊ ေတာင္ဇလုံး၊ ေျမာက္ဇလုံး အဲ့ ငါး႐ြာေပါ့၊ တိုက္ပြဲေၾကာင့္ရယ္ ၿပီးေတာ့ ဒီစစ္ေကာင္စီဘက္က လက္နက္ႀကီး ပရမ္းပတာ ထုတာေၾကာင့္ရယ္ အဲ့ဒါေတြေၾကာင့္ လန႔္ၿပီးေတာ့ အကုန္လုံး တိမ္းေရွာင္ေနရတာ။ ခန႔္မွန္းေျခအရ အဲ့ ၄ ၊ ၅ ႐ြာလုံး လူဦးေရ (၇,၀၀၀)နဲ႔ (၈,၀၀၀) ၾကားေလာက္ရွိတယ္။ အဲ့ဘက္က ႐ြာႀကီးေတြပဲ ဆိုေတာ့။ (စစ္ေကာင္စီတပ္) သူတို႔ကေတာ့ ေျပာရမယ္ဆိုရင္ ဒီ သာမန္အရပ္သားျပည္သူကို လက္နက္ႀကီးနဲ႔ ဖိအားေပးၿပီး ၿခိမ္းေျခာက္ၿပီးေတာ့မွ ပရမ္းပတာ လိုက္ထုေနတာ အဲ့လိုပဲ ယူဆပါတယ္။”

ဖယ္ခုံၿမိဳ႕နယ္က တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဖက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ စစ္ေရး ပဋိပကၡေတြအတြင္း အရပ္သားေတြ ထိခိုက္ေသေက်တဲ့ သတင္းေတြေၾကာင့္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက သတိေပးတာေတြ ရွိေနေပမဲ့လည္း တိုက္ခိုက္မႈေတြၾကား ေဒသခံေတြ ေသဆုံးတဲ့ သတင္းေတြ ဆက္လက္ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

စစ်ရေး ပဋိပက္ခတွေကြောင့် ဖယ်ခုံမှာ ဒေသခံတချို့ သေကျေထိခိုက်

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ပိုင်းမှာ စစ်ရေး ပဋိပက္ခတွေကြောင့် အရပ်သား သေကျေထိခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် ထောင်ဂဏန်းရှိတဲ့ ကျေးရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုတွေထဲမှာ အရွယ်မရောက်သေးသူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ရေးတင်းမာနေတဲ့ ဖယ်ခုံဒေသက အခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်ရေးတင်းမာနေတဲ့ ဖယ်ခုံမြို့နယ် အနောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် သေကျေထိခိုက်မှုတွေ ရှိနေသလို၊ ရွာသား တော်တော်များများ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်္ဂါနေ့တုန်းက ခေါင်းအိ ကျေးရွာအုပ်စုမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ရွာသား ၂ ဦး သေဆုံးခဲ့တာကြောင့် လုံခြုံရေး စိုးရိမ်လာကြတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့လည်း ရွာခံတစ်ဦးက ပြောပါတယ်။

“၂၈ ရက်နေ့ကတည်းက ရှောင်ကြတယ်။ ဘာဖြစ်လဲဆိုရင် ည ၇ နာရီ မိနစ် ၄၀ မှာ ထုလာတဲ့ လက်နက်ကြီးကျလို့ အဲ့ဒါ ထိထားတယ် ထိခိုက် သေဆုံးသူက ၂ ယောက်ဗျ။ ဟိုဟာပေါ့ သူတို့က တိုက်ပွဲမရှိလည်း ရမ်းထုနေတာပဲ။ လက်နက်ကြီးကတော့ အမြဲတမ်း ပုံမှန်ပဲကို ပစ်နေတာ ည ညမဟုတ် နေ့ နေ့တိုင်းပစ်တယ်။”

ဒီသီတင်းပတ် အစောပိုင်းမှာ ခေါင်းအိ ကျေးရွာနဲ့ ၁၅ မိုင်လောက်ဝေးတဲ့ တောင်မယ့်သင်း ကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း ၁၁ ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဖယ်ခုံမြို့နယ် အနောက်ခြမ်းမှာ အသက် ၈ နှစ်အရွယ် ကလေးတဦး အပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာလည်း ခေါင်းအိကျေးရွာအုပ်စုထဲက ဘုန်းကြီးကျောင်းအတွင်းမှာ လက်နက်ကြီးကျလို့ အသက် (၁၉)နှစ်နဲ့ အသက်(၁၅)နှစ်အရွယ် ညီအစ်ကို နှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ထားတာပါ။

စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ဖယ်ခုံမြို့နယ် အနောက်ခြမ်း တခြား ကျေးရွာတွေက ဒေသခံတွေဟာလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

“ရှောင်နေရတဲ့ ရွာတွေကတော့ ၄ ၊ ၅ ၊ ၆ ရွာတော့ ရှောင်နေရတယ်။ အခုလောလောဆယ်တော့ တောင်မဲ့သင်း၊ လုံပြင်၊ လမ်းနိမ်၊ တောင်ဇလုံး၊ မြောက်ဇလုံး အဲ့ ငါးရွာပေါ့၊ တိုက်ပွဲကြောင့်ရယ် ပြီးတော့ ဒီစစ်ကောင်စီဘက်က လက်နက်ကြီး ပရမ်းပတာ ထုတာကြောင့်ရယ် အဲ့ဒါတွေကြောင့် လန့်ပြီးတော့ အကုန်လုံး တိမ်းရှောင်နေရတာ။ ခန့်မှန်းခြေအရ အဲ့ ၄ ၊ ၅ ရွာလုံး လူဦးရေ (၇,၀၀၀)နဲ့ (၈,၀၀၀) ကြားလောက်ရှိတယ်။ အဲ့ဘက်က ရွာကြီးတွေပဲ ဆိုတော့။ (စစ်ကောင်စီတပ်) သူတို့ကတော့ ပြောရမယ်ဆိုရင် ဒီ သာမန်အရပ်သားပြည်သူကို လက်နက်ကြီးနဲ့ ဖိအားပေးပြီး ခြိမ်းခြောက်ပြီးတော့မှ ပရမ်းပတာ လိုက်ထုနေတာ အဲ့လိုပဲ ယူဆပါတယ်။”

ဖယ်ခုံမြို့နယ်က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ စစ်ရေး ပဋိပက္ခတွေအတွင်း အရပ်သားတွေ ထိခိုက်သေကျေတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးတာတွေ ရှိနေပေမဲ့လည်း တိုက်ခိုက်မှုတွေကြား ဒေသခံတွေ သေဆုံးတဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG