သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ၿမိဳ႕နယ္တြင္း လက္နက္ႀကီးပစ္ခတ္မႈ အရပ္သားထိခိုက္


(ယခင္ပုံေဟာင္း) ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္ ေက်းရြာေတြ ေလေၾကာင္းသံုး တုိက္ခိုက္ခံထားရပံု။ (ဓာတ္ပံု-KNDF)

ႏွစ္ဖက္ စစ္ေရးတင္းမာေနတဲ့ ကယားျပည္နယ္ ေဒသအေခၚ ကရင္နီျပည္ လြိဳင္ေကာ္ၿမိဳ႕နယ္တြင္းမွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ မေန႔က အရပ္သားထိခိုက္မႈေတြရွိေနပါတယ္။ ခုတေလာ ႀကီးႀကီးမားမား တိုက္ပြဲမရွိေပမယ့္ စစ္ေကာင္စီဖက္က လက္နက္ႀကီးေတြနဲ႔ အရပ္သားေနရာေတြကို ပစ္ခတ္သလို၊ အခုရက္ပိုင္း လြိဳင္ေကာ္-ေဘာလခဲဘက္ကို စစ္ရဟက္ယာဥ္ေတြနဲ႔ ေန႔စဥ္လိုလို လက္နက္ခဲယမ္းေတြ ရိကၡာေတြ ပို႔ေဆာင္ေနတဲ့အေၾကာင္း KNDF က ေျပာဆိုပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးပါမယ္။

ကယား(ကရင္နီ)ျပည္ တခြင္မွာ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္မႈ တိုက္ပြဲႀကီးႀကီးမားမား မရွိေပမယ့္ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ အသုံးျပဳ အၿမဲတမ္း ပစ္ခတ္ေနတာလို႔ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF) ျပန္ၾကားေရးတာဝန္ခံတစ္ဦးက ေျပာပါတယ္။

ဒါ့အျပင္ တိုက္ပြဲတည္ၿငိမ္ေနတဲ့ ခုရက္ပိုင္းေတြမွာ စစ္ေကာင္စီတပ္ေတြဟာ လြိဳင္ေကာ္-ေဘာလခဲဖက္ကို စစ္ရဟတ္ယာဥ္ေတြ အသုံးျပဳၿပီး လက္နက္ခဲယမ္းေတြနဲ႔ ရိကၡာေတြ ပို႔ေဆာင္ေနတယ္လို႔ ယူဆရေၾကာင္း၊ တစ္ရက္ကို ၃ႀကိမ္ထက္မနည္း စစ္ရဟက္ယာဥ္နဲ႔ သြားလာလႈပ္ရွားေနတာလို႔ KNDF ျပန္ၾကားေရးတာဝန္ခံတစ္ဦးက ေျပာပါတယ္။

“စစ္ေရးအေျခအေနကေတာ့ က်ေနာ္တို႔ တိုက္ပြဲျဖစ္တာေတာ့ ရွိတယ္ဗ်၊ ဒါမယ့္ ထိေတြ႕မႈက နည္းနည္းပဲေပါ့ အဲ့ထိေတြ႕ျဖစ္တာရွိတယ္၊ ၿပီးရင္ စစ္ေကာင္စီကေတာ့ ပုံမွန္ေပါ့ဗ်ာ ပုံမွန္ပဲ သူတို႔ လက္နက္ႀကီးေတြ ပစ္ခတ္တာရွိတယ္ေပါ့၊ ဒီရက္ပိုင္းမွာေတာ့ ဒီစစ္ေကာင္စီက ရဟက္ယာဥ္ေတြ သုံးၿပီးမွ လက္နက္ ခဲယမ္းေတြ ရိကၡာေတြ ပို႔ေဆာင္တာပဲ ယူဆတယ္ေပါ့ေလ ဒီလြိဳင္ေကာ္တို႔ လြိဳင္ေကာ္နဲ႔ ေဘာလခဲေပါ့ အသြားအျပန္ ေန႔စဥ္နီးပါးလုပ္ေနတယ္ေပါ့ေနာ္ ႏွစ္ရက္ သုံးရက္ရွိၿပီ။ မေန႔ကေတာ့ က်ေနာ္တို႔ တိုက္ပြဲေတာ့ မရွိဘူး၊ သို႔ေသာ္လည္းပဲ ဒီစစ္ေကာင္စီက လက္နက္ႀကီးပစ္တာမ်ိဳးရွိတယ္။ အဓိကေတာ့ လြိဳင္ေကာ္မွာေပါ့ေနာ္။”

စစ္ေကာင္စီတပ္ရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ေဖေဖာ္ဝါရီ ၂၁ ရက္ မေန႔က လြိဳင္ေကာ္ၿမိဳ႕နယ္ ေက်ာက္ႀကီး႐ြာဖက္မွာ အရပ္သားတစ္ဦး ထိခိုက္ဒဏ္ရာရရွိတယ္လို႔ KNDF က ေျပာပါတယ္။ အဲ့႐ြာတဝိုက္မွာ တိုက္ပြဲျဖစ္တာ မရွိဘူးလို႔ အတည္ျပဳ KNDF က ေျပာဆိုပါတယ္။

မေန႔က ညေန ၃နာရီေလာက္မွာ အသက္ ၅၀ အ႐ြယ္ ဦးေအာင္ေဖ ဟာ ေတာင္ယာကေနျပန္လာရင္း
ေက်ာက္ႀကီး႐ြာ တံတားအနားမွာ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲလို႔ ညာဘက္ တင္ပါး က်ည္စထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္းနဲ႔ ဒဏ္ရာရ လူနာကို လြိဳင္ေကာ္ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့တယ္လို႔ ေ႐ႊလြိဳင္ေကာ္ ပရဟိအသင္းက လူမႈကြန္ရက္ ေဖ့ဘုတ္ စာမ်က္ႏွာမွာ ဓာတ္ပုံနဲ႔အတူ ေဖာျပထားပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ စစ္ေျမျပင္သာမက အရပ္သားျပည္သူေနထိုင္တဲ့ေနရာမွာလည္း လက္နက္ႀကီးေတြနဲ႔ ေတာက္ေလွ်ာက္ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ပစ္မွတ္မခြဲဘဲ အရပ္သားေတြကိုပါ တိုက္ခိုက္တာလို႔ KNDF ေျပာခြင့္ရသူက ေျပာပါတယ္။

“လက္နက္ႀကီးလွမ္းပစ္တဲ့ ႐ြာေတြဖက္ေတာ့ တိုက္ပြဲျဖစ္တာမ်ိဳးမရွိဘူးဗ်၊ တိုက္ပြဲျဖစ္တာမရွိဘဲ စစ္ေကာင္စီက တစ္ဖက္သက္ ပစ္ေနတာမ်ိဳးေပါ့ေနာ္။ ထိေတြ႕မႈရွိတဲ့ ဖက္ေတြကေတာ့ လက္နက္ႀကီးတာေတာ့ ရွိတယ္၊ အဲ့ဖက္မွာ ေရွ႕တန္းနယ္ေျမလို႔ေျပာမွာေပါ့ေနာ္၊ တိုက္ပြဲနယ္ေျမေတြထဲမွာပဲ က်ေနာ္တို႔ အဖက္ျခမ္းမွာ စစ္ေကာင္စီတပ္စြဲမွာစိုးလို႔ က်ေနာ္တို႔အဖြဲ႕ေတြ လႈပ္ရွားေနတာေပါ့ေနာ္ လႈပ္ရွားရင္နဲ႔ နည္းနည္းေလ ထိေတြ႕မႈျဖစ္တာ အဲ့ေလာက္ပါပဲဟုတ္ အဲ့ပုံစံမ်ိဳးပဲ ဒါမယ့္ လက္နက္ႀကီးပစ္တဲ့ဟာေတာ့ တိုက္ပြဲျဖစ္တဲ့ေနရာကို ပစ္တာမ်ိဳးေတာ့ မဟုတ္ဘူး၊ တိုက္ပြဲမျဖစ္ဘူးေပါ့ေလ အဲ့႐ြာေတြက။”

လတ္တေလာ လက္နက္ႀကီးပစ္ခတ္မႈ၊ စစ္ရဟက္ယာဥ္ေထာက္ပို႔မႈနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္ပြဲတည္ၿငိမ္ေနတဲ့ဖက္မွာ ႐ြာသူ႐ြာသားတခ်ိဳ႕က ေနရပ္ျပန္ေနၾကေပမယ့္ လက္နက္ႀကီး ပစ္ခတ္သံေတြ ၾကားေနရဆဲပဲလို႔ လြိဳင္ေကာ္နယ္ ကုန္းသာ႐ြာခံတစ္ဦးက ေျပာပါတယ္။

“အခုေလာေလာေတာ့ တပ္စြဲထားတာေတာ့ ရွိေသးတယ္ေပါ့ေနာ္ ဒါမယ့္ အေျခအေန နည္းနည္းၿငိမ္ေနေသးခါက်ေတာ့ ႐ြာထဲမွာေတာ့ ျပန္လာေနလို႔ရပါၿပီး၊ ႐ြာထိက ေတာင္မွာေလ(စစ္ေကာင္စီတပ္)ရွိတယ္ေပါ့ေနာ္ ႐ြာေအာက္မွာဆိုလည္း ေဆာင္းကန္ဘက္မွာ သူတို႔ တပ္စြဲေနတုန္းပဲေပါ့ေနာ္ က်မတို႔ အဲ့ၾကာမွာေပါ့ ေနေနရတာေပါ့။ က်ေနာ္တို႔က နားစြပ္ေနရတာေပါ့ေနာ္ တကယ္လို႔ အသံ႐ြာအေပၚဖက္ ၾကားမယ္ဆိုေတာ့ က်မတို႔က ေျပးဖို႔ အဆင္သင့္ျပင္ထားတာေပ့ါေနာ္။ လက္နက္ႀကီးပစ္ခတ္သံေတာ့ ၾကားေနရတာေပါ့ေနာ္ ဒါမယ့္ က်မတို႔ နားယဥ္သြားခါက်ေတာ့ ႐ြာထဲေတာ့ မက်ဘူးဆိုေတာ့ က်မတို႔က ေလာေလာဆယ္ ႐ြာထဲမွာေတာ့ ေနႏိုင္ေသးတာေပါ့။”

ကယား(ကရင္နီ)တခြင္မွာ စစ္ေကာင္စီတပ္ရဲ႕ ႏွိပ္ကြပ္မႈေတြေၾကာင့္ စစ္ေရးပဋိပကၡျဖစ္ပြားလာတာ
ႏွစ္ႏွစ္ေက်ာ္ ရွိသြားပါၿပီ။ တိုက္ပြဲေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ စစ္ေျပးဒုကၡသည္ေတြလည္း ခုခ်ိန္ထိ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာမွာ တိမ္းေရွာင္ေနၾကၿပီး စားေရေသာက္ေရး ေဆးဝါး စတဲ့ အကူအညီေတြ လိုအပ္ေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

လွိုင်ကော်မြို့နယ်တွင်း လက်နက်ကြီးပစ်ခတ်မှု အရပ်သားထိခိုက်
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်မြို့နယ်တွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မနေ့က အရပ်သားထိခိုက်မှုတွေရှိနေပါတယ်။ ခုတလော ကြီးကြီးမားမား တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ အရပ်သားနေရာတွေကို ပစ်ခတ်သလို၊ အခုရက်ပိုင်း လွိုင်ကော်-ဘောလခဲဘက်ကို စစ်ရဟက်ယာဉ်တွေနဲ့ နေ့စဉ်လိုလို လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ပို့ဆောင်နေတဲ့အကြောင်း KNDF က ပြောဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ကယား(ကရင်နီ)ပြည် တခွင်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲကြီးကြီးမားမား မရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အသုံးပြု အမြဲတမ်း ပစ်ခတ်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတည်ငြိမ်နေတဲ့ ခုရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်-ဘောလခဲဖက်ကို စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ ပို့ဆောင်နေတယ်လို့ ယူဆရကြောင်း၊ တစ်ရက်ကို ၃ကြိမ်ထက်မနည်း စစ်ရဟက်ယာဉ်နဲ့ သွားလာလှုပ်ရှားနေတာလို့ KNDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

“စစ်ရေးအခြေအနေကတော့ ကျနော်တို့ တိုက်ပွဲဖြစ်တာတော့ ရှိတယ်ဗျ၊ ဒါမယ့် ထိတွေ့မှုက နည်းနည်းပဲပေါ့ အဲ့ထိတွေ့ဖြစ်တာရှိတယ်၊ ပြီးရင် စစ်ကောင်စီကတော့ ပုံမှန်ပေါ့ဗျာ ပုံမှန်ပဲ သူတို့ လက်နက်ကြီးတွေ ပစ်ခတ်တာရှိတယ်ပေါ့၊ ဒီရက်ပိုင်းမှာတော့ ဒီစစ်ကောင်စီက ရဟက်ယာဉ်တွေ သုံးပြီးမှ လက်နက် ခဲယမ်းတွေ ရိက္ခာတွေ ပို့ဆောင်တာပဲ ယူဆတယ်ပေါ့လေ ဒီလွိုင်ကော်တို့ လွိုင်ကော်နဲ့ ဘောလခဲပေါ့ အသွားအပြန် နေ့စဉ်နီးပါးလုပ်နေတယ်ပေါ့နော် နှစ်ရက် သုံးရက်ရှိပြီ။ မနေ့ကတော့ ကျနော်တို့ တိုက်ပွဲတော့ မရှိဘူး၊ သို့သော်လည်းပဲ ဒီစစ်ကောင်စီက လက်နက်ကြီးပစ်တာမျိုးရှိတယ်။ အဓိကတော့ လွိုင်ကော်မှာပေါ့နော်။”

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက် မနေ့က လွိုင်ကော်မြို့နယ် ကျောက်ကြီးရွာဖက်မှာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ KNDF က ပြောပါတယ်။ အဲ့ရွာတဝိုက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ အတည်ပြု KNDF က ပြောဆိုပါတယ်။

မနေ့က ညနေ ၃နာရီလောက်မှာ အသက် ၅၀ အရွယ် ဦးအောင်ဖေ ဟာ တောင်ယာကနေပြန်လာရင်း
ကျောက်ကြီးရွာ တံတားအနားမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ညာဘက် တင်ပါး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒဏ်ရာရ လူနာကို လွိုင်ကော်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ရွှေလွိုင်ကော် ပရဟိအသင်းက လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာမှာ ဓာတ်ပုံနဲ့အတူ ဖောပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်မြေပြင်သာမက အရပ်သားပြည်သူနေထိုင်တဲ့နေရာမှာလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပစ်မှတ်မခွဲဘဲ အရပ်သားတွေကိုပါ တိုက်ခိုက်တာလို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။

“လက်နက်ကြီးလှမ်းပစ်တဲ့ ရွာတွေဖက်တော့ တိုက်ပွဲဖြစ်တာမျိုးမရှိဘူးဗျ၊ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက တစ်ဖက်သက် ပစ်နေတာမျိုးပေါ့နော်။ ထိတွေ့မှုရှိတဲ့ ဖက်တွေကတော့ လက်နက်ကြီးတာတော့ ရှိတယ်၊ အဲ့ဖက်မှာ ရှေ့တန်းနယ်မြေလို့ပြောမှာပေါ့နော်၊ တိုက်ပွဲနယ်မြေတွေထဲမှာပဲ ကျနော်တို့ အဖက်ခြမ်းမှာ စစ်ကောင်စီတပ်စွဲမှာစိုးလို့ ကျနော်တို့အဖွဲ့တွေ လှုပ်ရှားနေတာပေါ့နော် လှုပ်ရှားရင်နဲ့ နည်းနည်းလေ ထိတွေ့မှုဖြစ်တာ အဲ့လောက်ပါပဲဟုတ် အဲ့ပုံစံမျိုးပဲ ဒါမယ့် လက်နက်ကြီးပစ်တဲ့ဟာတော့ တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်တာမျိုးတော့ မဟုတ်ဘူး၊ တိုက်ပွဲမဖြစ်ဘူးပေါ့လေ အဲ့ရွာတွေက။”

လတ်တလော လက်နက်ကြီးပစ်ခတ်မှု၊ စစ်ရဟက်ယာဉ်ထောက်ပို့မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ပွဲတည်ငြိမ်နေတဲ့ဖက်မှာ ရွာသူရွာသားတချို့က နေရပ်ပြန်နေကြပေမယ့် လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရဆဲပဲလို့ လွိုင်ကော်နယ် ကုန်းသာရွာခံတစ်ဦးက ပြောပါတယ်။

“အခုလောလောတော့ တပ်စွဲထားတာတော့ ရှိသေးတယ်ပေါ့နော် ဒါမယ့် အခြေအနေ နည်းနည်းငြိမ်နေသေးခါကျတော့ ရွာထဲမှာတော့ ပြန်လာနေလို့ရပါပြီး၊ ရွာထိက တောင်မှာလေ(စစ်ကောင်စီတပ်)ရှိတယ်ပေါ့နော် ရွာအောက်မှာဆိုလည်း ဆောင်းကန်ဘက်မှာ သူတို့ တပ်စွဲနေတုန်းပဲပေါ့နော် ကျမတို့ အဲ့ကြာမှာပေါ့ နေနေရတာပေါ့။ ကျနော်တို့က နားစွပ်နေရတာပေါ့နော် တကယ်လို့ အသံရွာအပေါ်ဖက် ကြားမယ်ဆိုတော့ ကျမတို့က ပြေးဖို့ အဆင်သင့်ပြင်ထားတာပေ့ါနော်။ လက်နက်ကြီးပစ်ခတ်သံတော့ ကြားနေရတာပေါ့နော် ဒါမယ့် ကျမတို့ နားယဉ်သွားခါကျတော့ ရွာထဲတော့ မကျဘူးဆိုတော့ ကျမတို့က လောလောဆယ် ရွာထဲမှာတော့ နေနိုင်သေးတာပေါ့။”

ကယား(ကရင်နီ)တခွင်မှာ စစ်ကောင်စီတပ်ရဲ့ နှိပ်ကွပ်မှုတွေကြောင့် စစ်ရေးပဋိပက္ခဖြစ်ပွားလာတာ
နှစ်နှစ်ကျော် ရှိသွားပါပြီ။ တိုက်ပွဲကြောင့် သိန်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ခုချိန်ထိ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြပြီး စားရေသောက်ရေး ဆေးဝါး စတဲ့ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

XS
SM
MD
LG