သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္- ေဘာ္လခဲ လမ္းမႀကီး ပိတ္ပင္မႈ ေဒသခံေတြ အခက္ႀကဳံ


ကယားျပည္နယ္ လိြဳင္ေကာ္ၿမဳိ႕ (photo: State Govt official)

=== [[ ZAWGYI ]] ===

လြိဳင္ေကာ္- ေဘာ္လခဲ လမ္းမႀကီး ပိတ္ပင္မႈ ေဒသခံေတြ အခက္ႀကဳံ

ကယားျပည္နယ္ (ေဒသအေခၚ ) ကရင္နီေဒသ လြိဳင္ေကာ္ - ေဘာလခဲ ကားလမ္းမ သြားလာခြင့္ ပိတ္ပင္ထားလို႔ ေဒသတြင္း ကုန္စည္စီးဆင္းဖို႔ အခက္ႀကဳံေနၿပီး၊ ကုန္ေဈးႏႈန္းေတြလည္း အဆမတန္ တက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ပြဲ အေျခအေနေတြေၾကာင့္ အဓိကလမ္းပိုင္း အသုံးမျပဳႏိုင္ခ်ိန္မွာ ခရီးကုန္က်စရိတ္ကလည္း သိန္းဂဏန္းအထိ ေဈးေပါက္ေနတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို မအိသန႔္စင္ ေျပာျပမွာပါ။

လြိဳင္ေကာ္ - စံျပ (၆) မိုင္ - ေဒါတမႀကီး - ေဘာလခဲလမ္း သြားလာခြင့္ ပိတ္ပင္ထားတာ ရက္အေတာ္ၾကာၿပီျဖစ္လို႔ ကုန္စည္စီးဆင္းဖို႔ ခက္ခဲေနၿပီး၊ ေဒသတြင္းမွာလည္း စားကုန္နဲ႔ စက္သုံးဆီေဈးေတြ တက္ေနတာပါ။ အဓိကလမ္းမႀကီး ပိတ္ထားခ်ိန္မွာ မျဖစ္မေနအေၾကာင္း ကိစၥေတြေၾကာင့္ တျခားလမ္းေတြကို အသုံးျပဳၿပီး သြားလာေနၾကတာ ရွိေပမယ့္ ခရီးၾကန႔္ၾကာသလို၊ လမ္းပိုင္းလည္း အဆင္မေျပဘူးလို႔ လြိဳင္ေကာ္ေဒသခံ တဦးက ေျပာပါတယ္။

"ကားလမ္း အေျခအေနကေတာ့ တခ်ိဳ႕ကေတာ့ ဆီးဘူး၊ လိပ္သို၊ ယာဒို အဲဒီဘက္ကေန ပတ္ၿပီးသြားေနတာေတြ ရွိတယ္ဗ်။ ကားငယ္ေတြကေတာ့ သြားလို႔မရဘူး။ ေမာ္ခ်ီး၊ ဖားေဆာင္းအေက်ာ္ အဲဒီဘက္မွာလည္း ထြက္ေပါက္လမ္းရွိတယ္။ လမ္းကၾကမ္းတယ္ဆိုေတာ့ ျဖည္းျဖည္းခ်င္း သြားမွရတာ။ ကားအျမင့္ပိုင္းေတြပဲ သြားလို႔ရမွာ။ ေရေျမာင္းေတြနဲ႔ဆိုေတာ့ ျမင့္တဲ့ကားေတြပဲ သြားလို႔ရမွာ။ ဒီကေန ပစၥည္းေတြ ဘာေတြ ပါသြားမယ္ ဆိုရင္ေတာင္မွ ျဖည္းျဖည္းခ်င္းသြားမွ ရတာေပါ့။ လမ္းေၾကာက်ေတာ့ သူက တညအိပ္ေလာက္ ျဖစ္သြားတယ္။"

လြိဳင္ေကာ္ - စံျပ (၆) မိုင္ - ေဒါတမႀကီး - ေဘာလခဲလမ္း အသုံးျပဳၿပီး ခရီးသြားလာတာကို လုံၿခဳံေရး အေျခအေနေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကုန္ ပိုင္းေလာက္ကစၿပီး ျပည္နယ္အစိုးရဘက္က ပိတ္ပင္ခဲ့တာပါ။ ကုန္စည္နဲ႔ စက္သုံးဆီယာဥ္ေတြ သြားလာႏိုင္ဖို႔အတြက္ ဇန္နဝါရီလ တတိယပတ္ေလာက္မွာ လမ္းအသုံးျပဳခြင့္ ၃ ရက္ေပးခဲ့ၿပီး၊ အခု ၁ လေက်ာ္ ၾကာလာခ်ိန္အထိ လမ္းျပန္ပိတ္ထားတယ္လို႔ ေျပာပါတယ္။

လမ္းပိတ္ထားလို႔ ဖားေဆာင္း၊ ေဘာလခဲနဲ႔ မယ္စဲ့ ဒီလို လမ္းတေလွ်ာက္မွာရွိတဲ့ ေဒသခံေတြဟာ စားေသာက္ကုန္နဲ႔ က်န္းမာေရးအတြက္ လမ္းခရီးသြားလာႏိုင္ဖို႔ အခက္ႀကဳံေနတာပါ။ ဆန္တအိတ္ကို ၁ သိန္းေက်ာ္ ေပးဝယ္ေနရၿပီး၊ လြိဳင္ေကာ္ကို သြားခ်င္သူေတြ အတြက္လည္း ခရီးစရိတ္က ၃ သိန္း ဝန္းက်င္မွာ ရွိေနပါတယ္။

"ကုန္စည္ေတြက ရွားပါးပစၥည္း ျဖစ္ေနတာေပါ့။ ဆန္တအိတ္ကို ၁ သိန္းခြဲ၊ ၂ သိန္း ဝယ္စားရတာရွိတယ္။ သြားမယ္ လာမယ္ ဆိုရင္ေတာင္မွ ၂ သိန္း၊ ၄ သိန္း အဲလိုေတြ ေဈးေပါက္ေနတာေပါ့။ အခက္အခဲေတြ ေတာ္ေတာ္ေလးေတာ့ ျဖစ္ေနပါတယ္။ တခါတေလဆို လူနာေတြက်ေတာ့လည္း တအား ဒုကၡ ေရာက္ကုန္တာေပါ့။ လမ္းေၾကာေတြက ပိတ္တဲ့အခါ က်ေတာ့ေလ။"

ကယားျပည္နယ္ (ကရင္နီ)ထဲမွာ စစ္အုပ္ခ်ဳပ္ေရးအာဏာ Martial Law သတ္မွတ္ထားတဲ့ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္ရွိေနၿပီး၊ အဲဒီထဲမွာ ေဘာလခဲၿမိဳ႕နယ္လည္း ပါဝင္ပါတယ္။ Martial Law သတ္မွတ္ၿပီးတဲ့ ၿမိဳ႕နယ္ေတြထဲမွာ စစ္ေကာင္စီဘက္က စစ္ေရးလႈပ္ရွားမႈေတြ ပိုၿပီး လုပ္ေဆာင္လာေနတယ္လို႔ သိရပါတယ္။ ျပည္နယ္အစိုးရကေတာ့ လြိဳင္ေကာ္ - ေဘာလခဲ လမ္းေၾကာင္းကို အမ်ားျပည္သူ လုံၿခဳံေရးအတြက္ ရက္အကန႔္အသတ္မရွိ ပိတ္ထားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ လမ္းပိတ္ထားတဲ့ ကာလမွာလည္း အသြားအလာ လုံးဝ မလုပ္ၾကဖို႔ကို သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

လွိုင်ကော်- ဘော်လခဲ လမ်းမကြီး ပိတ်ပင်မှု ဒေသခံတွေ အခက်ကြုံ

ကယားပြည်နယ် (ဒေသအခေါ် ) ကရင်နီဒေသ လွိုင်ကော် - ဘောလခဲ ကားလမ်းမ သွားလာခွင့် ပိတ်ပင်ထားလို့ ဒေသတွင်း ကုန်စည်စီးဆင်းဖို့ အခက်ကြုံနေပြီး၊ ကုန်ဈေးနှုန်းတွေလည်း အဆမတန် တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ အခြေအနေတွေကြောင့် အဓိကလမ်းပိုင်း အသုံးမပြုနိုင်ချိန်မှာ ခရီးကုန်ကျစရိတ်ကလည်း သိန်းဂဏန်းအထိ ဈေးပေါက်နေတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မအိသန့်စင် ပြောပြမှာပါ။

လွိုင်ကော် - စံပြ (၆) မိုင် - ဒေါတမကြီး - ဘောလခဲလမ်း သွားလာခွင့် ပိတ်ပင်ထားတာ ရက်အတော်ကြာပြီဖြစ်လို့ ကုန်စည်စီးဆင်းဖို့ ခက်ခဲနေပြီး၊ ဒေသတွင်းမှာလည်း စားကုန်နဲ့ စက်သုံးဆီဈေးတွေ တက်နေတာပါ။ အဓိကလမ်းမကြီး ပိတ်ထားချိန်မှာ မဖြစ်မနေအကြောင်း ကိစ္စတွေကြောင့် တခြားလမ်းတွေကို အသုံးပြုပြီး သွားလာနေကြတာ ရှိပေမယ့် ခရီးကြန့်ကြာသလို၊ လမ်းပိုင်းလည်း အဆင်မပြေဘူးလို့ လွိုင်ကော်ဒေသခံ တဦးက ပြောပါတယ်။

"ကားလမ်း အခြေအနေကတော့ တချို့ကတော့ ဆီးဘူး၊ လိပ်သို၊ ယာဒို အဲဒီဘက်ကနေ ပတ်ပြီးသွားနေတာတွေ ရှိတယ်ဗျ။ ကားငယ်တွေကတော့ သွားလို့မရဘူး။ မော်ချီး၊ ဖားဆောင်းအကျော် အဲဒီဘက်မှာလည်း ထွက်ပေါက်လမ်းရှိတယ်။ လမ်းကကြမ်းတယ်ဆိုတော့ ဖြည်းဖြည်းချင်း သွားမှရတာ။ ကားအမြင့်ပိုင်းတွေပဲ သွားလို့ရမှာ။ ရေမြောင်းတွေနဲ့ဆိုတော့ မြင့်တဲ့ကားတွေပဲ သွားလို့ရမှာ။ ဒီကနေ ပစ္စည်းတွေ ဘာတွေ ပါသွားမယ် ဆိုရင်တောင်မှ ဖြည်းဖြည်းချင်းသွားမှ ရတာပေါ့။ လမ်းကြောကျတော့ သူက တညအိပ်လောက် ဖြစ်သွားတယ်။"

လွိုင်ကော် - စံပြ (၆) မိုင် - ဒေါတမကြီး - ဘောလခဲလမ်း အသုံးပြုပြီး ခရီးသွားလာတာကို လုံခြုံရေး အခြေအနေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန် ပိုင်းလောက်ကစပြီး ပြည်နယ်အစိုးရဘက်က ပိတ်ပင်ခဲ့တာပါ။ ကုန်စည်နဲ့ စက်သုံးဆီယာဉ်တွေ သွားလာနိုင်ဖို့အတွက် ဇန်နဝါရီလ တတိယပတ်လောက်မှာ လမ်းအသုံးပြုခွင့် ၃ ရက်ပေးခဲ့ပြီး၊ အခု ၁ လကျော် ကြာလာချိန်အထိ လမ်းပြန်ပိတ်ထားတယ်လို့ ပြောပါတယ်။

လမ်းပိတ်ထားလို့ ဖားဆောင်း၊ ဘောလခဲနဲ့ မယ်စဲ့ ဒီလို လမ်းတလျှောက်မှာရှိတဲ့ ဒေသခံတွေဟာ စားသောက်ကုန်နဲ့ ကျန်းမာရေးအတွက် လမ်းခရီးသွားလာနိုင်ဖို့ အခက်ကြုံနေတာပါ။ ဆန်တအိတ်ကို ၁ သိန်းကျော် ပေးဝယ်နေရပြီး၊ လွိုင်ကော်ကို သွားချင်သူတွေ အတွက်လည်း ခရီးစရိတ်က ၃ သိန်း ဝန်းကျင်မှာ ရှိနေပါတယ်။

"ကုန်စည်တွေက ရှားပါးပစ္စည်း ဖြစ်နေတာပေါ့။ ဆန်တအိတ်ကို ၁ သိန်းခွဲ၊ ၂ သိန်း ဝယ်စားရတာရှိတယ်။ သွားမယ် လာမယ် ဆိုရင်တောင်မှ ၂ သိန်း၊ ၄ သိန်း အဲလိုတွေ ဈေးပေါက်နေတာပေါ့။ အခက်အခဲတွေ တော်တော်လေးတော့ ဖြစ်နေပါတယ်။ တခါတလေဆို လူနာတွေကျတော့လည်း တအား ဒုက္ခ ရောက်ကုန်တာပေါ့။ လမ်းကြောတွေက ပိတ်တဲ့အခါ ကျတော့လေ။"

ကယားပြည်နယ် (ကရင်နီ)ထဲမှာ စစ်အုပ်ချုပ်ရေးအာဏာ Martial Law သတ်မှတ်ထားတဲ့မြို့နယ် ၄ မြို့နယ်ရှိနေပြီး၊ အဲဒီထဲမှာ ဘောလခဲမြို့နယ်လည်း ပါဝင်ပါတယ်။ Martial Law သတ်မှတ်ပြီးတဲ့ မြို့နယ်တွေထဲမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီး လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရကတော့ လွိုင်ကော် - ဘောလခဲ လမ်းကြောင်းကို အများပြည်သူ လုံခြုံရေးအတွက် ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။ လမ်းပိတ်ထားတဲ့ ကာလမှာလည်း အသွားအလာ လုံးဝ မလုပ်ကြဖို့ကို သတိပေးထားပါတယ်။

XS
SM
MD
LG