သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြတ်လေးဖြတ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူ့အခွင့်ရေးမဟာမင်းကြီး အစီရင်ခံစာတင်ပြ 


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း ရွာတရွာမှာ မီးရှို့ဖျက်ဆီးခံထားရသည့်မြင်ကွင်း (ဖေဖော်ဝါရီ ၃၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စနစ်နဲ့ လုပ်ဆောင်မှုတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြိမ်ကြိမ်ဖြစ်နေအောင် တွန်းအားပေးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ပြောကြားလိုက်ပါတယ်။ မဆင်မခြင် လေကြောင်းက တိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ အရပ်သားပြည်သူတွေ အိုးမဲ့ အိမ်မဲ့ဖြစ်အောင် ရွာတွေကို လုံးဝဖျက်ဆီးမှု၊ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ မပေးနိုင်အောင် တားဆီးမှု၊ စစ်တပ်ကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အစားအသောက်၊ ငွေကြေးအထောက်အပံ့နဲ့ သတင်းနဲ့ တပ်ဖွဲ့ဝင်သစ်တွေ မစုဆောင်းနိုင်အောင် ပိတ်ဆို့မှုစတဲ့ ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေတာကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမှာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ထောက်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ယောက်ထက်မနည်းသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တဲ့ လက်ယက်ကုန်းကျေးရွာအပေါ် စစ်ရဟတ်ယာဉ် ၄ စီးတဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကို ဥပမာပေးဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းပြီး ၂ နှစ်ကြာတဲ့အထိ စစ်တပ်က ဆက်တိုက်အကြမ်းဖက်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေ၊ လက်စဖျောက်မှုတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ထောင်ဒဏ်ချမှုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြိမ်ကြိမ်လုပ်နေတယ်လို့ မဟာမင်းကြီး Volker Türk က အစီရင်ခံစာမှာ ပြောထားပါတယ်။ မြန်မာပြည်သူတွေ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ခံစားနိုင်ဖို့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေကို အရေးပေါ်လုပ်ဖို့ လိုအပ်နေတယ်လို့ သူကပြောကြားပြီး လုပ်သင့်တဲ့ဆောင်ရွက်မှုတွေကို အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။

စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှု အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေကို ချိုးဖောက်နေတဲ့အတွက် နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ယန္တာရားတွေဆီ ပေးပို့ပြီး ကျုးလွန်သူအဆင့်ဆင့်ကို တရားမျှတမှုဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည့်း မတ်လ (၃) ရက်နေ့ ရက်စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG