သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေၾကာင့္ ဆုတ္ယုတ္မႈအတိုင္းအတာႀကီးမားေနလို႔ ကုလေထာက္ျပ 


လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး Volker Türk (ဇန္နဝါရီ ၂၅၊ ၂၀၂၃)

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ တင္ေျမႇာက္ထားတဲ့ အစိုးရကို ဖယ္ရွားၿပီး စစ္တပ္ အာဏာသိမ္းခဲ့တာ ၂ ႏွစ္ ၾကာလာခ်ိန္မွာ တိုင္းျပည္တြင္း အက်ပ္အတည္းေတြဟာ စဥ္းစားၾကည့္လို႔ မရႏိုင္ေလာက္ေအာင္ ဆိုးဝါးဆုတ္ယုတ္လာခဲ့တယ္လို႔ UNOHCR လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး Volker Türk က ဒီကေန႔ ေျပာဆိုလိုက္ပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္၊ စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္းကစလို႔ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ယဥ္ေက်းမႈ စသျဖင့္ နယ္ပယ္စုံမွာ လူ႔အခြင့္အေရး အေျခအေနေတြ သိသိသာသာ ဆိုး႐ြားလာခဲ့တယ္လို႔ ကုလမဟာမင္းႀကီး Volker Türk က ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္သတိေပးလိုက္တာပါ။ အၾကမ္းဖက္မႈေတြ ျဖစ္လာရင္ အရပ္သားေတြကို ကာကြယ္ေပးရမယ့္ တာဝန္ရွိတဲ့ စစ္တပ္ဟာ ႏိုင္ငံတကာ ဥပေဒေတြကို ဆက္တိုက္ခ်ိဳးေဖာက္ေနတယ္လို႔ ေျပာပါတယ္။ အရပ္သား စစ္သား မခြဲျခားဘဲ အရပ္သားေတြကိုပါ ပစ္မွတ္ထားၿပီး ႐ြာလုံးကြၽတ္မီးရႈိ႕တာ၊ ႏွိပ္စက္ညႇင္းပမ္းတာ၊ တရားလက္လြတ္ သတ္ျဖတ္တာ၊ ကုန္ေၾကာင္း ေလေၾကာင္းေတြကေန တိုက္ခိုက္တာေတြ လုပ္ေနတယ္လို႔ ကုလ မဟာမင္းႀကီးက ေျပာပါတယ္။ ခိုင္မာတဲ့ သတင္းရင္းျမစ္ေတြအရ စစ္တပ္နဲ႔ သူတို႔အေပါင္းအပါေတြရဲ႕ လက္ခ်က္နဲ႔ ေသဆုံးရသူ ၂၈၉၀ ထက္မနည္း ရွိေနၿပီး တကယ္တမ္း စစ္တပ္လက္ခ်က္နဲ႔ ေသဆုံးရတဲ့ အရပ္သားေတြဟာ အခုထက္ပို ႏိုင္တယ္လို႔လည္း ေျပာပါတယ္။ ျပည္တြင္း အိုးအိမ္စြန႔္ခြာ ထြက္ေျပးသူေပါင္း ၁.၂ သန္း ေက်ာ္ရွိေနၿပီး ႏိုင္ငံနယ္နိမိတ္ျဖတ္ေက်ာ္ ထြက္ေျပးရတဲ့ ဒုကၡသည္က ၇ ေသာင္းေက်ာ္ ရွိတယ္လို႔လည္း ေျပာပါတယ္။
ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔ေတာင္းဆိုတဲ့ သမိုင္းဝင္ဆုံးျဖတ္ခ်က္တခုကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ၿပီးခဲ့တဲ့လက တညီတၫြတ္တည္း ခ်မွတ္ႏိုင္ခဲ့တာကိုလည္း ကုလမဟာမင္းႀကီး Volker Türk က ျပန္လည္ေထာက္ျပၿပီး ျမန္မာစစ္တပ္ရဲ႕ သတ္ျဖတ္မႈေတြ ရပ္တန႔္ေအာင္၊ ျမန္မာျပည္သူေတြကို ကာကြယ္ေပးႏိုင္ေအာင္နဲ႔ အေျခခံ လူ႔အခြင့္အေရး ေလးစား လိုက္နာမႈေတြ ရွိလာေအာင္ ကမာၻႀကီးက ဝိုင္းဝန္း ဖိအားေပးရမယ့္အခ်ိန္ ျဖစ္တယ္လို႔လည္း ဒီကေန႔ ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။ အာဏာသိမ္းအုပ္ခ်ဳပ္ေနတာ ၂ ႏွစ္ရွိၿပီျဖစ္တဲ့ စစ္ေကာင္စီဟာ သူ႔ ျပည္သူေတြအေပၚ အၾကမ္းဖက္ဖိႏွိပ္ေနဆဲ ျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန လူထုဆက္ဆံေရးဌာနရဲ႕ ShareAmerica အင္တာနက္ စာမ်က္ႏွာမွာ ေဖၚျပပါတယ္။ ျမန္မာျပည္သူေတြ သူတို႔ အနာဂတ္ကို သူတို႔ ပုံေဖၚႏိုင္ေအာင္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဟိုးအရင္ထဲက ေထာက္ခံအားေပးခဲ့တဲ့အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ရဲ႕ ျမန္မာႏိုင္ငံ လြတ္လပ္ေရးေန႔က ေပးပို႔တဲ့ သဝဏ္လႊာပါ ေရးသားခ်က္ကိုလည္း ရန္ကုန္ အေမရိကန္သံ႐ုံး Twitter စာမ်က္ႏွာမွာ ျပန္လည္ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

စစ်အာဏာသိမ်းမှုကြောင့် ဆုတ်ယုတ်မှုအတိုင်းအတာကြီးမားနေလို့ ကုလထောက်ပြ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ် အာဏာသိမ်းခဲ့တာ ၂ နှစ် ကြာလာချိန်မှာ တိုင်းပြည်တွင်း အကျပ်အတည်းတွေဟာ စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် ဆိုးဝါးဆုတ်ယုတ်လာခဲ့တယ်လို့ UNOHCR လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းကစလို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသဖြင့် နယ်ပယ်စုံမှာ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခဲ့တယ်လို့ ကုလ မဟာမင်းကြီး Volker Türk က ဒီကနေ့ ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာပါ။ အကြမ်းဖက်မှုတွေ ဖြစ်လာရင် အရပ်သားတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိတဲ့ စစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ဆက်တိုက်ချိုးဖောက်နေတယ်လို့ ပြောပါတယ်။ အရပ်သား စစ်သား မခွဲခြားဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ရွာလုံးကျွတ်မီးရှို့တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ တရားလက်လွတ် သတ်ဖြတ်တာ၊ ကုန်ကြောင်း လေကြောင်းတွေကနေ တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအရ စစ်တပ်နဲ့ သူတို့အပေါင်းအပါတွေရဲ့ လက်ချက်နဲ့ သေဆုံးရသူ ၂၈၉၀ ထက်မနည်း ရှိနေပြီး တကယ်တမ်း စစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ အရပ်သားတွေဟာ အခုထက်ပို နိုင်တယ်လို့လည်း ပြောပါတယ်။ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၁.၂ သန်း ကျော်ရှိနေပြီး နိုင်ငံနယ်နိမိတ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဒုက္ခသည်က ၇ သောင်းကျော် ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့လက တညီတညွတ်တည်း ချမှတ်နိုင်ခဲ့တာကိုလည်း ကုလမဟာမင်းကြီး Volker Türk က ပြန်လည်ထောက်ပြပြီး မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ ရပ်တန့်အောင်၊ မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်အောင်နဲ့ အခြေခံ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေ ရှိလာအောင် ကမ္ဘာကြီးက ဝိုင်းဝန်း ဖိအားပေးရမယ့်အချိန် ဖြစ်တယ်လို့လည်း ဒီကနေ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ အာဏာသိမ်းအုပ်ချုပ်နေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ စစ်ကောင်စီဟာ သူ့ ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူထုဆက်ဆံရေးဌာနရဲ့ ShareAmerica အင်တာနက် စာမျက်နှာမှာ ဖေါ်ပြပါတယ်။ မြန်မာပြည်သူတွေ သူတို့ အနာဂတ်ကို သူတို့ ပုံဖေါ်နိုင်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဟိုးအရင်ထဲက ထောက်ခံအားပေးခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့က ပေးပို့တဲ့ သဝဏ်လွှာပါ ရေးသားချက်ကိုလည်း ရန်ကုန် အမေရိကန် သံရုံး Twitter စာမျက်နှာမှာ ပြန်လည်ဖော်ပြထားပါတယ်။

XS
SM
MD
LG