သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေခါင္းေဆာင္ေတြကို ICC က အေရးယူဖို႔ အထူးအၾကံေပးေကာင္စီတိုက္တြန္း 


ရိုဟင္ဂ်ာ Genocide အမႈ ျမန္မာႏိုင္ငံအေပၚ စဲြဆိုခြင္႔ ရွိ ေၾကာင္း ICJ မွာ Gambia ေလွ်ာက္လဲ

ျမန္မာစစ္ေကာင္စီရဲ႕ အျပစ္က်ဴးလြန္မႈေတြကေန ကင္းလြတ္ခြင့္ရေနမႈကို ICC ႏိုင္ငံတကာ ရာဇဝတ္ခံုရံုးက အဆံုးသတ္ႏိုင္သလို ရပ္ဆိုင္းသြားေအာင္လည္း လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း ျမန္မာဆိုင္ရာ အထူးအၾကံေပးေကာင္စီ (SAC-M) က မေန႔က ဒီဇင္ဘာလ ၁၅ ရက္ ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။  

ျမန္မာစစ္ေခါင္းေဆာင္ေတြကို ICC က အေရးယူဖို႔ အထူးအၾကံေပးေကာင္စီတိုက္တြန္း

{{Zawgyi/Unicode}}
ျမန္မာစစ္ေကာင္စီရဲ႕ အျပစ္က်ဴးလြန္မႈေတြကေန ကင္းလြတ္ခြင့္ရေနမႈကို ICC ႏိုင္ငံတကာ ရာဇဝတ္ခံုရံုးက အဆံုးသတ္ႏိုင္သလို ရပ္ဆိုင္းသြားေအာင္လည္း လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း ျမန္မာဆိုင္ရာ အထူးအၾကံေပးေကာင္စီ (SAC-M) က မေန႔က ဒီဇင္ဘာလ ၁၅ ရက္ ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။

၂၀၂၂ တႏွစ္ပတ္လံုး ျမန္မာစစ္တပ္က လူ႔အခြင့္ေရးခ်ိဳးေဖါက္ သတ္ျဖတ္မႈေတြ ဆက္လက္ က်ဴးလြန္ေနတာျဖစ္ၿပီး ဒါကို တာဝန္ခံတာဝန္ယူမႈရွိေအာင္ လုပ္မေပးႏိုင္သေရြ႕ ဆက္လက္က်ဴးလြန္ေနမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီႏွစ္ထဲ ျမန္မာ့လူ႔အခြင့္ေရးအေျခေနဟာ ပိုဆိုးလာေနၿပီး စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္နဲ႔ သူ႔ဗိုလ္ခ်ဳပ္ေတြဟာ ျမန္မာျပည္သူေတြအေပၚ ရက္စက္စြာ ဆက္လက္ သတ္ျဖတ္ေနတာေၾကာင့္ ဒါေတြကို ICC ႏိုင္ငံတကာခံုရံုးမွာ တရားမွ်တမႈရေအာင္ ႏိုင္ငံတကာ အသိုင္းဝိုင္းအေနနဲ႔ တတ္ႏိုင္တာအားလံုး လုပ္ေဆာင္ၾကဖို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္ေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ေဟာင္း Yanghee Lee က တိုက္တြန္းထားပါတယ္။

ျမန္မာစစ္ေကာင္စီကေတာ့ အၾကမ္းဖက္မႈေတြကို အတိုက္အခံ အင္အားစုေတြဖက္က က်ဳးလြန္ေနတာျဖစ္ေၾကာင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ ကာကြယ္ေျပာဆိုေလ့ရွိပါတယ္။

ျမန္မာႏိ္ုင္ငံနဲ႔ ပတ္သက္ၿပီး ၂၀၀၂ ခုႏွစ္က စၿပီး ICC က ေဆာင္ရြက္ေနတာျဖစ္ၿပီး ျမန္မာစစ္ေခါင္းေဆာင္ေတြကို သူတို႔က်ဴးလြန္တဲ့ genocide လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ စစ္ရာဇဝတ္မႈေတြနဲ႔ ခ်က္ခ်င္းအေရးယူလာေအာင္ လုပ္ေဆာင္ဖို႔ ႏိုင္ငံတကာ အသိုင္းဝိ္ုင္းမွာ တာဝန္ရွိေၾကာင္း ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

႐ိုဟင္ဂ်ာေတြကို ရခိုင္ျပည္နယ္ကေန အတင္းအၾကပ္ ျပန္ပို႔တာနဲ႔ ပတ္သက္ၿပီး က်ဴးလြန္မႈေတြအတြက္ ၂၀၁၉ မွာ ICC က စံုစမ္းစစ္ေဆးမႈ စတင္ခဲ့ေပမယ့္ စံုစမ္းမႈမွာ အကန္႔အသတ္ရွိခဲ့ေၾကာင္းနဲ႔ ဒါကို ျပည့္ျပည့္စံုစံု ဆက္လက္ စံုစမ္းမႈ မလုပ္ရေသးေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံတလႊား တိုင္းရင္းသားေဒသေတြမွာ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ ၾကံဳေနရာကေန ၂၀၂၁ စစ္တပ္အာဏာသိမ္းၿပီးတဲ့ ေနာက္ ပိုဆိုးဝါးလာတာေတြနဲ႔ ပတ္သက္ၿပီး ICC ကစံုစမ္းဖို႔ လိုေနသလို က်ဴးလြန္ေနတဲ့ ျမန္မာစစ္တပ္အေပၚ တာဝန္ခံ တာဝန္ယူမႈရွိလာေအာင္ မလုပ္ႏိုင္ေသးေၾကာင္းလည္း ေဝဖန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မြန်မာစစ်ခေါင်းဆောင်တွေကို ICC က အရေးယူဖို့ အထူးအကြံပေးကောင်စီတိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီရဲ့ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့်ရနေမှုကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အဆုံးသတ်နိုင်သလို ရပ်ဆိုင်းသွားအောင်လည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မနေ့က ဒီဇင်ဘာလ ၁၅ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

၂၀၂၂ တနှစ်ပတ်လုံး မြန်မာစစ်တပ်က လူ့အခွင့်ရေးချိုးဖေါက် သတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေတာဖြစ်ပြီး ဒါကို တာဝန်ခံတာဝန်ယူမှုရှိအောင် လုပ်မပေးနိုင်သရွေ့ ဆက်လက်ကျူးလွန်နေမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီနှစ်ထဲ မြန်မာ့လူ့အခွင့်ရေးအခြေနေဟာ ပိုဆိုးလာနေပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်စွာ ဆက်လက် သတ်ဖြတ်နေတာကြောင့် ဒါတွေကို ICC နိုင်ငံတကာခုံရုံးမှာ တရားမျှတမှုရအောင် နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ တတ်နိုင်တာအားလုံး လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က တိုက်တွန်းထားပါတယ်။

မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်မှုတွေကို အတိုက်အခံ အင်အားစုတွေဖက်က ကျုးလွန်နေတာဖြစ်ကြောင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုလေ့ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ၂၀၀၂ ခုနှစ်က စပြီး ICC က ဆောင်ရွက်နေတာဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို သူတို့ကျူးလွန်တဲ့ genocide လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ချက်ချင်းအရေးယူလာအောင် လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းဝိုင်းမှာ တာဝန်ရှိကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကနေ အတင်းအကြပ် ပြန်ပို့တာနဲ့ ပတ်သက်ပြီး ကျူးလွန်မှုတွေအတွက် ၂၀၁၉ မှာ ICC က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပေမယ့် စုံစမ်းမှုမှာ အကန့်အသတ်ရှိခဲ့ကြောင်းနဲ့ ဒါကို ပြည့်ပြည့်စုံစုံ ဆက်လက် စုံစမ်းမှု မလုပ်ရသေးကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတလွှား တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကြုံနေရာကနေ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် ပိုဆိုးဝါးလာတာတွေနဲ့ ပတ်သက်ပြီး ICC ကစုံစမ်းဖို့ လိုနေသလို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် တာဝန်ခံ တာဝန်ယူမှုရှိလာအောင် မလုပ်နိုင်သေးကြောင်းလည်း ဝေဖန်ထားပါတယ်။

XS
SM
MD
LG