သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို အသိအမွတ္မျပဳလိုတဲ့ ၿဗိတိန္ျမန္မာသံေရးတမန္


Mr. Pete Vowles, Her Majesty's appointed to The Republic of the Union of Myanmar

ၿဗိတိန္နဲ႔ ျမန္မာအၾကား သံတမန္ထားရွိမႈကိစၥ အျပန္အလွန္တင္းမာမႈဟာ ျမန္မာစစ္ေကာင္စီကို တရားဝင္အသိအမွတ္ျပဳဖို႔ ႏိုင္ငံတကာရဲ႕တြန႔္ဆုတ္မႈသေဘာ ျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္ Burma Campaign UK တာဝန္ရွိသူက ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီဟာ အာဆီယံနဲ႔ဆက္ဆံေရးအပါအဝင္ ႏိုင္ငံတကာမွာ သံတမန္ေရးအက်ပ္အတည္း ႀကဳံေနရတယ္လို႔လည္း သူက ေထာက္ျပပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

စစ္ေကာင္စီရဲ႕ဖိအားေပးမႈေၾကာင့္ သူ႔အေနနဲ႔ ျမန္မာႏိုင္ငံကေန ဇူလိုင္လ (၁၃) ရက္ေန႔က ႐ုတ္တရက္ထြက္ခြာလိုက္ရၿပီလို႔ ၿဗိတိန္သံ႐ုံးတာဝန္ခံ Pete Vowles က သူ႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ေရးသားထားတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေနာက္တရက္ ဇူလိုင္ (၁၄) ရက္ေန႔မွာ တုံ႔ျပန္ရွင္းလင္းပါတယ္။ ၿဗိတိန္သံအမတ္ႀကီးအဆင့္ကေန သံ႐ုံးတာဝန္ခံအဆင့္ ေလွ်ာ့ခ်ထားတဲ့ Mr. Peter Vowles ကို လက္ခံမွာမဟုတ္ဘဲ၊ သူ႔ေနရာမွာ ေနာက္တေယာက္နဲ႔ အစားထိုးေပးဖို႔ စစ္ေကာင္စီက ၿဗိတိန္အစိုးရကို ၿပီးခဲ့တဲ့ ႏွစ္အကုန္ပိုင္းမွာ အေၾကာင္းၾကားထားတဲ့အတိုင္း ျမန္မာႏိုင္ငံ ျပင္ပေရာက္ေနတဲ့ Mr. Vowles ကို သူ႔ရဲ႕ ကိုယ္ပိုင္ပစၥည္းေတြ သိမ္းဆည္းဖို႔ ဇြန္လ (၂၁) ကေန ဇူလိုင္ (၁၅) ရက္ေန႔အထိ ျပည္ဝင္ခြင့္ေပးခဲ့တာလို႔ ဆိုပါတယ္။ ဒါေၾကာင့္ Mr. Peter Vowles ျမန္မာႏိုင္ငံက ထြက္ခြာသြားတဲ့ကိစၥဟာ သံတမန္လုပ္ထုံးလုပ္နည္းအရသာျဖစ္တယ္လို႔ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ ၿဗိတိန္အေျခစိုက္ Burma Campaign UK အမႈေဆာင္ၫႊန္ၾကားေရးမႉး Mark Farmaner ရဲ႕အျမင္ကေတာ့-

ျမန္မာစစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္ဟာ တစိတ္တပိုင္း မွန္ေနပါတယ္။ ၿဗိတိန္အစိုးရနဲ႔ ၿဗိတိန္သံအမတ္ႀကီး Peter Vowles ဟာ ျမန္မာႏိုင္ငံရဲ႕ တရားဝင္ အုပ္ခ်ဳပ္သူမဟုတ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံၿပီး ခန႔္အပ္လႊာေပးအပ္တာမ်ိဳး မလုပ္ခ်င္ပါဘူး။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သူ႔ကိုသူ တရားဝင္တယ္ဆိုတဲ့အေနနဲ႔ သူလိုခ်င္ေနတဲ့ သံအမတ္ခန႔္အပ္လႊာေပးတာကို ဓါတ္ပုံ႐ိုက္ယူတဲ့အခြင့္အေရးကို မေပးဖို႔၊ ၿဗိတိန္အစိုးရက ဆုံးျဖတ္ထားတာပါ။ ဒါဟာ ၿဗိတိန္အစိုးရရဲ႕ ေကာင္းမြန္ၿပီး စည္းစနစ္က်တဲ့ ရပ္တည္ခ်က္ျဖစ္ၿပီး စစ္တပ္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတာ သိသာထင္ရွားပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ အခုလို ထုတ္ျပန္ခ်က္မ်ိဳး က်ေနာ္တို႔ ေတြ႔ရတာပါ။

ဒါအျပင္ အာဏာသိမ္းစစ္ေကာင္စီဟာ ႏိုင္ငံတကာမွာ အသိအမွတ္ျပဳမႈရဖို႔ ႀကိဳးစားေနေပမယ့္၊ ဝိုင္းဖယ္က်ဥ္ခံရတဲ့အေျခအေနကို ရင္ဆိုင္ေနရတယ္လို႔ Mark Farmaner က အခုလိုေျပာပါတယ္။

အဓိကျပႆနာကေတာ့ ျမန္မာစစ္တပ္ကို ႏိုင္ငံရဲ႕တရားဝင္အုပ္ခ်ဳပ္သူအျဖစ္ ႏိုင္ငံတကာအသိုင္းအဝိုင္းက လက္ခံထားျခင္း မရွိတာပါ။ ေသခ်ာတကေတာ့ ႏိုင္ငံအမ်ားစုဟာ သူ႔တို႔သံတမန္ေတြကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔အတူတြဲၿပီး ဓါတ္ပုံ႐ိုက္တာမ်ိဳး မလိုလားၾကပါဘူး။ ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး လို ႏိုင္ငံတကာတရား႐ုံးေတြမွာ ရင္ဆိုင္ရဖို႔ရွိေနၿပီး သူ႔ဘဝတသက္လုံး အက်ဥ္းေထာင္ထဲမွာပဲေနသင့္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ သံတမန္ေရးအရ အတူတြဲဓါတ္ပုံ႐ိုက္တဲ့ အခြင့္အေရးမ်ိဳး ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔လည္း မေပးသင့္ပါဘူး။

ႏိုင္ငံအေတာ္မ်ားမ်ားဟာ ျမန္မာႏိုင္ငံမွာ သူတို႔သံတမန္အဆင့္ေတြကို တိတ္တိတ္ဆိတ္ဆိတ္ ေလွ်ာ့ခ်ေနၾကတယ္လို႔လည္း Mark Farmaner ကေျပာပါတယ္။

အခု ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ဒီအတိုင္း လုပ္ေနၾကတာ က်ေနာ္တို႔ ေတြ႔ေနရတယ္။ စစ္ေကာင္စီကို ခန႔္အပ္လႊာေပးဖို႔ မလိုတဲ့ သံ႐ုံးတာဝန္ခံေတြကိုပဲေစလႊတ္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဥေရာပနဲ႔ ကမာၻတဝွမ္းက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ သံအမတ္ႀကီးေတြရဲ႕ သက္တမ္းကုန္တဲ့အခါမွာ ျမန္မာႏိုင္ငံသံတမန္ကိုယ္စားလွယ္အတြက္ သံ႐ုံးတာဝန္ခံ အဆင့္အရာရွိေတြကို တိတ္တိတ္ဆိတ္ဆိတ္ ခန႔္အပ္ေနၾကပါတယ္။ အာဏာသိမ္းၿပီးခ်ိန္ကစလို႔ အခုအခ်ိန္ထိ စစ္ေကာင္စီနဲ႔ တရားဝင္ေတြ႔ဆုံၿပီး သံအမတ္ႀကီး ခန႔္အပ္လႊာေပးအပ္ခ်င္တဲ့ ႏိုင္ငံသုံးႏိုင္ငံပဲ ရွိတယ္လို႔ က်ေနာ္တို႔ သိထားပါတယ္။

စစ္ေကာင္စီဘက္ကလည္း ျပန္ၿပီးတုန႔္ျပန္တဲ့အေနနဲ႔ ျပည္ဝင္ခြင့္ဗီဇာေတြကို မေပးတာ၊ အခ်ိန္မွီ ဝင္ခြင့္မရေအာင္ တင္းက်ပ္ထားတာ စတာေတြေၾကာင့္ ျမန္မာႏိုင္ငံက ႏိုင္ငံျခားသံ႐ုံးေတာ္ေတာ္မ်ားမ်ားမွာ ဝန္ထမ္းအျပည့္နဲ႔ သူတို႔လုပ္ငန္းေတြ လည္ပတ္လုပ္ေဆာင္ဖို႔ အခက္အခဲရွိေနတယ္လို႔လည္း Mark Farmaner ကေျပာပါတယ္။

ၿဗိတိန္အစိုးရကေတာ့ ျမန္မာႏိုင္ငံနဲ႔ သံတမန္ဆက္သြယ္ေရးဆက္ၿပီး ထားရွိလိုတဲ့အတြက္ သံ႐ုံးတာဝန္ခံအသစ္တဦးကို ခန႔္အပ္ၿပီး ေစလႊတ္ဖို႔ရွိတယ္လို႔လည္း Mark Farmaner က ေျပာပါတယ္။ ၿဗိတိန္ႏိုင္ငံလန္ဒန္မွာရွိတဲ့ ျမန္မာသံ႐ုံးမွာေတာ့ သံအမတ္ႀကီးေဟာင္း ဦးေက်ာ္စြာမင္းကို စစ္ေကာင္စီက ရာထူးကေန ရပ္ဆိုင္းလိုက္ၿပီးေနာက္၊ သံ႐ုံးတာဝန္ခံအသစ္ ေစလႊတ္ျခင္းမရွိေသးဘဲ၊ လက္ရွိ စစ္သံမႉးကိုပဲ ယာယီသံ႐ုံးတာဝန္ခံအျဖစ္ ေပးအပ္ထားပါတယ္။

==== Unicode ====

ဗြိတိန်နဲ့ မြန်မာအကြား သံတမန်ထားရှိမှုကိစ္စ အပြန်အလှန်တင်းမာမှုဟာ မြန်မာစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုဖို့ နိုင်ငံတကာရဲ့တွန့်ဆုတ်မှုသဘော ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK တာဝန်ရှိသူက ပြောပါတယ်။ မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ဆက်ဆံရေးအပါအဝင် နိုင်ငံတကာမှာ သံတမန်ရေးအကျပ်အတည်း ကြုံနေရတယ်လို့လည်း သူက ထောက်ပြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် သူ့အနေနဲ့ မြန်မာနိုင်ငံကနေ ဇူလိုင်လ (၁၃) ရက်နေ့က ရုတ်တရက်ထွက်ခွာလိုက်ရပြီလို့ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားထားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်တရက် ဇူလိုင် (၁၄) ရက်နေ့မှာ တုံ့ပြန်ရှင်းလင်းပါတယ်။ ဗြိတိန်သံအမတ်ကြီးအဆင့်ကနေ သံရုံးတာဝန်ခံအဆင့် လျှော့ချထားတဲ့ Mr. Peter Vowles ကို လက်ခံမှာမဟုတ်ဘဲ၊ သူ့နေရာမှာ နောက်တယောက်နဲ့ အစားထိုးပေးဖို့ စစ်ကောင်စီက ဗြိတိန်အစိုးရကို ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းမှာ အကြောင်းကြားထားတဲ့အတိုင်း မြန်မာနိုင်ငံ ပြင်ပရောက်နေတဲ့ Mr. Vowles ကို သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းဖို့ ဇွန်လ (၂၁) ကနေ ဇူလိုင် (၁၅) ရက်နေ့အထိ ပြည်ဝင်ခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် Mr. Peter Vowles မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ကိစ္စဟာ သံတမန်လုပ်ထုံးလုပ်နည်းအရသာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner ရဲ့အမြင်ကတော့-

မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ တစိတ်တပိုင်း မှန်နေပါတယ်။ ဗြိတိန်အစိုးရနဲ့ ဗြိတိန်သံအမတ်ကြီး Peter Vowles ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အုပ်ချုပ်သူမဟုတ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ခန့်အပ်လွှာပေးအပ်တာမျိုး မလုပ်ချင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ကိုသူ တရားဝင်တယ်ဆိုတဲ့အနေနဲ့ သူလိုချင်နေတဲ့ သံအမတ်ခန့်အပ်လွှာပေးတာကို ဓါတ်ပုံရိုက်ယူတဲ့အခွင့်အရေးကို မပေးဖို့၊ ဗြိတိန်အစိုးရက ဆုံးဖြတ်ထားတာပါ။ ဒါဟာ ဗြိတိန်အစိုးရရဲ့ ကောင်းမွန်ပြီး စည်းစနစ်ကျတဲ့ ရပ်တည်ချက်ဖြစ်ပြီး စစ်တပ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ သိသာထင်ရှားပါတယ်။ နောက်ဆက်တွဲအနေနဲ့ အခုလို ထုတ်ပြန်ချက်မျိုး ကျနော်တို့ တွေ့ရတာပါ။

ဒါအပြင် အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာမှာ အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေပေမယ့်၊ ဝိုင်းဖယ်ကျဉ်ခံရတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ Mark Farmaner က အခုလိုပြောပါတယ်။

အဓိကပြဿနာကတော့ မြန်မာစစ်တပ်ကို နိုင်ငံရဲ့တရားဝင်အုပ်ချုပ်သူအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံထားခြင်း မရှိတာပါ။ သေချာတကတော့ နိုင်ငံအများစုဟာ သူ့တို့သံတမန်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူတွဲပြီး ဓါတ်ပုံရိုက်တာမျိုး မလိုလားကြပါဘူး။ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး လို နိုင်ငံတကာတရားရုံးတွေမှာ ရင်ဆိုင်ရဖို့ရှိနေပြီး သူ့ဘဝတသက်လုံး အကျဉ်းထောင်ထဲမှာပဲနေသင့်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သံတမန်ရေးအရ အတူတွဲဓါတ်ပုံရိုက်တဲ့ အခွင့်အရေးမျိုး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မပေးသင့်ပါဘူး။

နိုင်ငံအတော်များများဟာ မြန်မာနိုင်ငံမှာ သူတို့သံတမန်အဆင့်တွေကို တိတ်တိတ်ဆိတ်ဆိတ် လျှော့ချနေကြတယ်လို့လည်း Mark Farmaner ကပြောပါတယ်။

အခု နိုင်ငံတော်တော်များများက ဒီအတိုင်း လုပ်နေကြတာ ကျနော်တို့ တွေ့နေရတယ်။ စစ်ကောင်စီကို ခန့်အပ်လွှာပေးဖို့ မလိုတဲ့ သံရုံးတာဝန်ခံတွေကိုပဲစေလွှတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပနဲ့ ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများဟာ သူတို့ သံအမတ်ကြီးတွေရဲ့ သက်တမ်းကုန်တဲ့အခါမှာ မြန်မာနိုင်ငံသံတမန်ကိုယ်စားလှယ်အတွက် သံရုံးတာဝန်ခံ အဆင့်အရာရှိတွေကို တိတ်တိတ်ဆိတ်ဆိတ် ခန့်အပ်နေကြပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ အခုအချိန်ထိ စစ်ကောင်စီနဲ့ တရားဝင်တွေ့ဆုံပြီး သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ချင်တဲ့ နိုင်ငံသုံးနိုင်ငံပဲ ရှိတယ်လို့ ကျနော်တို့ သိထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြန်ပြီးတုန့်ပြန်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို မပေးတာ၊ အချိန်မှီ ဝင်ခွင့်မရအောင် တင်းကျပ်ထားတာ စတာတွေကြောင့် မြန်မာနိုင်ငံက နိုင်ငံခြားသံရုံးတော်တော်များများမှာ ဝန်ထမ်းအပြည့်နဲ့ သူတို့လုပ်ငန်းတွေ လည်ပတ်လုပ်ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း Mark Farmaner ကပြောပါတယ်။

ဗြိတိန်အစိုးရကတော့ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်ရေးဆက်ပြီး ထားရှိလိုတဲ့အတွက် သံရုံးတာဝန်ခံအသစ်တဦးကို ခန့်အပ်ပြီး စေလွှတ်ဖို့ရှိတယ်လို့လည်း Mark Farmaner က ပြောပါတယ်။ ဗြိတိန်နိုင်ငံလန်ဒန်မှာရှိတဲ့ မြန်မာသံရုံးမှာတော့ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို စစ်ကောင်စီက ရာထူးကနေ ရပ်ဆိုင်းလိုက်ပြီးနောက်၊ သံရုံးတာဝန်ခံအသစ် စေလွှတ်ခြင်းမရှိသေးဘဲ၊ လက်ရှိ စစ်သံမှူးကိုပဲ ယာယီသံရုံးတာဝန်ခံအဖြစ် ပေးအပ်ထားပါတယ်။

XS
SM
MD
LG