သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတေဟာင္းထရမ့္ကို စုံစမ္းစစ္ေဆးဖို႔ အထူးစုံစမ္းေရးမႉး တရားေရးဌာနခန႔္အပ္


U.S. Attorney General Garland makes announcement about special counsel for Justice Department Trump investigations in Washington

အေမရိကန္သမၼတေဟာင္း Donald Trump ရဲ႕ အစိုးရထိပ္တန္းလွ်ဳိ ႔ဝွက္မွတ္တမ္းေတြ ကိုင္တြယ္ပုံနဲ႔ ပတ္သက္လို႔ ရာဇဝတ္မႈ ေျမာက္မေျမာက္ဆိုတာ ႀကီးၾကပ္စစ္ေဆးဖို႔ သီးျခားလြတ္လပ္တဲ့ အထူးစုံစမ္းစစ္ေဆးေရးမွဴးတေယာက္ကို တရားေရးဌာနက တာဝန္ေပးလိုက္ပါတယ္။

ျပည္ေထာင္စုအဆင့္ စုံစမ္းစစ္ေဆးမႈ ႏွစ္ခု လုပ္ခံေနရတဲ့ သမၼတေဟာင္း Trump က သူသမၼတေလာင္း ဝင္ၿပိဳင္မယ္လို႔ ေၾကညာခဲ့အၿပီးမွာ အခုလို အထူးစုံစမ္းေရးမႉးကို ခန႔္အပ္လိုက္တာ ျဖစ္ပါတယ္။

ဝါရွင့္အစိုးရေရွ႕ေန Jack Smith ကို တာဝန္ေပးလိုက္တဲ့အေၾကာင္း အစိုးရေရွ႕ေနခ်ဳပ္ Merrick Garland က ေသာၾကာေန႔က အခုလို ေၾကညာခဲ့ပါတယ္။

သမၷတေဟာင္း Trump က လာမဲ့ ေ႐ြးေကာက္ပြဲမွာ သမၼတေလာင္းအျဖစ္ ဝင္ၿပိဳင္ဖို႔ ေၾကညညာလိုက္တာနဲ႔ လက္ရွိသမၼတကလည္း သမၼတေလာင္းအျဖစ္ၿပိဳင္ဖို႔ ဆႏၵရွိေၾကာင္း ထုတ္ျပန္လာခ်ိန္မွာ အမ်ားျပည္သူ စိတ္ဝင္စားမႈအတြက္ အခုလို အထူးစုံစမ္းစ္ေဆးေရးမွဴးခန႔္ဖို႔ ဆုံးျဖတ္လိုက္တာပါ” လို႔ ေရွ ႔ေနခ်ဳပ္ Garland က ေျပာသြားတာပါ။

အထူးစုံစမ္း စစ္ေဆးေရးမႉး ခန႔္အပ္တဲ့ လုပ္ရပ္ဟာ ျခစားေနၿပီး ႏိုင္ငံေရးအရ အင္မတန္ဘက္ပင္းတဲ့ တရားေရးဌာနရဲ႕ အာဏာအလြဲသုံးစားလုပ္မႈႀကီးျဖစ္တယ္လို႔ သမၼတ Trump က ေၾကညာခ်က္ထုတ္ျပန္ တုံ႔ျပန္ခဲ့ပါတယ္။

ဘက္မလိုက္ စုံစမ္းမယ့္ အထူးစုံစမ္းေရးမူး Jack Smith ဟာ အရင္ တရားေရးဌာနရဲ႕ ျပည္သူ႔ ကိုယ့္က်င့္တရားဆိုင္ရာ ဌာနခြဲ အႀကီးအကဲျဖစ္ခဲ့ၿပီး ICJ ႏိုင္ငံတကာတရား႐ုံးရဲ႕ အထူးခုံ႐ုံးမွာ တရားစြဲေရွ႕ေနခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။ ဥပေဒကိစၥေတြကို အေလးအနက္ ကိုင္တြယ္ေဆာင္႐ြက္သူအျဖစ္ လူသိမ်ားပါတယ္။

==== Unicode ====

အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အစိုးရထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွေ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ရာဇဝတ်မှု မြောက်မမြောက်ဆိုတာ ကြီးကြပ်စစ်ဆေးဖို့ သီးခြားလွတ်လပ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူးတယောက်ကို တရားရေးဌာနက တာဝန်ပေးလိုက်ပါတယ်။

ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှု နှစ်ခု လုပ်ခံနေရတဲ့ သမ္မတဟောင်း Trump က သူသမ္မတလောင်း ဝင်ပြိုင်မယ်လို့ ကြေညာခဲ့အပြီးမှာ အခုလို အထူးစုံစမ်းရေးမှူးကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဝါရှင့်အစိုးရရှေ့နေ Jack Smith ကို တာဝန်ပေးလိုက်တဲ့အကြောင်း အစိုးရရှေ့နေချုပ် Merrick Garland က သောကြာနေ့က အခုလို ကြေညာခဲ့ပါတယ်။

သမ္နတဟောင်း Trump က လာမဲ့ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ ကြေညညာလိုက်တာနဲ့ လက်ရှိသမ္မတကလည်း သမ္မတလောင်းအဖြစ်ပြိုင်ဖို့ ဆန္ဒရှိကြောင်း ထုတ်ပြန်လာချိန်မှာ အများပြည်သူ စိတ်ဝင်စားမှုအတွက် အခုလို အထူးစုံစမ်းစ်ဆေးရေးမှူးခန့်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ရှေ့နေချုပ် Garland က ပြောသွားတာပါ။

အထူးစုံစမ်း စစ်ဆေးရေးမှူး ခန့်အပ်တဲ့ လုပ်ရပ်ဟာ ခြစားနေပြီး နိုင်ငံရေးအရ အင်မတန်ဘက်ပင်းတဲ့ တရားရေးဌာနရဲ့ အာဏာအလွဲသုံးစားလုပ်မှုကြီးဖြစ်တယ်လို့ သမ္မတ Trump က ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့ပါတယ်။

ဘက်မလိုက် စုံစမ်းမယ့် အထူးစုံစမ်းရေးမူး Jack Smith ဟာ အရင် တရားရေးဌာနရဲ့ ပြည်သူ့ ကိုယ့်ကျင့်တရားဆိုင်ရာ ဌာနခွဲ အကြီးအကဲဖြစ်ခဲ့ပြီး ICJ နိုင်ငံတကာတရားရုံးရဲ့ အထူးခုံရုံးမှာ တရားစွဲရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ဥပဒေကိစ္စတွေကို အလေးအနက် ကိုင်တွယ်ဆောင်ရွက်သူအဖြစ် လူသိများပါတယ်။

XS
SM
MD
LG