သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတကာလူ႔အခြြင့္အေရးေန႔ နယူးေယာက္မွာ ျမန္မာေတြ ဆႏၵျပ


ႏိုင္ငံတကာလူ႔အခြြင့္အေရးေန႔ နယူးေယာက္မွာ ျမန္မာေတြ ဆႏၵျပ

ဒီဇင္ဘာလ ၁၀ ရက္ စေနေန႕က ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔မွာ အေမရိကန္ျပည္ေထာင္စုနယူးေယာက္ၿမိဳ႔ေတာ္မွာ အေ၀းေရာက္ျမန္မာႏိုင္ငံသားေတြစု႐ုံးၿပီး ျမန္မာ့လူ႔အခြင့္အေရးအတြက္ဆႏၵျပပဲြတရပ္ကိုဆင္ႏႊဲခဲ့ၾကပါတယ္။

ႏိုင္ငံတကာလူ႔အခြြင့္အေရးေန႔ နယူးေယာက္မွာ ျမန္မာေတြ ဆႏၵျပ

{{Zawgyi/Unicode}}
ဒီဇင္ဘာလ ၁၀ ရက္ စေနေန႕က ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔မွာ အေမရိကန္ျပည္ေထာင္စုနယူးေယာက္ၿမိဳ႔ေတာ္မွာ အေ၀းေရာက္ျမန္မာႏိုင္ငံသားေတြစု႐ုံးၿပီး ျမန္မာ့လူ႔အခြင့္အေရးအတြက္ဆႏၵျပပဲြတရပ္ကိုဆင္ႏႊဲခဲ့ၾကပါတယ္။

ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔မွာ ဆႏၵျပရတာနဲ႔ ပတ္သက္ၿပီး ဦးေဆာင္ပါ၀င္ခဲ့သူ ကိုေနတင္ျမင့္ က အခုလိုေျပာပါတယ္။

" ဆုံးရႈံးေနတဲ့ လူ႔အခြင့္အေရးေတြကို ျပန္ရဖို႔ ၊ အမိျမန္မာျပည္ကို ကယ္တင္စို႔ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အတူ လုပ္ျခင္းျဖစ္ပါတယ္။ လူ႔အခြင့္အေရး ဆုံးရႈံးေနတာ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ၁၉ ၆၂ ခုႏွစ္ကတည္းက ျဖစ္ပါတယ္။ က်ေနာ္တို႔ ေဒၚေအာင္ဆန္းစုၾကည္ ၊ သမၼတ ဦးဝင္းျမင့္ နဲ႔ မတရားဖမ္းဆီးထားသူေတြ အားလုံးကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔၊ ဥပေဒမဲ့ ဖမ္းဆီးထားတာ၊ အၾကမ္းဖက္ လုပ္ရပ္ေတြကို အျမန္ဆုံး ရပ္စဲေပးဖို႔ ေခါင္းစဥ္နဲ႔ လုပ္ေဆာင္ျခင္းျဖစ္ပါတယ္ခင္ဗ် "

ဒီဆႏၵျပပဲြဟာ ဒဂုံတကၠသိုလ္ေက်ာင္းသာ ၇ ဦးအပါအ၀င္ ေသဒါဏ္က်ခံထားရတဲ့ ေက်ာင္းသားျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္းျပသခဲ့ၾကလို႔ ဒါ့အျပင္ အဖမ္းဆီးေထာင္ခ်ခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ မတရား ဖမ္းဆီးေထာင္ခ်ခံထားရသူ အားလုံးျပန္လႊတ္ေပးဖို႔ ကိုလည္းေတာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ အမ်ိဳးသမီးအခြင့္အေရး ျမွင့္တင္ေရး၊ ကေလးသူငယ္ အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရး စတာေတြကို ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာေတာင္း ဆိုခဲ့ၾကပါတယ္။

ဒါ့အျပင္ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လမွာ ျပဳလုပ္မယ့္ ေရြးေကာင္ပဲြဟာ စစ္မွန္မႈမရွိႏိုင္ဘူး ဆိုတာေတြကိုလည္း အမ်ားသိရွိ နားလည္ေစဖို႔ စတဲ့ရည္ရြယ္ခ်က္ေတြနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ကိုေနတင္ျမင့္ က ေျပာဆိုခဲ့ပါတယ္။

ဆႏၵျပပဲြကို နယူးေယာက္ ၿမိဳ႔လည္ Time Square မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ရာဂဏန္းရွိတဲ့ အေ၀းေရာက္ျမန္မာေတြ၊ ျမန္မာ့အေရး ေထာက္ခံအားေပးသူေတြ လာေရာက္ခဲ႔ၾကပါတယ္။ ဆႏၵျပသူေတြဟာ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့သလို၊ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးေဟာေျပာတာေတြနဲ႔ ကဗ်ာရြတ္ဆိုတာေတြကို ျပဳလုပ္ခဲ့ၾကပါတယ္။ ဆႏၵျပပဲြကို NYCCT အေ၀းေရာက္ ျမန္မာမ်ားအဖဲြ႔နဲ႔ အျခားအဖဲြ႕ေတြ ပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေနလည္ ၂ နာရီေလာက္မွာ စတင္ခဲ့ၾကကာ ညေန ၄ နာရီေလာက္မွာ ျပီးဆုံးသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

နိုင်ငံတကာလူ့အခွင့်အရေးနေ့ နယူးယောက်မှာ မြန်မာတွေ ဆန္ဒပြ
{{Zawgyi/Unicode}}
ဒီဇင်ဘာလ ၁၀ ရက် စနေနေ့က နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်မှာ အဝေးရောက်မြန်မာနိုင်ငံသားတွေစုရုံးပြီး မြန်မာ့လူ့အခွင့်အရေးအတွက်ဆန္ဒပြပွဲတရပ်ကိုဆင်နွှဲခဲ့ကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ဆန္ဒပြရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ပါဝင်ခဲ့သူ ကိုနေတင်မြင့် က အခုလိုပြောပါတယ်။

" ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေကို ပြန်ရဖို့ ၊ အမိမြန်မာပြည်ကို ကယ်တင်စို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လုပ်ခြင်းဖြစ်ပါတယ်။ လူ့အခွင့်အရေး ဆုံးရှုံးနေတာ ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉ ၆၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့် နဲ့ မတရားဖမ်းဆီးထားသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့၊ ဥပဒေမဲ့ ဖမ်းဆီးထားတာ၊ အကြမ်းဖက် လုပ်ရပ်တွေကို အမြန်ဆုံး ရပ်စဲပေးဖို့ ခေါင်းစဉ်နဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်ခင်ဗျ "

ဒီဆန္ဒပြပွဲဟာ ဒဂုံတက္ကသိုလ်ကျောင်းသာ ၇ ဦးအပါအဝင် သေဒါဏ်ကျခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသခဲ့ကြလို့ ဒါ့အပြင် အဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထောင်ချခံထားရသူ အားလုံးပြန်လွှတ်ပေးဖို့ ကိုလည်းတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးအခွင့်အရေး မြှင့်တင်ရေး၊ ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စတာတွေကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာတောင်း ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ပြုလုပ်မယ့် ရွေးကောင်ပွဲဟာ စစ်မှန်မှုမရှိနိုင်ဘူး ဆိုတာတွေကိုလည်း အများသိရှိ နားလည်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ကိုနေတင်မြင့် က ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲကို နယူးယောက် မြို့လည် Time Square မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရာဂဏန်းရှိတဲ့ အဝေးရောက်မြန်မာတွေ၊ မြန်မာ့အရေး ထောက်ခံအားပေးသူတွေ လာရောက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့သလို၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဟောပြောတာတွေနဲ့ ကဗျာရွတ်ဆိုတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို NYCCT အဝေးရောက် မြန်မာများအဖွဲ့နဲ့ အခြားအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး နေလည် ၂ နာရီလောက်မှာ စတင်ခဲ့ကြကာ ညနေ ၄ နာရီလောက်မှာ ပြီးဆုံးသွားခဲ့ပါတယ်။

XS
SM
MD
LG