သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးေန႔မွာ ဖိလစ္ပိုင္ျပည္သူ ရာနဲ႔ခ်ီ ဆႏၵျပ


ဒီေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေန႔မွာ ဖိလစ္ပိုင္ႏိုင္ငံမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြကို မီးေမာင္းထိုးျပတဲ့ အေနနဲ႔ ရာနဲ႔ခ်ီ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ မနီလာၿမိဳ႕ေတာ္မွာ ဒီေန႔ဆႏၵျပခဲ့ၾကသူေတြက လက္ရွိသမၼတ ဖာဒီနာ မားကို႔စ္ ဂ်ဴနီယာ (Ferdinand Marcos Jr.) လက္ထက္မွာ ဥပေဒမဲ့ သတ္ျဖတ္မႈေတြ၊ တရားမမွ်တမႈေတြ ပိုမ်ားလာတယ္လို႔ေျပာၿပီး တရားမွ်တမႈရွိေရး ေတာင္းဆိုခဲ့ၾကပါတယ္။

Karapatan လူ႔အခြင့္အေရးၫႊန႔္ေပါင္းအဖြဲ႔က စီစဥ္တဲ့ ဆႏၵျပမႈမွာ ပါဝင္သူေတြဟာ မနီလာၿမိဳ ႔လယ္က ျပည္သူ႔ရင္ျပင္မွာ စုေဝးခဲ့ၾကၿပီး သမၼတအိမ္ေတာ္ရွိရာကို ခ်ီတက္ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပပြဲမွာ အင္အား ၈၀၀ ေလာက္ရွိမယ္လို႔ ရဲတပ္ဖြဲ႔က ခန႔္မွန္းပါတယ္။ သမၼတမားကို႔စ္ ဂ်ဴနီယာ တက္လာခဲ့ၿပီးေနာက္ သူပုန္ထမႈ တန္ျပန္ေရးစစ္ဆင္ေရးအတြင္း ဥပေဒမဲ့သတ္ျဖတ္မႈ ၁၇ မႈကို အဖြဲ႔က မွတ္တမ္းတင္ထားတယ္လို႔ Karapatan လူ႔အခြင့္အေရးညႊန႔္ေပါင္းအဖြဲ႔ အတြင္းေရးမႉးခ်ဳပ္ Cristina Palabay က ေျပာပါတယ္။

ေနာက္ထပ္ အင္အားအလြန္အကြၽံသုံးႏွိမ္ႏွင္းမႈ ၄ ခုလည္း ရွိခဲ့တယ္လို႔ ေျပာပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြလည္း တိုးလာေနတာမွာ ႏိုဝင္ဘာ ၃၀ ရက္ေန႔အထိ အဖမ္းခံရသူ ၈၃၀ နီးပါးေနၿပီး အဲဒီထဲက ၂၅ ေယာက္က သမၼတ Marcos Jr. အာဏာရလာတဲ့ ဇြန္လေနာက္ပိုင္း ဖမ္းဆီးခံရသူေတြလို႔ ေျပာပါတယ္။ ဒီကေန႔ မနီလာၿမိဳ႕ေတာ္အျပင္ ႏိုင္ငံထဲက တျခားေနရာေတြမွာ ဆႏၵျပမႈအတြင္း လက္ရွိသမၼတရဲ႕ဖခင္ အာဏာရွင္ေဟာင္း မားကို႔စ္ လက္ထက္က အစေပ်ာက္သြားၾကသူေတြ၊ ႏွိက္စက္ညႇင္းပမ္းခံခဲ့ရသူေတြရဲ႕ မိသားစုေတြလည္း ပါဝင္တယ္လို႔ ဆႏၵျပပြဲ စီစဥ္သူေတြက ေျပာပါတယ္။

၁၉၄၈ ခုႏွစ္ ဒီဇင္ဘာလ ၁၀ ရက္က ကုလသမဂၢ အေထြေထြညီလာခံမွာ လူ႔အခြင့္အေရး ပဋိဉာဥ္ကို အတည္ျပဳခဲ့တဲ့ေန႔ကို အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္ၿပီး၊ ႏွစ္စဥ္ ဒီဇင္ဘာ ၁၀ ရက္ေရာက္တိုင္း ကမာၻ႔ႏိုင္ငံေတြမွာ အထိမ္းအမွတ္ပြဲေတြ လုပ္ၾကပါတယ္။ ဒီႏွစ္ ၂၀၂၂ ခုႏွစ္မွာေတာ့ လူအခြင့္အေရးပဋိဉာဥ္ရဲ႕ အေမြအႏွစ္ေတြ၊ ဆက္စပ္မႈေတြ၊ လႈပ္ရွားမႈေတြကို မီးေမာင္းထိုးၿပီး လူ႔အခြင့္အေရးဘက္က ရပ္တည္ေတာင္းဆိုၾကေရး ၁ ႏွစ္ၾကာလႈပ္ရွားမႈကို ကုလသမဂၢက ဒီေန႔ စတင္လိုက္ပါတယ္။

==== Unicode =====

ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ မနီလာမြို့တော်မှာ ဒီနေ့ဆန္ဒပြခဲ့ကြသူတွေက လက်ရှိသမ္မတ ဖာဒီနာ မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) လက်ထက်မှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ တရားမမျှတမှုတွေ ပိုများလာတယ်လို့ပြောပြီး တရားမျှတမှုရှိရေး တောင်းဆိုခဲ့ကြပါတယ်။

Karapatan လူ့အခွင့်အရေးညွှန့်ပေါင်းအဖွဲ့က စီစဉ်တဲ့ ဆန္ဒပြမှုမှာ ပါဝင်သူတွေဟာ မနီလာမြို့လယ်က ပြည်သူ့ရင်ပြင်မှာ စုဝေးခဲ့ကြပြီး သမ္မတအိမ်တော်ရှိရာကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာ အင်အား ၈၀၀ လောက်ရှိမယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။ သမ္မတမားကို့စ် ဂျူနီယာ တက်လာခဲ့ပြီးနောက် သူပုန်ထမှု တန်ပြန်ရေးစစ်ဆင်ရေးအတွင်း ဥပဒေမဲ့သတ်ဖြတ်မှု ၁၇ မှုကို အဖွဲ့က မှတ်တမ်းတင်ထားတယ်လို့ Karapatan လူ့အခွင့်အရေးညွှန့်ပေါင်းအဖွဲ့ အတွင်းရေးမှူးချုပ် Cristina Palabay က ပြောပါတယ်။

နောက်ထပ် အင်အားအလွန်အကျွံသုံးနှိမ်နှင်းမှု ၄ ခုလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း တိုးလာနေတာမှာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ အဖမ်းခံရသူ ၈၃၀ နီးပါးနေပြီး အဲဒီထဲက ၂၅ ယောက်က သမ္မတ Marcos Jr. အာဏာရလာတဲ့ ဇွန်လနောက်ပိုင်း ဖမ်းဆီးခံရသူတွေလို့ ပြောပါတယ်။ ဒီကနေ့ မနီလာမြို့တော်အပြင် နိုင်ငံထဲက တခြားနေရာတွေမှာ ဆန္ဒပြမှုအတွင်း လက်ရှိသမ္မတရဲ့ဖခင် အာဏာရှင်ဟောင်း မားကို့စ် လက်ထက်က အစပျောက်သွားကြသူတွေ၊ နှိက်စက်ညှင်းပမ်းခံခဲ့ရသူတွေရဲ့ မိသားစုတွေလည်း ပါဝင်တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လူ့အခွင့်အရေး ပဋိဉာဉ်ကို အတည်ပြုခဲ့တဲ့နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပြီး၊ နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံတွေမှာ အထိမ်းအမှတ်ပွဲတွေ လုပ်ကြပါတယ်။ ဒီနှစ် ၂၀၂၂ ခုနှစ်မှာတော့ လူအခွင့်အရေးပဋိဉာဉ်ရဲ့ အမွေအနှစ်တွေ၊ ဆက်စပ်မှုတွေ၊ လှုပ်ရှားမှုတွေကို မီးမောင်းထိုးပြီး လူ့အခွင့်အရေးဘက်က ရပ်တည်တောင်းဆိုကြရေး ၁ နှစ်ကြာလှုပ်ရှားမှုကို ကုလသမဂ္ဂက ဒီနေ့ စတင်လိုက်ပါတယ်။

XS
SM
MD
LG