သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းနဲ႔ ဥေရာပပါလီမန္အမတ္ေတြ ျမန္မာ့အေရးေဆြးေႏြး


NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းဟာ မေန႔က ဥေရာပပါလီမန္အမတ္ေတြနဲ႔ ေတြ႔ဆုံၿပီး ျမန္မာ့အေရး ထိေရာက္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ပါတယ္။ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ အေရွ ႔ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ အာဆီယံရဲ႕ ဘုံသေဘာတူခ်က္ (၅) ရပ္ အလုပ္မျဖစ္တာေၾကာင့္ ပိုၿပီးထိေရာက္အားေကာင္းတဲ့ လုပ္ေဆာင္မႈေတြ လုပ္ေဆာင္ရမွာျဖစ္ၿပီး ဒါကို အာဆီယံရဲ႕ ဦးေဆာင္မႈတခုတည္းနဲ႔ မလုပ္သင့္ဘူးလို႔ ဦးေအာင္မ်ိဳးမင္းက ေထာက္ျပခဲ့ပါတယ္။

စစ္အာဏာသိမ္းမႈေနာက္ပိုင္း ျပည္သူ႔ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကို တရားဝင္ အသိအမွတ္ျပဳဖို႔ လိုအပ္သလို၊ စစ္ေကာင္စီရဲ႕ ျပည္ပက ေလယာဥ္ဆီ တင္သြင္းမႈ ပိတ္ပင္တာအပါအဝင္ တျခားစီးပြားေရးအရ ပိတ္ဆို႔မႈဒဏ္ေတြကို ပိုၿပီးက်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

လူသားခ်င္းစာနာမူဆိုင္ရာ အကူအညီေတြနဲ႔ ပတ္သက္လို႔လည္း NUG နဲ႔ တိုင္းရင္းသားအဖြဲ႔ေတြကတဆင့္ လုပ္ေဆာင္သင့္တဲ့အေၾကာင္း ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔မတိုင္ခင္ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး အေျခအေနေတြကို ဥေရာပပါလီမန္မွာ NUG ဝန္ႀကီး ဦးေအာင္မ်ိဳးမင္း တင္ျပေျပာဆိုခြင့္ရခဲ့တာ ျဖစ္ပါတယ္။ ဦးေအာင္မ်ိဳးမင္းကေတာ့ EU ပါလီမန္က NUG ကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳၿပီး သူ႔ကို တက္ေရာက္စကားေျပာဖို႔ ဖိတ္ၾကားခဲ့တာလို႔ သူ႔ရဲ႕ facebook လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားၿပီး ဒီအတြက္ အီးယူပါလီမန္ကို ေက်းဇူးတင္ေၾကာင္း ေျပာဆိုထားပါတယ္။

==== Unicode ====

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ မနေ့က ဥရောပပါလီမန်အမတ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ ဘုံသဘောတူချက် (၅) ရပ် အလုပ်မဖြစ်တာကြောင့် ပိုပြီးထိရောက်အားကောင်းတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ရမှာဖြစ်ပြီး ဒါကို အာဆီယံရဲ့ ဦးဆောင်မှုတခုတည်းနဲ့ မလုပ်သင့်ဘူးလို့ ဦးအောင်မျိုးမင်းက ထောက်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အသိအမှတ်ပြုဖို့ လိုအပ်သလို၊ စစ်ကောင်စီရဲ့ ပြည်ပက လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်တာအပါအဝင် တခြားစီးပွားရေးအရ ပိတ်ဆို့မှုဒဏ်တွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လူသားချင်းစာနာမူဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်လို့လည်း NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေကတဆင့် လုပ်ဆောင်သင့်တဲ့အကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မတိုင်ခင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို ဥရောပပါလီမန်မှာ NUG ဝန်ကြီး ဦးအောင်မျိုးမင်း တင်ပြပြောဆိုခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဦးအောင်မျိုးမင်းကတော့ EU ပါလီမန်က NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး သူ့ကို တက်ရောက်စကားပြောဖို့ ဖိတ်ကြားခဲ့တာလို့ သူ့ရဲ့ facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပြီး ဒီအတွက် အီးယူပါလီမန်ကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG