သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှူးချုပ်ရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  António Guterres 
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  António Guterres 

[[Zawgyi/Unicode]]

လာမယ့် ၂၀၂၃ ခုနှစ်ဟာ ငြိမ်းချမ်းရေးကို အရင်ကထက် ပိုလိုအပ်နေတဲ့ နှစ်ဖြစ်ပြီး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးဖြေရှင်းဖို့လိုတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားတဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အိမ်တွင်းငြိမ်းချမ်းရေးရှိမှ အမျိုးသမီးနဲ့မိန်းခလေးတွေ ဂုဏ်သိက္ခာနဲ့လုံခြုံမှုရှိရှိ နေနိုင်မှာဖြစ်ပါတယ်။ လမ်းတွေပေါ်မှာငြိမ်းချမ်းဖို့၊ လူမှုအသိုင်းအဝိုင်း ငြိမ်းချမ်းဖို့၊ လူ့အခွင့်အရေး အားလုံး ကာကွယ်နိုင်ဖို့ လိုပါတယ်။ ကိုးကွယ်ယုံကြည်ရာနေရာတွေ ငြိမ်းချမ်းပြီး တဦးရဲ့ဘာသာတရားကို တဦးကလေးစားဖို့ လိုပါတယ်။ အွန်လိုင်းတွေပေါ်မှာလည်း ငြိမ်းချမ်းရေးရှိဖို့၊ အမုန်းတရားကင်းစင်ဖို့နဲ့ မတရားလုပ်ရပ်တွေ ချုပ်ငြိမ်းဖို့ လိုပါတယ်” - လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောဆိုသွားတာပါ။

၂၀၂၂ ခုနှစ်အတွင်းမှာ ကမ္ဘာတဝန်းကသန်းနဲ့ချီတဲ့လူတွေ၊ ပျက်စီးသွားတဲ့အိုးအိမ်တွေကိုစွန့်ပစ်ခဲ့ရပြီး ပိုမိုကောင်းမွန်တဲ့နေရာကို ဖွေရှာခဲ့ကြတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

နှစ်သစ်တိုင်းဟာ နှစ်ဟောင်းရဲ့အတိဒုက္ခတွေကြားက ပြန်လည်နိုးထတဲ့၊ ပြန်လည်မွေးဖွားတဲ့အခါသမယ ဖြစ်ကြောင်းပြောပြီး စစ်ကြောင့် ထွက်ပြေးရသူတွေ၊ တောမီးနဲ့ မိုးခေါင်တာလို သဘာဝဘေးနဲ့ ဆင်းရဲနွမ်းပါးတာတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ သန်း ၁၀၀ လောက် ရှိတယ်လို့လည်း ထည့်သွင်း ပြောဆိုသွားပါတယ်။

၂၀၂၃ ခုနှစ်ကို အားလုံးရဲ့နှလုံးသားမှာ ငြိမ်းချမ်းရေးကို အဓိကထားပြောဆိုလုပ်ကိုင်ကြဖို့လိုကြောင်း ပြောပြီး ဘဝတွေ၊ အိုးအိမ်တွေ ပြန်လည်တည်ဆောက်ဖို့နဲ့ အားလုံးနေထိုင်တဲ့ကမ္ဘာကို ပြန်လည် တည်ဆောက်နိုင်ဖို့ အတွင်းရေးမှူးချုပ် Guterres က တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

====================







XS
SM
MD
LG