စစ္ေကာင္စီရဲ႕ အင္အားသုံးႏွိမ္နင္းေနမႈေတြနဲ႔ ပတ္သက္လို႔ ျပင္းထန္တဲ့ အခ်က္အလက္ေတြပါတဲ့ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအစီရင္ခံစာကို မတ္လ (၇) ရက္ေန႔မွာ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ မဟာမင္းႀကီးသစ္ Volker Türk က တင္သြင္းဖို႔ ႐ွိေနေၾကာင္း NUG ၾကားကာလ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ဗြီအိုေအကို ေျပာပါတယ္။
"က်ေနာ္တုိ႔နဲ႔ ေတြ႔တဲ့အခါမွာလည္း လာမယ့္ လူ႔အခြင့္အေရးေကာင္စီ မတ္လ (၇) ရက္ေန႔ ေနာက္ထပ္အစီရင္ခံစာ၊ ပိုမိုျပင္းထန္မယ့္ အခ်က္ေတြပါတဲ့ အစီရင္ခံစာကို ထပ္ၿပီးထုတ္ပါမယ္။ နဂိုကတည္းက လူ႔အခြင့္အေရး အေျခခံစိတ္ဓါတ္ရိွတယ္။ ျမန္မာႏုိင္ငံရဲ ႔ လူ႔အခြင့္အေရး အေျခအေနကို ေကာင္းေကာင္းသိၿပီးေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ထုတ္ေဖာ္ေျပာဆိုဖုိ႔ အင္အားအသင့္ရိွၿပီသား ျဖစ္တဲ့အတြက္ က်ေနာ္တုိ႔ အားကိုးစရာ၊ ေနာက္တခါ က်ေနာ္တုိ႔နဲ႔ လက္တြဲလုပ္ေဆာင္စရာ လူ႔အခြင့္အေရး မဟာမင္းႀကီးျဖစ္မွာ ေသခ်ာပါတယ္။"
ေဖေဖၚဝါရီလ ၂၄ ရက္ေန႔က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ ကုလသမဂၢလူ႔အခြင့္အေရး မဟာမင္းႀကီး Volker Türk နဲ႔ ေတြ႔ဆုံခ်ိန္မွာလည္း ျမန္မာႏိုင္ငံမွာ ဆက္လက္ၿပီး ဆိုး႐ြားေနတဲ့ ေလေၾကာင္းက ပစ္ခတ္တိုက္ခိုက္မႈေတြ၊ ႐ြာေတြကို မီး႐ိႈ႕၊ လူေတြကို ဖမ္းဆီးသတ္ျဖတ္ေနတဲ့ အေျခအေနေတြကို တင္ျပခဲ့ေၾကာင္း လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။
လူ႔အခြင့္အေရးမဟာမင္းႀကီး တာဝန္ကို မႏွစ္ကစထမ္းေဆာင္ခဲ့တဲ့ Volker Türk အေနနဲ႔ သူ႔ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာကို ပထမဆုံးအႀကိမ္ တင္သြင္းမွာျဖစ္ပါတယ္။ မဟာမင္းႀကီးအေနနဲ႔ ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္တဲ့ အစီရင္ခံစာကို မၾကာခင္က တင္သြင္းထားတာ ျဖစ္ပါတယ္။
(၅၂) ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီ ညီလာခံကို ေဖေဖၚဝါရီလ (၂၇) ေန႔၊ တနလၤာေန႔မွာ စတင္က်င္းပမွာျဖစ္ၿပီး၊ ဧၿပီလ (၄) ရက္ေန႔မွာ ၿပီးဆုံးမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကိုယ္စားလွယ္အေရးမွာေတာ့ မႏွစ္ညီလာခံလိုပဲ ခုံအလြတ္ထား႐ွိမွာ ျဖစ္ပါတယ္။
ျမန္မာကိုယ္စားလွယ္ေနရာအတြက္ ဘယ္သူ႔ကိုထားမလဲဆိုတာ ဆုံးျဖတ္ခ်က္ခ်ဖို႔ ကုလသမဂၢ အေထြေထြညီလာခံက ေ႐ႊ႕ဆိုင္းခဲ့ၿပီး လက္႐ွိ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဆက္လက္ထား႐ွိဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အစိုးရကို ကိုယ္စားျပဳထားသူ ျဖစ္ပါတယ္။
ဒါေၾကာင့္ ကုလသမဂၢနဲ႔ လက္ေအာက္ခံ အဖြဲ႔အစည္းေတြရဲ႕ အေရးႀကီးတဲ့ ညီလာခံေတြမွာ ဒီႏွစ္အတြက္လည္း ျမန္မာကိုယ္စားလွယ္ေနရာ လြတ္လပ္ေနမွာ ျဖစ္တယ္လို႔ ျမန္မာ့အေရးအကဲခတ္ေတြက ေျပာပါတယ္။
====Unicode ====
စစ်ကောင်စီရဲ့ အင်အားသုံးနှိမ်နင်းနေမှုတွေနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အချက်အလက်တွေပါတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအစီရင်ခံစာကို မတ်လ (၇) ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီးသစ် Volker Türk က တင်သွင်းဖို့ ရှိနေကြောင်း NUG ကြားကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့နဲ့ တွေ့တဲ့အခါမှာလည်း လာမယ့် လူ့အခွင့်အရေးကောင်စီ မတ်လ (၇) ရက်နေ့ နောက်ထပ်အစီရင်ခံစာ၊ ပိုမိုပြင်းထန်မယ့် အချက်တွေပါတဲ့ အစီရင်ခံစာကို ထပ်ပြီးထုတ်ပါမယ်။ နဂိုကတည်းက လူ့အခွင့်အရေး အခြေခံစိတ်ဓါတ်ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကောင်းကောင်းသိပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုဖို့ အင်အားအသင့်ရှိပြီသား ဖြစ်တဲ့အတွက် ကျနော်တို့ အားကိုးစရာ၊ နောက်တခါ ကျနော်တို့နဲ့ လက်တွဲလုပ်ဆောင်စရာ လူ့အခွင့်အရေး မဟာမင်းကြီးဖြစ်မှာ သေချာပါတယ်။"
ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk နဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံမှာ ဆက်လက်ပြီး ဆိုးရွားနေတဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ရွာတွေကို မီးရှို့၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြောင်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
လူ့အခွင့်အရေးမဟာမင်းကြီး တာဝန်ကို မနှစ်ကစထမ်းဆောင်ခဲ့တဲ့ Volker Türk အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ပထမဆုံးအကြိမ် တင်သွင်းမှာဖြစ်ပါတယ်။ မဟာမင်းကြီးအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မကြာခင်က တင်သွင်းထားတာ ဖြစ်ပါတယ်။
(၅၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို ဖေဖေါ်ဝါရီလ (၂၇) နေ့၊ တနင်္လာနေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ ဧပြီလ (၄) ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အရေးမှာတော့ မနှစ်ညီလာခံလိုပဲ ခုံအလွတ်ထားရှိမှာ ဖြစ်ပါတယ်။
မြန်မာကိုယ်စားလှယ်နေရာအတွက် ဘယ်သူ့ကိုထားမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက ရွှေ့ဆိုင်းခဲ့ပြီး လက်ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ကိုယ်စားပြုထားသူ ဖြစ်ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ ညီလာခံတွေမှာ ဒီနှစ်အတွက်လည်း မြန်မာကိုယ်စားလှယ်နေရာ လွတ်လပ်နေမှာ ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက ပြောပါတယ်။