သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္း ကုန္း႐ြာမွာ အိမ္ ၆၀၀ ေက်ာ္မီးရႈိ႕ခံရ 


ယင္းမာပင္ ၿမိဳ႕နယ္ ကုန္းေက်း႐ြာ မီးရႈိ႕ခံရ (မတ္လ ၁ ရက္၊ ၂၀၂၃)

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ကုန္း႐ြာမွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္တပ္ၾကား မတ္လ ၁ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေလေၾကာင္းကေန ပစ္ခတ္တဲ့အထိ တိုက္ပြဲျပင္းထန္ခဲ့ပါတယ္။ စစ္တပ္ဝင္ေရာက္ခဲ့တဲ့ ကုန္း႐ြာထဲက ေနအိမ္ စုစုေပါင္း ၆၀၀ ေက်ာ္ မီးရႈိ႕ခံခဲ့ရသလို အရပ္သား ၃ ဦးလည္း ေသဆုံးခဲ့ရပါတယ္။ ကုန္း႐ြာအေျခအေန သတင္းကို ကိုေအာင္ေအာင္က ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ကုန္း႐ြာကို ေဖေဖာ္ဝါရီ ၂၈ ရက္က စစ္တပ္က ဝင္ေရာက္လာခ်ိန္ ေဒသခံကာကြယ္ေရးတပ္ေတြဘက္က မိုင္းဆြဲတိုက္ခိုက္ခဲ့ရတဲ့အတြက္ အဲ့ဒီေန႔ညေနမွာပဲ ကုန္း႐ြာထဲက ေနအိမ္ေတြကို စစ္တပ္က စတင္ မီးရႈိ႕ခဲ့ပါတယ္။ မတ္လ ၁ ရက္ေန႔ မေန႔က စစ္တပ္က ျပန္လည္ ထြက္ခြါခ်ိန္မွာလည္း မီးရႈိ႕ခဲ့တယ္လို႔ ေက်း႐ြာသားေတြက ေျပာပါတယ္။

ေနအိမ္ ၇၀၀ ေက်ာ္ ၈၀၀ နီးပါး ရွိတဲ့ ကုန္း႐ြာမွာ ေနအိမ္ ၆၃၀ နီးပါး မီးေလာင္ကြၽမ္းခဲ့တဲ့အျပင္ အရပ္သား ၃ ဦးလည္း အသတ္ခံခဲ့ရတယ္လို႔ ေဒသခံ တစ္ဦးက အခုလို ေျပာပါတယ္။

“႐ြာ့အေနာက္ဖက္ကေန ဝင္ဝင္ခ်င္းပစ္ေတာ့တာပဲ။ သူတို႔ကို ဒီဘက္က ကာကြယ္ေရးနဲ႔ PDF ကလည္း သူတို႔ ေထာင္ထားတဲ့မိုင္းက တခါတည္းမိသြားေတာ့တာ။ မိသြားေတာ့ သူတို႔က ႐ြာထဲဝင္ဝင္ခ်င္း ၾကမ္းေတာ့တာပဲ အကုန္မီးေတြ စရႈိ႕ေတာ့တာ။ အခုလိုက္စစ္ေနတုန္းက အိမ္ ၆၃၀ ေလာက္ က်သြားၿပီ။ လူ ၃ ေယာက္ေသတယ္။ ေသနတ္နဲ႔ ပစ္သတ္သြားတာ။ ႐ြာေဘးပုန္းေနတဲ့သူေတြ။ ေျပးတယ္ မလြတ္တာ ကမ္းပါးေဘး ႐ြာေဘးပုန္းတာ။ သူတို႔က အဲ့ဘက္ကို မလာေလာက္ဖူးထင္ၿပီး ကမ္းပါးေပးဝပ္ေနတာ စစ္ေၾကာင္းနဲ႔ တည့္တည့္ ဝင္တိုးသြားတာ။”

ပစ္သတ္ခံရသူေတြဟာ ကုန္းေက်း႐ြာသားေတြျဖစ္တဲ့ ဦးစန္းမင္း အသက္ ၆၀ ၊ ဦးတင္ထြန္း အသက္ ၅၀ နဲ႔ ကိုေအးလြင္ အသက္ ၄၀ တို႔ျဖစ္ၾကပါတယ္။

မတ္လ ၁ ရက္ ၾကာသပေတးေန႔မွာေတာ့ စစ္တပ္က ကုန္းေက်း႐ြာကေန ျပန္လည္ထြက္ခြါခ်ိန္မွာ ေဒသခံကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲျပင္းထန္ခဲ့ၿပီး စစ္တပ္ဘက္က ေလေၾကာင္းကေနပါ ပစ္ခတ္ခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႕ဘက္က ေျပာပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေက်ာက္လုံးႀကီးကာကြယ္ေရးအဖြဲ႕က တာဝန္ရွိသူက အခုလို ေျပာျပပါတယ္။

“မေန႔ကေတာ့ တိုက္ပြဲျပင္းတယ္။ Mi-35 ရဟတ္ယာဥ္နဲ႔ပါ လာပစ္တာ။ သူတို႔ ေသဆုံးတာလည္းမ်ားတယ္။ ထိခိုက္ဒဏ္ရာလည္းမ်ားတယ္။ အခ်ိန္က ၁ နာရီေလာက္ၾကာတယ္။ အဲ့႐ြာကိုမီးရႈိ႕လို႔ ကြၽန္ေတာ္တို႔က အျပင္မွာ သူတို႔ထြက္မယ့္လမ္းကို မိုင္းေထာင္ၿပီးေတာ့ အသင့္ေစာင့္ေနတာ။ သူတို႔ကမီးရႈိ႕ၿပီးရင္ ဒီ့အျပင္႐ြာကို ကူးမွာ ေျပာင္းမွာကို ေျပာင္းမွာကို ကြၽန္ေတာ္တို႔က အပိုင္ေစာင့္ၿပီး တိုက္ခိုက္ခဲ့တာ။ စကစေတြကေတာ့ ယင္းမာပင္ၿမိဳ႕ထဲကို ျပန္ဝင္သြားၿပီ။”

စစ္တပ္ေတြ ဝင္လာခ်ိန္မွာ ႐ြာထဲကေန ထြက္ေျပးခဲ့ၾကရတဲ့ ႐ြာသူ ႐ြာသားေတာ္ေတာ္မ်ားမ်ား ႐ြာထဲကို ျပန္မဝင္ရဲၾကေသးပါဘူး။ ဒီေန႔ မတ္လ ၂ ရက္ေန႔ ၾကာသပေတးေန႔ ညေနပိုင္းေရာက္တဲ့အထိ ႐ြာထဲက အိမ္တခ်ိဳ႕ မီးေလာင္ေနတာ မီးၿငိမ္းသတ္လို႔ မၿပီးေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

စစ်ကိုင်း ကုန်းရွာမှာ အိမ် ၆၀၀ ကျော်မီးရှို့ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းရွာမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား မတ်လ ၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းကနေ ပစ်ခတ်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်တပ်ဝင်ရောက်ခဲ့တဲ့ ကုန်းရွာထဲက နေအိမ် စုစုပေါင်း ၆၀၀ ကျော် မီးရှို့ခံခဲ့ရသလို အရပ်သား ၃ ဦးလည်း သေဆုံးခဲ့ရပါတယ်။ ကုန်းရွာအခြေအနေ သတင်းကို ကိုအောင်အောင်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းရွာကို ဖေဖော်ဝါရီ ၂၈ ရက်က စစ်တပ်က ဝင်ရောက်လာချိန် ဒေသခံကာကွယ်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရတဲ့အတွက် အဲ့ဒီနေ့ညနေမှာပဲ ကုန်းရွာထဲက နေအိမ်တွေကို စစ်တပ်က စတင် မီးရှို့ခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့ မနေ့က စစ်တပ်က ပြန်လည် ထွက်ခွါချိန်မှာလည်း မီးရှို့ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

နေအိမ် ၇၀၀ ကျော် ၈၀၀ နီးပါး ရှိတဲ့ ကုန်းရွာမှာ နေအိမ် ၆၃၀ နီးပါး မီးလောင်ကျွမ်းခဲ့တဲ့အပြင် အရပ်သား ၃ ဦးလည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“ရွာ့အနောက်ဖက်ကနေ ဝင်ဝင်ချင်းပစ်တော့တာပဲ။ သူတို့ကို ဒီဘက်က ကာကွယ်ရေးနဲ့ PDF ကလည်း သူတို့ ထောင်ထားတဲ့မိုင်းက တခါတည်းမိသွားတော့တာ။ မိသွားတော့ သူတို့က ရွာထဲဝင်ဝင်ချင်း ကြမ်းတော့တာပဲ အကုန်မီးတွေ စရှို့တော့တာ။ အခုလိုက်စစ်နေတုန်းက အိမ် ၆၃၀ လောက် ကျသွားပြီ။ လူ ၃ ယောက်သေတယ်။ သေနတ်နဲ့ ပစ်သတ်သွားတာ။ ရွာဘေးပုန်းနေတဲ့သူတွေ။ ပြေးတယ် မလွတ်တာ ကမ်းပါးဘေး ရွာဘေးပုန်းတာ။ သူတို့က အဲ့ဘက်ကို မလာလောက်ဖူးထင်ပြီး ကမ်းပါးပေးဝပ်နေတာ စစ်ကြောင်းနဲ့ တည့်တည့် ဝင်တိုးသွားတာ။”

ပစ်သတ်ခံရသူတွေဟာ ကုန်းကျေးရွာသားတွေဖြစ်တဲ့ ဦးစန်းမင်း အသက် ၆၀ ၊ ဦးတင်ထွန်း အသက် ၅၀ နဲ့ ကိုအေးလွင် အသက် ၄၀ တို့ဖြစ်ကြပါတယ်။

မတ်လ ၁ ရက် ကြာသပတေးနေ့မှာတော့ စစ်တပ်က ကုန်းကျေးရွာကနေ ပြန်လည်ထွက်ခွါချိန်မှာ ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေပါ ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကျောက်လုံးကြီးကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူက အခုလို ပြောပြပါတယ်။

“မနေ့ကတော့ တိုက်ပွဲပြင်းတယ်။ Mi-35 ရဟတ်ယာဉ်နဲ့ပါ လာပစ်တာ။ သူတို့ သေဆုံးတာလည်းများတယ်။ ထိခိုက်ဒဏ်ရာလည်းများတယ်။ အချိန်က ၁ နာရီလောက်ကြာတယ်။ အဲ့ရွာကိုမီးရှို့လို့ ကျွန်တော်တို့က အပြင်မှာ သူတို့ထွက်မယ့်လမ်းကို မိုင်းထောင်ပြီးတော့ အသင့်စောင့်နေတာ။ သူတို့ကမီးရှို့ပြီးရင် ဒီ့အပြင်ရွာကို ကူးမှာ ပြောင်းမှာကို ပြောင်းမှာကို ကျွန်တော်တို့က အပိုင်စောင့်ပြီး တိုက်ခိုက်ခဲ့တာ။ စကစတွေကတော့ ယင်းမာပင်မြို့ထဲကို ပြန်ဝင်သွားပြီ။”

စစ်တပ်တွေ ဝင်လာချိန်မှာ ရွာထဲကနေ ထွက်ပြေးခဲ့ကြရတဲ့ ရွာသူ ရွာသားတော်တော်များများ ရွာထဲကို ပြန်မဝင်ရဲကြသေးပါဘူး။ ဒီနေ့ မတ်လ ၂ ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းရောက်တဲ့အထိ ရွာထဲက အိမ်တချို့ မီးလောင်နေတာ မီးငြိမ်းသတ်လို့ မပြီးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG