သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လံုျခံဳေရးေကာင္စီရဲ႕ ျမန္မာ့အေရးဆံုးျဖတ္ခ်က္ ကန္ႀကိဳဆို


မွတ္တမ္း႐ုပ္ပံု

(Zawgyi / Unicode)

ကုလသမဂၢ လံုျခံဳေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဆံုးျဖတ္ခ်က္ အမွတ္ ၂၆၆၉ ကို အေမရိကန္ျပည္ေထာင္စုက ေထာက္ခံေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Linda Thomas-Greenfield က ဒီဇင္ဘာလ ၂၁ ရက္ ဗုဒၶဟူးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

ဒီဆံုးျဖတ္ခ်က္ကေန ႏိုင္ငံတကာ အသိုင္းဝိုင္းက ေတာင္းဆိုေနတဲ့ ျမန္မာစစ္တပ္ရဲ႕ ေၾကာက္မက္ဖြယ္ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ပစ္ဖို႔၊ တရားမဲ့ဖမ္းထားသူေတြကို ခ်က္ခ်င္းလႊတ္ေပးဖို႔၊ လူသားစာနာမႈ အေထာက္ကူေတြ ေပးခြင့္ျပဳဖို႔၊ လူနည္းစုအဖြဲ႔ေတြကို အကာကြယ္ေပးဖို႔နဲ႔ ျမန္မာလူထုရဲ႕ လူ႔အခြင့္ေရးကို ေလးစားဖို႔ေတြအတြက္ လုပ္ေဆာင္ခြင့္ရေတာ့မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အရပ္သား ျပည္သူနဲ႔ အရပ္ဖက္ အေျခခံအေဆာက္အအံုေတြ အတိုက္ခိုက္ခံရမႈကေန အပစ္မဲ့ကေလးငယ္ေတြ၊ အမ်ိဳးသမီး၊ အမ်ိဳးသား အမ်ားအျပား ေသေၾကခဲ့ရတာ အတြက္ အထူးစိုးရိမ္ေၾကာင္းလည္း ဒီဆံုးျဖတ္ခ်က္မွာ ေဖၚျပထားတာပါ။ ျမန္မာျပည္သူေတြ အႀကီးအက်ယ္ ခံစားေနတဲ့ ၾကားက ျမန္မာစစ္တပ္က ေဒသတြင္း မတည္ၿငိမ္ေအာင္ ရက္ရက္စက္စက္ ဆက္လက္လုပ္ေဆာင္ေနသလို ဒုကၡသည္ ျပႆနာ ႀကီးထြားလာၿပီး ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးကိုပါ တိုက္႐ိုက္ ထိခိုက္ေစတယ္လို႔လည္း ေျပာပါတယ္။

အခု ကုလသမဂၢ လံုျခံဳေရးေကာင္စီက ခ်မွတ္တဲ့ ဆံုးျဖတ္ခ်က္ အမွတ္ ၂၆၆၉ ဟာ ျမန္မာႏိုင္ငံတြင္း ေသြးေျမက်မႈေတြ ရပ္ဆိုင္းေစဖို႔ ေျခလွမ္းတရပ္ ျဖစ္ၿပီး ဒီထက္ပို ေဆာင္ရြက္ဖို႔ ရွိတယ္လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။ ဒါ့အျပင္ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ အေကာင္ထည္ေဖၚေရးကို ပံ့ပိုးေပးဖို႔၊ ျမန္မာစစ္တပ္ကို သူ႔ရဲ႕ ရက္စက္မႈ၊ က်ဴးလြန္မႈေတြ အတြက္ တာဝန္ခံ တာဝန္ယူမႈ ရွိလာေစဖို႔ ဆက္လက္လုပ္ေဆာင္ႏိုင္မယ့္ ဒီအခြင့္အလမ္းကို လံုျခံဳေရးေကာင္စီအေနနဲ႔ အမိအရ ဆုပ္ကိုင္ရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္ ျပည္ေထာင္စုကလည္း လံုျခံဳေရးေကာင္စီ အဖြဲ႔ဝင္ေတြနဲ႔ ကုလသမဂၢ အဖြဲ႔အစည္းေတြ၊ ကုလအဖြဲ႔ဝင္ ႏိုင္ငံေတြ၊ အာဆီယံအပါအဝင္ ေဒသတြင္း မိတ္ေဆြေတြနဲ႔ အတူ လက္တြဲၿပီး ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္း ျပန္ေလွ်ာက္လွမ္း ႏိုင္ေအာင္ ဆက္လက္ လုပ္ေဆာင္ေပးမွာ ျဖစ္ေၾကာင္းလည္း ကတိျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ကန်ကြိုဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ဒီဇင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကနေ နိုင်ငံတကာ အသိုင်းဝိုင်းက တောင်းဆိုနေတဲ့ မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ တရားမဲ့ဖမ်းထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ လူသားစာနာမှု အထောက်ကူတွေ ပေးခွင့်ပြုဖို့၊ လူနည်းစုအဖွဲ့တွေကို အကာကွယ်ပေးဖို့နဲ့ မြန်မာလူထုရဲ့ လူ့အခွင့်ရေးကို လေးစားဖို့တွေအတွက် လုပ်ဆောင်ခွင့်ရတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။

အရပ်သား ပြည်သူနဲ့ အရပ်ဖက် အခြေခံအဆောက်အအုံတွေ အတိုက်ခိုက်ခံရမှုကနေ အပစ်မဲ့ကလေးငယ်တွေ၊ အမျိုးသမီး၊ အမျိုးသား အများအပြား သေကြေခဲ့ရတာ အတွက် အထူးစိုးရိမ်ကြောင်းလည်း ဒီဆုံးဖြတ်ချက်မှာ ဖေါ်ပြထားတာပါ။ မြန်မာပြည်သူတွေ အကြီးအကျယ် ခံစားနေတဲ့ ကြားက မြန်မာစစ်တပ်က ဒေသတွင်း မတည်ငြိမ်အောင် ရက်ရက်စက်စက် ဆက်လက်လုပ်ဆောင်နေသလို ဒုက္ခသည် ပြဿနာ ကြီးထွားလာပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ တိုက်ရိုက် ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

အခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ဟာ မြန်မာနိုင်ငံတွင်း သွေးမြေကျမှုတွေ ရပ်ဆိုင်းစေဖို့ ခြေလှမ်းတရပ် ဖြစ်ပြီး ဒီထက်ပို ဆောင်ရွက်ဖို့ ရှိတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်ထည်ဖေါ်ရေးကို ပံ့ပိုးပေးဖို့၊ မြန်မာစစ်တပ်ကို သူ့ရဲ့ ရက်စက်မှု၊ ကျူးလွန်မှုတွေ အတွက် တာဝန်ခံ တာဝန်ယူမှု ရှိလာစေဖို့ ဆက်လက်လုပ်ဆောင်နိုင်မယ့် ဒီအခွင့်အလမ်းကို လုံခြုံရေးကောင်စီအနေနဲ့ အမိအရ ဆုပ်ကိုင်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ ကုလအဖွဲ့ဝင် နိုင်ငံတွေ၊ အာဆီယံအပါအဝင် ဒေသတွင်း မိတ်ဆွေတွေနဲ့ အတူ လက်တွဲပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်လျှောက်လှမ်း နိုင်အောင် ဆက်လက် လုပ်ဆောင်ပေးမှာ ဖြစ်ကြောင်းလည်း ကတိပြုခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG