သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီထဲပြန်ဝင်လာတဲ့ အမေရိကန် မြန်မာ့အရေး အလေးထားမည်


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield

[[ Zawgyi ]]

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြန်လည်ပါဝင်လာတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေး အပါအဝင် နိုင်ငံတကာ ပြဿနာတွေကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအပြင်၊ တာလီဘန်တွေ သိမ်းပိုက်လိုက်တဲ့ အာဖဂန်နစ္စတန်၊ တရုတ်၊ အီသီယိုပီးယား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို အာရုံစိုက်သွားမှာဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်သစ်အဖြစ် အခြေခံလွတ်လပ်ခွင့်၊ အမျိုးသမီး အခွင့်အရေးတွေကို လေးစားဖို့ တိုးမြှင့်ဆောင်ရွက်မှာဖြစ်ပြီး၊ ဘာသာရေးခွဲခြားမှုတွေ၊ လူမျိုးရေးအရ မညီမျှမှုတွေ၊ လိင်စိတ်ကွဲပြားသူတွေနဲ့ မသန်စွမ်းတွေ အပါအဝင် လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီဟာ အစ္စရေးလ်ကို ဆန့်ကျင်ရပ်တည်နေသလို၊ ပြုပြင်ပြောင်းလဲရေးတွေလည်း အားနည်းခဲ့တယ်ဆိုပြီး သမ္မတဟောင်း Donald Trump လက်ထက်မှာ အမေရိကန်က အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ။

၃ နှစ်ကျော်ကြာ နုတ်ထွက်ခဲ့ပြီးနောက် ကြာသပတေးနေ့က အဖွဲ့ဝင်အဖြစ် ပြန်လည်ပူးပေါင်းလာခဲ့တဲ့ အမေရိကန်အနေနဲ့ အစ္စရေးလ် နိုင်ငံအပေါ် မမျှမတဆက်ဆံတာမျိုးကိုတော့ လက်ခံမှာ မဟုတ်ကြောင်းလည်း အမေရိကန်သံအမတ်ကြီးက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

လူ့အခွင့်အရေးကောင်စီထဲပြန်ဝင်လာတဲ့ အမေရိကန် မြန်မာ့အရေး အလေးထားမည်
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

{{ Unicode }}







XS
SM
MD
LG