သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္း ကုလဆိုင္ရာ ကန္သံအမတ္ႀကီး ထိုင္းအစိုးရနဲ႔ေဆြးေႏြး


(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ပတ္သက္လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Linda Thomas-Greenfield က ထိုင္းအစိုးရတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးပါတယ္။ ျမန္မာႏိုင္ငံ အက်ပ္အတည္းနဲ႔ ေဒသတြင္း တည္ၿငိမ္မႈကိုပါ ႐ိုက္ခတ္လာႏိုင္တဲ့အေပၚ စိုးရိမ္မႈေတြကို အေမရိကန္သံအမတ္ႀကီးက ထိုင္းဒုတိယ၀န္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိုင္ငံျခားေရး ၀န္ႀကီးလည္းျဖစ္တဲ့ Don Pramudwinai နဲ႔ အဂၤါေန႔က ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ေတြ႕ဆုံရာမွာ ေျပာဆိုခဲ့ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့တာပါ။

လူ႔အခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြကို အကာအကြယ္ေပးေရးဟာ အေရးႀကီးေၾကာင္းလည္း ေျပာပါတယ္။ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီးရဲ႕ ထိုင္းႏိုင္ငံ ခရီးစဥ္မွာပဲ ျမန္မာႏိုင္ငံအတြက္ စာနာမႈ အကူအညီအျဖစ္ အေမရိကန္ေဒၚလာ သန္း ၅၀ ေက်ာ္ ကူညီမယ့္ အစီအစဥ္ကိုလည္း ေၾကညာခဲ့တာပါ။ အကူအညီေတြကိုေတာ့ အၾကမ္းဖက္မႈေတြနဲ႔ အျပစ္ေပး အေရးယူခံရမယ့္ အေျခအေနက တိမ္းေရွာင္လာသူေတြ အပါအ၀င္ ျမန္မာျပည္သူေတြအတြက္ ေပးအပ္သြားမွာ ျဖစ္ေၾကာင္းလည္း အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

အကူအညီေတြကိုေတာ့ အေမရိကန္နဲ႔ လက္တဲြေဆာင္ရြက္ေနတဲ့ ႏိုင္ငံတကာ အဖဲြ႕အစည္းေတြ အစိုးရမဟုတ္တဲ့ အဖဲြ႕အစည္းေတြကေန အေရးတႀကီး လိုအပ္ေနသူေတြကို ေပးအပ္မွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးအေျခအေန မတည္မၿငိမ္ ၾကံဳေနရသလို ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ စတင္ခ်ိန္ကစလို႔ အဆိုးဆုံး အေျခအေနေတြ ၾကံဳေနရတာပါ။

အေမရိကန္ သံအမတ္ႀကီးကေတာ့ လူသားခ်င္း စာနာမႈအကူအညီေတြ အေရးတႀကီး လိုအပ္ေနတဲ့ ျမန္မာႏိုင္ငံကို အလွဴရွင္ေတြ ရက္ရက္ေလ်ာေလ်ာ ကူညီၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကုလဆိုင်ရာ ကန်သံအမတ်ကြီး ထိုင်းအစိုးရနဲ့ဆွေးနွေး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ဒေသတွင်း တည်ငြိမ်မှုကိုပါ ရိုက်ခတ်လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေကို အမေရိကန်သံအမတ်ကြီးက ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai နဲ့ အင်္ဂါနေ့က ဘန်ကောက်မြို့တော်မှာ တွေ့ဆုံရာမှာ ပြောဆိုခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးရေးဟာ အရေးကြီးကြောင်းလည်း ပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာပဲ မြန်မာနိုင်ငံအတွက် စာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ကူညီမယ့် အစီအစဉ်ကိုလည်း ကြေညာခဲ့တာပါ။ အကူအညီတွေကိုတော့ အကြမ်းဖက်မှုတွေနဲ့ အပြစ်ပေး အရေးယူခံရမယ့် အခြေအနေက တိမ်းရှောင်လာသူတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် ပေးအပ်သွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အကူအညီတွေကိုတော့ အမေရိကန်နဲ့ လက်တွဲဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ အရေးတကြီး လိုအပ်နေသူတွေကို ပေးအပ်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေ မတည်မငြိမ် ကြုံနေရသလို ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေတွေ ကြုံနေရတာပါ။

အမေရိကန် သံအမတ်ကြီးကတော့ လူသားချင်း စာနာမှုအကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ မြန်မာနိုင်ငံကို အလှူရှင်တွေ ရက်ရက်လျောလျော ကူညီကြဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG