သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထု အကူအညီေပးေရးကိစၥ ကန္သံအမတ္ႀကီးနဲ႔ ေဒါက္တာစင္သီယာေမာင္ ေဆြးေႏြး


ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield နဲ႔ ေဒါက္တာစင္သီယာေမာင္ တို႔ အြန္လိုင္းကေန ေတြ႔ဆံု ေဆြးေႏြးတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield - ၾသဂုတ္ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္အစိုးရက ျမန္မာလူထုအတြက္ လူသားစာနာမႈအကူအညီ ေဒၚလာ သန္း ၅၀ ေက်ာ္ေပးမယ္လို႔ ေၾကညာထားၿပီး အဲဒီအကူအညီေပးေရးကိစၥ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ဟာ ထိုင္း-ျမန္မာနယ္စပ္ မယ္ေတာ္ေဆးခန္းက ေဒါက္တာစင္သီယာေမာင္နဲ႔လည္း မေန႔က ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ သံအမတ္ႀကီး Greenfield ဟာ ထိုင္းႏိုင္ငံခရီးစဥ္အတြင္း ဒီအကူအညီေပးေရးကိစၥ ေၾကညာခဲ့တာျဖစ္ၿပီး ဒီခရီးစဥ္အတြင္းမွာပဲ ေဒါက္တာစင္သီယာေမာင္နဲ႔ အြန္လိုင္းကတဆင့္ ဆက္သြယ္ေဆြးေႏြးတာပါ။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

အေမရိကန္ကေပးမယ့္ လူသားစာနာမႈအကူအညီ ေဒၚလာ သန္း ၅၀ ေက်ာ္ကို ဘယ္လိုကိစၥရပ္ေတြအတြက္ အသုံးျပဳမယ္ဆိုတာ ဆက္သြယ္ေဆြးေႏြးခ်ိန္အတြင္း သံအမတ္ႀကီး Greenfield က ေျပာခဲ့တယ္လို႔ ေဒါက္တာစင္သီယာေမာင္က ဗြီအိုေအကိုေျပာပါတယ္။

"သူတို႔ေပးမယ့္အကူညီကေတာ့ က်န္းမာေရးလည္းပါတယ္။ စားနပ္ရိကၡာပိုင္းေတြလည္း ပါတယ္။ အကာကြယ္ေပးေရးေတြ ပါတယ္။ အထူးသျဖင့္ကေလးေတြ၊ အမ်ိဳးသမီးေတြအကာကြယ္ေပးေရးေတြ ႏိုင္ငံေရးေၾကာင့္ ထိုင္းႏိုင္ငံထဲမွာခိုလႈံေနထိုင္ရသူေတြ တိုင္းရင္းသားေဒသေတြမွာ ေနထိုင္ရသူေတြ ေ႐ႊ႕ေျပာင္းလူထုေတြဆိုေတာ့ အားလုံးပါတယ္။ ဌာနေပါင္းစုံ ပညာေရး က်န္းမာေရးေပါ့ USAID က ေပးတဲ့အတိုင္းလိုမ်ိဳး ဒါေတာ့ NGO ေတြနဲ႔ က်န္းမာေရးအဖြဲ႕ေတြ လူထုအေျချပဳအဖြဲ႕ေတြ ညႇိႏိႈင္းၿပီးေတာ့ ထိထိေရာက္ေရာက္ျဖစ္ေအာင္ ရရွိတဲ့ ရန္ပုံေငြကိုပဲျဖစ္ျဖစ္ ေဆးဝါးကိစၥေတြျဖစ္ျဖစ္ လူနာလဲႊေျပာင္းတဲ့ကိစၥျဖစ္ျဖစ္ေပါ့။"

သံအမတ္ႀကီး Greenfield ဟာ ဒီကေန႔မွာလည္း ထိုင္းႏုိင္ငံနဲ႔ ျမန္မာႏုိင္ငံတြင္းမွာ လုပ္ကိုင္ေနၾကတဲ့ ႏုိင္ငံတကာအဖြဲ႔အစည္းေတြ၊ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြနဲ႔ ေတြ႔ဆံုၿပီး ျမန္မာလူထု ရင္ဆုိင္ၾကံဳေတြ႔ေနရတဲ့ လူသားစာနာမႈဆုိင္ရာ လိုအပ္ခ်က္ေတြ၊ စိန္ေခၚမႈအခက္အခဲေတြ၊ အခြင့္အလမ္းေတြအေၾကာင္းနဲ႔ ေဒသတြင္း ပိုမိုလံုျခံဳေရးဆိုင္ရာကိစၥရပ္ေတြကို ေဆြးေႏြးခဲ့တယ္လုိ႔ ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ံုးက သူတို႔ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။

ေဒၚလာ သန္း ၅၀ ေက်ာ္ ရန္ပံုေငြအကူအညီကို ႏုိင္ငံတကာ တရားဝင္အဖြဲ႔အစည္းေတြကေနတဆင့္ ေပးအပ္သြားမွာျဖစ္ၿပီး ေဒါက္တာစင္သီယာေမာင္ အၾကံေပးအဖြဲ႔ဝင္အျဖစ္ပါဝင္တဲ့ အမ်ဳိးသားက်န္းမာေရးေကာ္မတီကေနတဆင့္ ေပးမွာမ်ဳိး မဟုတ္ဘူးလို႔ ေဒါက္တာစင္သီယာေမာင္ကေျပာပါတယ္။

"တရားဝင္မွတ္ပုံတင္ထားတဲ့ အဖြဲ႕အစည္းေတြ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကို ျဖတ္သန္းသြားမွာေပါ့။ ဥပမာ USAID လိုမ်ိဳးလား၊ IRC တို႔လိုမ်ိဳးလား။ ထိုင္းႏိုင္ငံမွာအ ေျခစိုက္ၿပီး လုပ္ေနတဲ့ မွတ္ပုံတင္ထားတဲ့အဖြဲ႕ေတြကို အေျချပဳၿပီး အလုပ္လုပ္သြားႏိုင္ဖို႔၊ National Health Committee ကေတာ့ တိုင္းရင္းသားအေရး ျမန္မာႏိုင္ငံအေရးတို႔နဲ႔ ပတ္သက္လို႔ ရံပုံေငြေတြ ရရွိဖို႔တို႔ နယ္စပ္ျဖတ္ေက်ာ္တဲ့အကူညီေတြ ရဖို႔ေတာ့ႀကိဳးစားသြားမွာေပါ့ေနာ္။ အကယ္လို႔မ်ား တိုင္းရင္းသား တဖြဲ႕ခ်င္းအလိုက္ကလည္း သူတို႔ေဒသအလိုက္လိုအပ္တဲ့နည္းပညာပိုင္းေတြ လုပ္ထုံးလုပ္နည္းေတြ က်န္းမာေရးအရျဖစ္ေစ ကုသေရးအရျဖစ္ေစ၊ ကာကြယ္ေရးပိုင္းျဖစ္ေစ ေဒသအလိုက္လိုအပ္တဲ့အကူညီေတြေတာ့ သူတို႔ပံ့ပိုးေပးသြားမွာေပါ့။"

အမ်ဳိးသားက်န္းမာေရးေကာ္မတီဆိုတာကေတာ့ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG)၊ တုိင္းရင္းသားက်န္းမာေရးအဖြဲ႔အစည္းေတြနဲ႔ ႏုိင္ငံတကာပညာရွင္ေတြ ပူးေပါင္းၿပီး မၾကာေသးခင္က ဖြဲ႔စည္းထားတာပါ။

သံအမတ္ႀကီး Greenfield ၾသဂုတ္လ ၁၀ ရက္ေန႔က ထုိင္းႏိုင္ငံမွာ ေရာက္ေနခ်ိန္အတြင္း ေၾကညာခဲ့တဲ့ လူသားစာနာမႈအကူအညီကို ျမန္မာႏုိင္ငံကေန ထြက္ေျပးသြားရသူေတြ၊ ႏုိင္္ငံတြင္း အိုးအိမ္စြန္႔ ထြက္ေျပးေနရသူေတြအတြက္ အေရးေပၚ စားနပ္ရိကၡာအကူအညီ၊ အသက္ကယ္ အကာအကြယ္၊ အမိုးအကာ၊ အေျခခံ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေရနဲ႔ သန႔္ရွင္းေရးတို႔အတြက္ အသံုးျပဳသြားမွာျဖစ္တယ္လုိ႔ ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလူထု အကူအညီပေးရေးကိစ္စ ကန်သံအမတ်ကြီးနဲ့ ဒေါက်တာစင်သီယာမောင် ဆွေးနွေး

အမေရိကန်အစိုးရက မြန်မာလူထုအတွက် လူသားစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ပေးမယ်လို့ ကြေညာထားပြီး အဲဒီအကူအညီပေးရေးကိစ္စ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်နဲ့လည်း မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သံအမတ်ကြီး Greenfield ဟာ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒီအကူအညီပေးရေးကိစ္စ ကြေညာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်အတွင်းမှာပဲ ဒေါက်တာစင်သီယာမောင်နဲ့ အွန်လိုင်းကတဆင့် ဆက်သွယ်ဆွေးနွေးတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမေရိကန်ကပေးမယ့် လူသားစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ကို ဘယ်လိုကိစ္စရပ်တွေအတွက် အသုံးပြုမယ်ဆိုတာ ဆက်သွယ်ဆွေးနွေးချိန်အတွင်း သံအမတ်ကြီး Greenfield က ပြောခဲ့တယ်လို့ ဒေါက်တာစင်သီယာမောင်က ဗွီအိုအေကိုပြောပါတယ်။

"သူတို့ပေးမယ့်အကူညီကတော့ ကျန်းမာရေးလည်းပါတယ်။ စားနပ်ရိက္ခာပိုင်းတွေလည်း ပါတယ်။ အကာကွယ်ပေးရေးတွေ ပါတယ်။ အထူးသဖြင့်ကလေးတွေ၊ အမျိုးသမီးတွေအကာကွယ်ပေးရေးတွေ နိုင်ငံရေးကြောင့် ထိုင်းနိုင်ငံထဲမှာခိုလှုံနေထိုင်ရသူတွေ တိုင်းရင်းသားဒေသတွေမှာ နေထိုင်ရသူတွေ ရွှေ့ပြောင်းလူထုတွေဆိုတော့ အားလုံးပါတယ်။ ဌာနပေါင်းစုံ ပညာရေး ကျန်းမာရေးပေါ့ USAID က ပေးတဲ့အတိုင်းလိုမျိုး ဒါတော့ NGO တွေနဲ့ ကျန်းမာရေးအဖွဲ့တွေ လူထုအခြေပြုအဖွဲ့တွေ ညှိနှိုင်းပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် ရရှိတဲ့ ရန်ပုံငွေကိုပဲဖြစ်ဖြစ် ဆေးဝါးကိစ္စတွေဖြစ်ဖြစ် လူနာလွဲှပြောင်းတဲ့ကိစ္စဖြစ်ဖြစ်ပေါ့။"

သံအမတ်ကြီး Greenfield ဟာ ဒီကနေ့မှာလည်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး မြန်မာလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူသားစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုအခက်အခဲတွေ၊ အခွင့်အလမ်းတွေအကြောင်းနဲ့ ဒေသတွင်း ပိုမိုလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးက သူတို့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒေါ်လာ သန်း ၅၀ ကျော် ရန်ပုံငွေအကူအညီကို နိုင်ငံတကာ တရားဝင်အဖွဲ့အစည်းတွေကနေတဆင့် ပေးအပ်သွားမှာဖြစ်ပြီး ဒေါက်တာစင်သီယာမောင် အကြံပေးအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ အမျိုးသားကျန်းမာရေးကော်မတီကနေတဆင့် ပေးမှာမျိုး မဟုတ်ဘူးလို့ ဒေါက်တာစင်သီယာမောင်ကပြောပါတယ်။

"တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဖြတ်သန်းသွားမှာပေါ့။ ဥပမာ USAID လိုမျိုးလား၊ IRC တို့လိုမျိုးလား။ ထိုင်းနိုင်ငံမှာအ ခြေစိုက်ပြီး လုပ်နေတဲ့ မှတ်ပုံတင်ထားတဲ့အဖွဲ့တွေကို အခြေပြုပြီး အလုပ်လုပ်သွားနိုင်ဖို့၊ National Health Committee ကတော့ တိုင်းရင်းသားအရေး မြန်မာနိုင်ငံအရေးတို့နဲ့ ပတ်သက်လို့ ရံပုံငွေတွေ ရရှိဖို့တို့ နယ်စပ်ဖြတ်ကျော်တဲ့အကူညီတွေ ရဖို့တော့ကြိုးစားသွားမှာပေါ့နော်။ အကယ်လို့များ တိုင်းရင်းသား တဖွဲ့ချင်းအလိုက်ကလည်း သူတို့ဒေသအလိုက်လိုအပ်တဲ့နည်းပညာပိုင်းတွေ လုပ်ထုံးလုပ်နည်းတွေ ကျန်းမာရေးအရဖြစ်စေ ကုသရေးအရဖြစ်စေ၊ ကာကွယ်ရေးပိုင်းဖြစ်စေ ဒေသအလိုက်လိုအပ်တဲ့အကူညီတွေတော့ သူတို့ပံ့ပိုးပေးသွားမှာပေါ့။"

အမျိုးသားကျန်းမာရေးကော်မတီဆိုတာကတော့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာပညာရှင်တွေ ပူးပေါင်းပြီး မကြာသေးခင်က ဖွဲ့စည်းထားတာပါ။

သံအမတ်ကြီး Greenfield သြဂုတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံမှာ ရောက်နေချိန်အတွင်း ကြေညာခဲ့တဲ့ လူသားစာနာမှုအကူအညီကို မြန်မာနိုင်ငံကနေ ထွက်ပြေးသွားရသူတွေ၊ နိုင်ငံတွင်း အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ် အကာအကွယ်၊ အမိုးအကာ၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနဲ့ သန့်ရှင်းရေးတို့အတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG