သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအာဏာပိုင္ေတြ ဖမ္းဆီးစဥ္ ေသဆုံးမႈေတြအတြက္ HRW ေ၀ဖန္


စစ္ေကာင္စီတပ္ေတြ လာေရာက္ဖမ္းဆီးစဥ္ ဗိုလ္တေထာင္ ၄၄ လမ္း ေလးထပ္တိုက္ေပၚကေန ခုန္ခ်ၿပီးကတၱရာလမ္းေပၚက်ခဲ့တဲ့ လူငယ္ငါးဦး (ဓါတ္ပံု-ေပးပို႔)

လက္ရွိ စစ္ေကာင္စီရဲ႕ အင္အားသံုး အၾကမ္းဖက္ဖမ္းဆီးမႈလုပ္ရပ္ေတြကိုၾကည့္ရင္ ျမန္မာစစ္တပ္ဟာ အထိန္းအခ်ဳပ္မရွိတဲ့ အဆင့္ေရာက္ေနၿပီ ဒါဟာ ျမန္မာျပည္သူေတြလိုလားတဲ့ အနာဂတ္မ်ဳိး မဟုတ္ဘူးလို႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရး အဖဲြ႕ႀကီးက ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕လယ္ေကာင္မွာ ၾသဂုတ္လ (၁၀)ရက္ေန႔က ျဖစ္ခဲ့တဲ့ စစ္တပ္ရဲ႕ အင္အားသံုး၀င္ေရာက္စီးနင္း ဖမ္းဆီးမႈေၾကာင့္ တိုက္ေပၚက ခုန္ခ်ခဲ့တဲ့ လူငယ္ ငါးဦးရဲ႕ျဖစ္ရပ္နဲ႔ ပတ္သက္လို႔ HRW ကတုန္႔ျပန္ေျပာၾကားလိုက္တာျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္က အေၾကာင္းစံုတင္ျပမွာပါ။

ဗိုလ္တေထာင္ ၄၄ လမ္းေအာက္ဘက္က တိုက္ခန္းတခုကိုအဂၤါေန႔က တပ္ခဲြ ၁ ခဲြစာေလာက္ရွိတဲ့ လံုျခံဳေရးတပ္ဖဲြ႕ေတြ ၀င္ေရာက္ဖမ္းဆီးခဲ့တဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ စစ္တပ္ပိုင္ ျမ၀တီ႐ုပ္သံကေန ဗုဒၶဟူးေန႔က သတင္းေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီထဲမွာေတာ့-ဗိုလ္တေထာင္ၿမိဳ႕နယ္ ၄၄ လမ္း တိုက္အမွတ္ ၁၆၊ ၄ လႊာရွိတိုက္ခန္းမွာ ေဖာက္ခြဲဖ်က္ဆီးေရး ဆက္စပ္ပစၥည္းေတြနဲ႔အတူ အမ်ိဳးသားႏွစ္ဦး အမ်ိဳးသမီးတဦး ဖမ္းဆီးရမိခဲ့ၿပီး ခုန္ခ်ထြက္ေျပးရန္ ႀကိဳးစားသူငါးဦးအနက္ အမ်ိဳးသားတဦးနဲ႕ အမ်ိဳးသမီးတဦးေသဆုံးခဲ့ေၾကာင္း၊ က်န္သုံးဦးကိုေတာ့ စစ္ေဆး႐ံုမွာ ကုသေပးေနတယ္လို႔ ဆိုပါတယ္။

ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ HRW အဖဲြ႕အေနနဲ႕ အခ်က္အလက္ေတြကို ကိုယ္တိုင္စံုစမ္းျပဳစုတာမ်ဳိး မလုပ္ရေသးေပမဲ့ စစ္ေကာင္စီဟာ သူတို႔ကို ဆန္႔က်င္သူေတြကို လိုက္လံဖမ္းဆီးရာမွာ အင္အားသံုးႏွိပ္စက္တာ၊ မိသားစုေတြကိုပါ ဖမ္းဆီးၿခိမ္းေျခာက္တာေတြ လုပ္ေဆာင္ေနၿပီး စစ္တပ္ဟာသူရဲ႕လုပ္ရပ္ေတြကို အထိန္းအခ်ဳပ္မရွိက်ဴးလြန္ေနေၾကာင္း နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႕ႀကီးရဲ႕ အာရွမူဝါဒေရးရာ ၫြန္ၾကားေရးမွဴး John Sifton က ဗြီအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ ဒီကိစၥကို ကိုယ္တိုင္ စံုစမ္းစစ္ေဆးေလ့လာတာမ်ဳိး မလုပ္ရေသးပါဘူး။ ဒါေပမဲ့ က်ေနာ္တို႔ သိထားတာကေတာ့ ျမန္မာစစ္တပ္ဟာ သူတို႔ကို ဆန္႔က်င္သူေတြကို ဖမ္းဆီးရွာေဖြတဲ့ေနရာမွာ မေတြ႕ရင္အျခး မိသားစု၀င္ေတြကိုပါ ဖမ္းဆီး၊ ႏွိပ္စက္ၫွင္းပမ္းတာ၊ ခ်ဳပ္ေႏွာင္ထားတာ၊ ေသနတ္နဲ႔ အင္အားသံုး ၿခိမ္းေျခာက္တာ စတဲ့ ရက္စက္တဲ့ နည္းနာေတြကို အသံုးျပဳေနတာပါ။ ဒါေတြဟာ သူတို႔ မလုပ္သင့္တဲ့အရာေတြပါ။ ျမန္မာစစ္တပ္ဟာ အထိန္းအခ်ဳပ္မရွိျဖစ္ေနပါတယ္။ ဒီလိုအေျခအေနမ်ဳိး သူတို႔အနာဂတ္အတြက္ ျမန္မာျပည္သူေတြ မလိုလားဘူးဆိုတာ စစ္ေကာင္စီအေနနဲ႔ သိဖို႔ လိုေနပါတယ္။”

ဒါေၾကာင့္လည္း လံုျခံဳေရးတပ္ေတြရဲ႕ အင္အားသံုးဖမ္းဆီးမႈကို လူေတြေၾကာက္ရြံထိတ္လန္႔ၾကမွာျဖစ္ၿပီး အဖမ္းမခံရေအာင္ ထြက္ေျပးၾကမွာျဖစ္တယ္လို႔လည္း John Sifton ကေျပာပါတယ္။ ဒီလိုျဖစ္ရပ္ေတြဟာ တိုင္းရင္းသားေဒသေတြမွာ ႏွစ္ေပါင္းမ်ားစြာကတည္းက ၾကံဳေတြ႕ခဲ့ရတယ္လို႔လည္း သူကဆိုပါတယ္။

ဗိုလ္တေထာင္ ၄၄ လမ္းမွာ ၾသဂုတ္လ (၁၀)ရက္ေန႔ကျဖစ္ခဲ့တဲ့ အျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ အဲဒီတိုက္နားမွာေနထိုင္ေနသူတဦးကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းရာမွာ စစ္ေကာင္စီရဲ႕ ဖမ္းဆီးမႈကိုလူငယ္ေတြဘက္က ဒူးမေထာက္ လက္မေႁမွာက္ခ်င္တဲ့အတြက္ တိုက္ေပၚက ခုန္ခ်သြားၾကတာလို႔ ျမင္ေၾကာင္း ေျပာပါတယ္။ ဒါအျပင္ လံုျခံဳေရးတပ္ဖဲြ႕၀င္အင္အား အနည္းဆံုး ၃၀ ေက်ာ္ေလာက္ရွိမယ္လို႔လည္း သူက ခန္႔မွန္းေျပာဆိုပါတယ္။

သူကိုယ္တိုင္လည္း မတ္လဆႏၵျပပဲြမွာဖမ္းဆီးခံရၿပီးျပန္လြတ္လာသူတဦးျဖစ္တဲ့အျပင္ ကိုယ္တိုင္လည္း စစ္အာဏာသိမ္းဆန္႔က်င္ေရး ရန္ကုန္ၿမိဳ႕က ေပ်ာက္က်ားသပိတ္ေတြမွာ ဆက္ၿပီးပါ၀င္ေနဆဲျဖစ္တာမို႔ ဒီလိုဖမ္းဆီးမႈေၾကာင့္ သူတို႔လႈပ္ရွားမႈေတြ ရပ္တန္႔သြားဖို႔ မရွိဘူးလို႔ ေျပာပါတယ္။

တိုက္ေပၚက ခုန္ခ်ခဲ့တဲ့ ငါးဦးအနက္ မေ၀ေဝျမင့္နဲ႔ ကိုေ၀ေဇာ္ၿဖိဳး တို႔ႏွစ္ဦး ေနရာမွာတင္ပဲြခ်င္းၿပီး ေသဆံုးခဲ့ၾကပါတယ္။ ေနာက္ထပ္ သံုးဦးျဖစ္တဲ့ ကိုရဲမင္းဦး၊ ကိုမင္းသစၥာေအာင္နဲ႔ ကိုေ၀ယံထက္ တို႔ကေတာ့ တိုက္ေပၚက ခုန္ခ်ၿပီးေနာက္ ဒဏ္ရာေတြနဲ႔ ဖမ္းဆီးရခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားေပမယ့္ သက္ဆိုင္တဲ့ မိသားစု၀င္ေတြကေတာ့ အခုခ်ိန္ထိ ေတြ႕ဆံုခြင့္မရေသးပါဘူး။

----------------------------------------------

လက်ရှိ စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက်ဖမ်းဆီးမှုလုပ်ရပ်တွေကိုကြည့်ရင် မြန်မာစစ်တပ်ဟာ အထိန်းအချုပ်မရှိတဲ့ အဆင့်ရောက်နေပြီ ဒါဟာ မြန်မာပြည်သူတွေလိုလားတဲ့ အနာဂတ်မျိုး မဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့လယ်ကောင်မှာ သြဂုတ်လ (၁၀)ရက်နေ့က ဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ အင်အားသုံးဝင်ရောက်စီးနင်း ဖမ်းဆီးမှုကြောင့် တိုက်ပေါ်က ခုန်ချခဲ့တဲ့ လူငယ် ငါးဦးရဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ HRW ကတုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။
မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြမှာပါ။
ဗိုလ်တထောင် ၄၄ လမ်းအောက်ဘက်က တိုက်ခန်းတခုကို အင်္ဂါနေ့က တပ်ခွဲ ၁ ခွဲစာလောက်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ဗုဒ္ဓဟူးနေ့က သတင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာတော့-ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက်အမှတ် ၁၆၊ ၄ လွှာရှိတိုက်ခန်းမှာ ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းတွေနဲ့အတူ အမျိုးသားနှစ်ဦး အမျိုးသမီးတဦး ဖမ်းဆီးရမိခဲ့ပြီး ခုန်ချထွက်ပြေးရန် ကြိုးစားသူငါးဦးအနက် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်း၊ ကျန်သုံးဦးကိုတော့ စစ်ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ HRW အဖွဲ့အနေနဲ့ အချက်အလက်တွေကို ကိုယ်တိုင်စုံစမ်းပြုစုတာမျိုး မလုပ်ရသေးပေမဲ့ စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေကို လိုက်လံဖမ်းဆီးရာမှာ အင်အားသုံးနှိပ်စက်တာ၊ မိသားစုတွေကိုပါ ဖမ်းဆီးခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပြီး စစ်တပ်ဟာသူရဲ့လုပ်ရပ်တွေကို အထိန်းအချုပ်မရှိကျူးလွန်နေကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှမူဝါဒရေးရာ ညွန်ကြားရေးမှူး John Sifton က ဗွီအိုအေကိုပြောပါတယ်။
“ကျနော်တို့ ဒီကိစ္စကို ကိုယ်တိုင် စုံစမ်းစစ်ဆေးလေ့လာတာမျိုး မလုပ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သိထားတာကတော့ မြန်မာစစ်တပ်ဟာ သူတို့ကို ဆန့်ကျင်သူတွေကို ဖမ်းဆီးရှာဖွေတဲ့နေရာမှာ မတွေ့ရင် အခြး မိသားစုဝင်တွေကိုပါ ဖမ်းဆီး၊ နှိပ်စက်ညှင်းပမ်းတာ၊ ချုပ်နှောင်ထားတာ၊ သေနတ်နဲ့ အင်အားသုံး ခြိမ်းခြောက်တာ စတဲ့ ရက်စက်တဲ့ နည်းနာတွေကို အသုံးပြုနေတာပါ။ ဒါတွေဟာ သူတို့ မလုပ်သင့်တဲ့အရာတွေပါ။ မြန်မာစစ်တပ်ဟာ အထိန်းအချုပ်မရှိဖြစ်နေပါတယ်။ ဒီလိုအခြေအနေမျိုး သူတို့အနာဂတ်အတွက် မြန်မာပြည်သူတွေ မလိုလားဘူးဆိုတာ စစ်ကောင်စီအနေနဲ့ သိဖို့ လိုနေပါတယ်။”
ဒါကြောင့်လည်း လုံခြုံရေးတပ်တွေရဲ့ အင်အားသုံးဖမ်းဆီးမှုကို လူတွေကြောက်ရွံထိတ်လန့်ကြမှာဖြစ်ပြီး အဖမ်းမခံရအောင် ထွက်ပြေးကြမှာဖြစ်တယ်လို့လည်း John Sifton ကပြောပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာကတည်းက ကြုံတွေ့ခဲ့ရတယ်လို့လည်း သူကဆိုပါတယ်။
ဗိုလ်တထောင် ၄၄ လမ်းမှာ သြဂုတ်လ (၁၀)ရက်နေ့ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အဲဒီတိုက်နားမှာနေထိုင်နေသူတဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို လူငယ်တွေဘက်က ဒူးမထောက် လက်မမြှောက်ချင်တဲ့အတွက် တိုက်ပေါ်က ခုန်ချသွားကြတာလို့ မြင်ကြောင်း ပြောပါတယ်။ ဒါအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ၃၀ ကျော်လောက်ရှိမယ်လို့လည်း သူက ခန့်မှန်းပြောဆိုပါတယ်။
သူကိုယ်တိုင်လည်း မတ်လဆန္ဒပြပွဲမှာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတဦးဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်မြို့က ပျောက်ကျားသပိတ်တွေမှာ ဆက်ပြီးပါဝင်နေဆဲဖြစ်တာမို့ ဒီလိုဖမ်းဆီးမှုကြောင့် သူတို့လှုပ်ရှားမှုတွေ ရပ်တန့်သွားဖို့ မရှိဘူးလို့ ပြောပါတယ်။
တိုက်ပေါ်က ခုန်ချခဲ့တဲ့ ငါးဦးအနက် မဝေဝေမြင့်နဲ့ ကိုဝေဇော်ဖြိုး တို့နှစ်ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။ နောက်ထပ် သုံးဦးဖြစ်တဲ့ ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်နဲ့ ကိုဝေယံထက် တို့ကတော့ တိုက်ပေါ်က ခုန်ချပြီးနောက် ဒဏ်ရာတွေနဲ့ ဖမ်းဆီးရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် သက်ဆိုင်တဲ့ မိသားစုဝင်တွေကတော့ အခုချိန်ထိ တွေ့ဆုံခွင့်မရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG