သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက ဖမ္းဆီးခံသတင္းသမားေတြ ျပန္လႊတ္ဖို႔အေမရိကန္ထပ္မံေတာင္းဆို


US State Department spokesman Ned Price speaks during a press briefing at the State Department in Washington, DC, on February 9, 2021. (Photo by OLIVIER DOULIERY / POOL / AFP)

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အေမရိကန္ႏိုင္ငံသား Danny Fenster အပါအ၀င္ နဲ႔ သတင္းသမားေတြကို ျပန္လႊတ္ေပးဖို႔ အေမရိကန္က ထပ္မံေတာင္းဆို လိုက္ပါတယ္။

“ျမန္မာႏိုင္ငံမွာ သတင္းသမားတဦးအျဖစ္ အလုပ္လုပ္ေနတဲ့ Danny Fenster ကို ဆက္လက္ဖမ္းဆီးထားတဲ့အေပၚ အေမရိကန္ အလြန္အမင္း စိုးရိမ္ေနဆဲ ျဖစ္ပါတယ္။ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနပါတယ္။ ခ်က္ျခင္းျပန္လႊတ္ဖို႔လည္း ျမန္မာစစ္အာဏာပိုင္ေတြကို ေတာင္းဆိုပါတယ္။အႏၲရာယ္ကင္းကင္း မိသားစုရွိရာ အိမ္ျပန္ႏိုင္တဲ့အထိလည္း ဆက္လက္ ေတာင္းဆိုသြားမွာပါ။ သူဟာ သတင္းေထာက္ တေယာက္ပါ။ သတင္းသမား အလုပ္ဟာ ရာဇ၀တ္မႈ မဟုတ္ပါဘူး။” လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ဗုဒၶဟူးေန႔ ဝါရွင္တန္က သတင္းစာ ရွင္းလင္းပဲြမွာ ေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းသမားေတြ ဖမ္းဆီးခံရ၊ မီဒီယာလုပ္ငန္းေတြ လိုင္စင္သိမ္းခံရ၊ ဖမ္းဆီးခံရမွာ စိုးရိမ္တာေတြေၾကာင့္ တိမ္းေရွာင္ေနသူေတြလည္း ရွိပါတယ္။ ဖမ္းဆီးခံရတဲ့ သတင္းသမားေတြထဲ ေထာင္ဒဏ္အျပစ္ေပး ခံခဲ့ရသူတခ်ဳိ႕ ရွိသလို၊ ျပန္လႊတ္ေပးခဲ့သူေတြလည္း ရွိခဲ့ေပမဲ့ Frontier Myanmar သတင္းဌာနက အယ္ဒီတာတဦးျဖစ္သူ အသက္ ၃၇ ႏွစ္အ႐ြယ္ အေမရိကန္ႏိုင္ငံသား Danny Fenster အပါအ၀င္ သတင္းသမား အမ်ားအျပားကို ဆက္လက္ ဖမ္းဆီးထားတဲ့အတြက္ အေမရိကန္၊ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔မွာပဲ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Linda Thomas-Greenfield ကလည္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြအေပၚ အေလးအနက္ စိုးရိမ္ေၾကာင္း ေျပာခဲ့တာပါ။ မဟာမိတ္ေတြ၊ မိတ္ေဆြေတြနဲ႔ အတူလက္တဲြၿပီး ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ မတရား ဖမ္းဆီးထားသူေတြ ျပန္လႊတ္ေပးဖို႔ ဆက္လက္ ဖိအားေပးသြားမွာ ျဖစ္ေၾကာင္းလည္း အာရွခရီးစဥ္ တစိတ္တပိုင္းအျဖစ္ ဘန္ေကာက္ၿမိဳ႕ကေန တယ္လီဖုန္းက သတင္းစာရွင္းလင္းပဲြ လုပ္ရာမွာ သံအမတ္ႀကီးက ေျပာဆိုသြားပါတယ္။

--------------------------------------------------------

မြန်မာနိုင်ငံက ဖမ်းဆီးခံသတင်းသမားတွေ ပြန်လွှတ်ဖို့ အမေရိကန်ထပ်မံတောင်းဆို

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် နဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်က ထပ်မံတောင်းဆို လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းသမားတဦးအဖြစ် အလုပ်လုပ်နေတဲ့ Danny Fenster ကို ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် အမေရိကန် အလွန်အမင်း စိုးရိမ်နေဆဲ ဖြစ်ပါတယ်။ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ချက်ခြင်းပြန်လွှတ်ဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ အန္တရာယ်ကင်းကင်း မိသားစုရှိရာ အိမ်ပြန်နိုင်တဲ့အထိလည်း ဆက်လက် တောင်းဆိုသွားမှာပါ။ သူဟာ သတင်းထောက် တယောက်ပါ။ သတင်းသမား အလုပ်ဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ ဝါရှင်တန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေ ဖမ်းဆီးခံရ၊ မီဒီယာလုပ်ငန်းတွေ လိုင်စင်သိမ်းခံရ၊ ဖမ်းဆီးခံရမှာ စိုးရိမ်တာတွေကြောင့် တိမ်းရှောင်နေသူတွေလည်း ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရသူတချို့ ရှိသလို၊ ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိခဲ့ပေမဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမား အများအပြားကို ဆက်လက် ဖမ်းဆီးထားတဲ့အတွက် အမေရိကန်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေအပေါ် အလေးအနက် စိုးရိမ်ကြောင်း ပြောခဲ့တာပါ။

မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ အတူလက်တွဲပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မတရား ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ ဆက်လက် ဖိအားပေးသွားမှာ ဖြစ်ကြောင်းလည်း အာရှခရီးစဉ် တစိတ်တပိုင်းအဖြစ် ဘန်ကောက်မြို့ကနေ တယ်လီဖုန်းက သတင်းစာရှင်းလင်းပွဲ လုပ်ရာမှာ သံအမတ်ကြီးက ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG