သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ လႊတ္ေပးဖို႔ ကုလလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ေတာင္းဆို


(Zawgyi/ Unicode)

Updated! ၁၂-၂၂-၂၀၂၂

ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံ့အေရးဆုံးျဖတ္ခ်က္ကို တ႐ုတ္၊ ႐ုရွားနဲ႔ အိႏၵိယႏိုင္ငံ ၃ ႏိုင္ငံကမဲမေပးဘဲ က်န္အဖြဲ႔ဝင္ႏိုင္ငံ ၁၂ ႏိုင္ငံစလုံးက ေထာက္ခံခဲ့ၾကပါတယ္။ ႏွစ္ေပါင္း ၇၀ ေက်ာ္အတြင္း ျမန္မာႏိုင္ငံ့အေရး ပထမဆုံးခ်မွတ္တဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္လည္း ျဖစ္ပါတယ္။ ဒီဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္ေအာင္ အဆိုတင္သြင္းခဲ့တဲ့ ၿဗိတိန္ႏိုင္ငံက ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Barbara Woodward ကေတာ့ ျမန္မာျပည္သူေတြရဲ႕ အခြင့္အေရး၊ ဆႏၵနဲ႔ အက်ိဳးစီးပြားတြက္ ေရွ႕ရႈတဲ့ ဆုံးျဖတ္ခ်က္ျဖစ္သလို စစ္ေကာင္စီကို ျပတ္ျပတ္သားသား အသိေပးလိုက္တာလို႔လည္း ေျပာၾကားခဲ့ပါတယ္။

လုံၿခဳံေရးေကာင္စီကေန အခုလို ဆုံးျဖတ္ခဲ့တာဟာ အာဆီယံေခါင္းေဆာင္ေတြက သူတို႔ႀကိဳးပမ္းမႈေတြကို ကုလသမဂၢရဲ႕ေထာက္ခံကူညီမႈေပးဖို႔ ေတာင္းခံထားတာကိုတုံ႔ျပန္လိုက္တာျဖစ္တယ္လို႔ ၿဗိတိန္သံအမတ္ႀကီးက ေျပာၾကားခဲ့တာပါ။

လုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္ဆိုင္းၿပီး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အခိုင္အမာ အေကာင္အထည္ေဖၚဖို႔ ျမန္မာျပည္သူေတြရဲ႕ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔နဲ႔ ခ်ိဳးေဖါက္က်ဳးလြန္သူေတြကို အေရးယူႏိုင္ဖို႔၊ လူသားခ်င္းစာနာေထာက္ထားမႈ လိုအပ္ေနသူေတြဆီကို အကူအညီေတြ အဟန႔္အတားမရွိ ေပးအပ္ႏိုင္ဖို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အပါအဝင္ မတရားဖမ္းဆီးထားသူေတြကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

အခု လုံျခံဳေရးေကာင္စီက ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္အရ လာမယ့္မတ္လက်ရင္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က လံုျခံဳေရးေကာင္စီကို အစီရင္ခံတင္ျပရမယ့္ကိစၥဟာ လက္ေတ႔ြျဖစ္ေနတဲ့ အေျခအေနေတြကို သံုးသပ္ဖို႔ အေရးႀကီးတဲ့ အခြင့္အလမ္းျဖစ္ၿပီး၊ ေနာက္ထပ္ လိုအပ္တဲ့ အေရးယူ ေဆာင္ရြက္မႈေတြလုပ္ဖို႔ အသင့္ျပင္ထားမယ္လို႔လည္း ၿဗိတိန္သံအမတ္ႀကီး Barbara Woodward က ေျပာပါတယ္။

ကုလသမဂၢႏိုင္ငံေရးရာဆိုင္ရာ အေမရိကန္ အထူးသံအမတ္ႀကီး Robert Wood ကေတာ့လည္း ဒီ ဆုံးျဖတ္ခ်က္ အေရးယူမႈေတြဟာ ျမန္မာႏိုင္ငံအတြင္း ေပၚေပါက္ေနတဲ့ ေသြးထက္သံယိုမႈေတြအဆုံးသတ္ဖို႔ အေရးႀကီးတဲ့ေျခလွမ္းျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

ဒီဆုံးျဖတ္ခ်က္ဟာ ျမန္မာစစ္ေကာင္စီရဲ႕ ဆိုးဝါးၾကမ္းၾကဳတ္တဲ့ ျပဳမႈေဆာင္႐ြက္ခ်က္ေတြအေပၚ လုံၿခဳံေရးေကာင္စီက ေနာက္တဆင့္ အေရးယူေဆာင္႐ြက္လိုက္တာျဖစ္လို႔ ေျပာသြားတာျဖစ္ပါတယ္။ ဒီအေရး ယူေဆာင္႐ြက္ခ်က္ဟာ လုံေလာက္မႈ မရွိေသးဘူးဆိုတာကိုလည္း သံအမတ္ႀကီး Robert Wood ကအသိအမွတ္ျပဳ ေျပာခဲ့ပါတယ္။ ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးကေတာ့ ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ပဋိပကၡေတြကို ျပင္ပက အေျဖရွာေပး႐ုံနဲ႔ အလ်င္အျမန္ ေျဖရွင္းႏိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။ လူ႔အခြင့္အေရးကို ႏိုင္ငံေရးအရ အသုံးခ်တာမ်ိဳး မလုပ္သင့္ဘဲ လုံၿခဳံေရးေကာင္စီမွာထက္ ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီမွာပဲ ေဆြးေႏြးသင့္တယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

ျမန္မာႏိုင္ငံက အၾကမ္းဖက္ တိုက္ခိုက္မႈေတြကို ခ်က္ခ်င္းရပ္ဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ မတရား ဖမ္းဆီးထားသူေတြ အားလုံးကို လႊတ္ေပးဖို႔ အပါအ၀င္ ျမန္မာႏိုင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္မူၾကမ္း ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ဗုဒၶဟူးေန႔မွာ ပထမဆုံး အႀကိမ္အျဖစ္ မဲခဲြအတည္ျပဳလိုက္ပါတယ္။ ျမန္မာႏိုင္ငံ အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ကေန ဆုံးျဖတ္ခ်က္ခ်ခဲ့တာ ႏွစ္ေပါင္း ၇၄ ႏွစ္အတြင္း ဒါဟာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

မူၾကမ္းကို ၿဗိတိန္ႏိုင္ငံက အဓိက တင္သြင္းခဲ့တာျဖစ္ၿပီး လုံၿခဳံေရးေကာင္စီ အဖဲြ႕၀င္ ၁၅ ႏိုင္ငံက မဲခဲြဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ မဲခဲြဆုံးျဖတ္ရာမွာ တ႐ုတ္၊ ႐ုရွား နဲ႔ အိႏၵိယ ၃ ႏိုင္ငံက မဲမေပးဘဲ ေနခဲ့ပါတယ္။ က်န္ ၁၂ ႏိုင္ငံက ေထာက္ခံမဲ ေပးခဲ့ပါတယ္။

“ လုံၿခဳံေရး ေကာင္စီကေန အခုလို ဆုံးျဖတ္ခဲ့တာဟာ အာဆီယံ ေခါင္းေဆာင္ေတြက ကုလသမဂၢရဲ႕ ေထာက္ခံကူညီမႈေပးဖို႔ ေတာင္းခံတာကို တု႔ံျပန္လိုက္တာျဖစ္ၿပီး ဒီလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္း ရပ္ဆိုင္းၿပီး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အခိုင္အမာ အေကာင္အထည္ေဖၚဖို႔ ျမန္မာျပည္သူေတြရဲ႕ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္ အပါအ၀င္ မတရား ဖမ္းဆီးထားသူေတြကို ခ်က္ခ်င္း လႊတ္ေပးဖို႔ စတာေတြကို အဓိကထားတာ ျဖစ္တယ္လို႔ ” ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Barbara Woodward က မဲခဲြဆုံးျဖတ္အၿပီး လုံၿခဳံေရးေကာင္စီ အစည္းအေ၀းမွာ ေျပာဆိုခဲ့ပါတယ္။

ဒီဆုံးျဖတ္ခ်က္ကို အျပည့္အ၀ အေကာင္အထည္ေဖၚႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံ အမတ္ႀကီးက ေျပာဆိုခဲ့ပါတယ္။

ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Zhang Jun ကေတာ့ ျမန္မာျပႆနာကို အလ်င္အျမန္ ေျဖရွင္းဖို႔ မျဖစ္ႏိုင္ေၾကာင္းနဲ႔ အဓိက ျမန္မာႏိုင္ငံအေပၚမွာသာ တည္ေၾကာင္း ေျပာဆိုခဲ့ၿပီး လုံၿခဳံေရး ေကာင္စီအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ေျဖရွင္းေဆာင္ရြက္ေရး ဆိုင္ရာ ဆုံးျဖတ္ခ်က္ခ်မယ့္အစား တရား၀င္ေၾကညာခ်က္ထုတ္ဖို႔သာ လိုလားတယ္လို ႔ေျပာဆိုခဲ့ပါတယ္။

============

(Unicode)

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်တောင်းဆို

Updated! ၁၂-၂၂-၂၀၂၂

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံ့အရေးဆုံးဖြတ်ချက်ကို တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံ ၃ နိုင်ငံကမဲမပေးဘဲ ကျန်အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံစလုံးက ထောက်ခံခဲ့ကြပါတယ်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာနိုင်ငံ့အရေး ပထမဆုံးချမှတ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် ချမှတ်နိုင်အောင် အဆိုတင်သွင်းခဲ့တဲ့ ဗြိတိန်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward ကတော့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေး၊ ဆန္ဒနဲ့ အကျိုးစီးပွားတွက် ရှေ့ရှုတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို စစ်ကောင်စီကို ပြတ်ပြတ်သားသား အသိပေးလိုက်တာလို့လည်း ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီကနေ အခုလို ဆုံးဖြတ်ခဲ့တာဟာ အာဆီယံခေါင်းဆောင်တွေက သူတို့ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂရဲ့ထောက်ခံကူညီမှုပေးဖို့ တောင်းခံထားတာကိုတုံ့ပြန်လိုက်တာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောကြားခဲ့တာပါ။

လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အခိုင်အမာ အကောင်အထည်ဖေါ်ဖို့ မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ချိုးဖေါက်ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူတွေဆီကို အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အခု လုံခြုံရေးကောင်စီက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အရ လာမယ့်မတ်လကျရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို အစီရင်ခံတင်ပြရမယ့်ကိစ္စဟာ လက်တေ့ွဖြစ်နေတဲ့ အခြေအနေတွေကို သုံးသပ်ဖို့ အရေးကြီးတဲ့ အခွင့်အလမ်းဖြစ်ပြီး၊ နောက်ထပ် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ အသင့်ပြင်ထားမယ်လို့လည်း ဗြိတိန်သံအမတ်ကြီး Barbara Woodward က ပြောပါတယ်။

ကုလသမဂ္ဂနိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert Wood ကတော့လည်း ဒီ ဆုံးဖြတ်ချက် အရေးယူမှုတွေဟာ မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်နေတဲ့ သွေးထက်သံယိုမှုတွေအဆုံးသတ်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်ကောင်စီရဲ့ ဆိုးဝါးကြမ်းကြုတ်တဲ့ ပြုမှုဆောင်ရွက်ချက်တွေအပေါ် လုံခြုံရေးကောင်စီက နောက်တဆင့် အရေးယူဆောင်ရွက်လိုက်တာဖြစ်လို့ ပြောသွားတာဖြစ်ပါတယ်။ ဒီအရေး ယူဆောင်ရွက်ချက်ဟာ လုံလောက်မှု မရှိသေးဘူးဆိုတာကိုလည်း သံအမတ်ကြီး Robert Wood ကအသိအမှတ်ပြု ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေကို ပြင်ပက အဖြေရှာပေးရုံနဲ့ အလျင်အမြန် ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ လူ့အခွင့်အရေးကို နိုင်ငံရေးအရ အသုံးချတာမျိုး မလုပ်သင့်ဘဲ လုံခြုံရေးကောင်စီမှာထက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာပဲ ဆွေးနွေးသင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

================

မြန်မာနိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ပထမဆုံး အကြိမ်အဖြစ် မဲခွဲအတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေ ဆုံးဖြတ်ချက်ချခဲ့တာ နှစ်ပေါင်း ၇၄ နှစ်အတွင်း ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မူကြမ်းကို ဗြိတိန်နိုင်ငံက အဓိက တင်သွင်းခဲ့တာဖြစ်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ ရုရှား နဲ့ အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲ နေခဲ့ပါတယ်။ ကျန် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပါတယ်။

“ လုံခြုံရေး ကောင်စီကနေ အခုလို ဆုံးဖြတ်ခဲ့တာဟာ အာဆီယံ ခေါင်းဆောင်တွေက ကုလသမဂ္ဂရဲ့ ထောက်ခံကူညီမှုပေးဖို့ တောင်းခံတာကို တုံ့ပြန်လိုက်တာဖြစ်ပြီး ဒီလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အခိုင်အမာ အကောင်အထည်ဖေါ်ဖို့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထားသူတွေကို ချက်ချင်း လွှတ်ပေးဖို့ စတာတွေကို အဓိကထားတာ ဖြစ်တယ်လို့ ” ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က မဲခွဲဆုံးဖြတ်အပြီး လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အပြည့်အ၀ အကောင်အထည်ဖေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံ အမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun ကတော့ မြန်မာပြဿနာကို အလျင်အမြန် ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်းနဲ့ အဓိက မြန်မာနိုင်ငံအပေါ်မှာသာ တည်ကြောင်း ပြောဆိုခဲ့ပြီး လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်ချမယ့်အစား တရားဝင်ကြေညာချက်ထုတ်ဖို့သာ လိုလားတယ်လို့ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG