သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ရဟတ်ယာဉ်အမှုစွဲချက် မမှန်ကန်ကြောင်း ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ထွက်ဆို 


အဂတိမှုလိုက်စားမှုနဲ့တရားစွဲခံထားရသူ NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စွဲချက်တွေမမှန်ကြောင်း သက်သေထွက်ဆိုခဲ့သူ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ကို ၂၀၁၆ သမ္မတအိမ်တော်မှာ တွေ့ရစဉ်။ (မတ်လ ၃၀၊ ၂၀၁၆)
အဂတိမှုလိုက်စားမှုနဲ့တရားစွဲခံထားရသူ NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စွဲချက်တွေမမှန်ကြောင်း သက်သေထွက်ဆိုခဲ့သူ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ကို ၂၀၁၆ သမ္မတအိမ်တော်မှာ တွေ့ရစဉ်။ (မတ်လ ၃၀၊ ၂၀၁၆)

[[Zawgyi/Unicode]]

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့လက်ကျန်အမှုကို ဒီကနေ့ တရားရုံးထုတ်စစ်ဆေးရာမှာ NLD ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ထွက်ဆို စစ်ဆေးခံပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီဘက်ကစွပ်စွဲထားတဲ့ အဂတိလိုက်စားမှု စွဲချက်တွေဟာ မမှန်ကန်ဘဲ ရဟတ်ယာဉ်ဝယ်ယူငှားရမ်းမှုတွေဟာ လိုအပ်ချက်အရဝယ်ယူပြီး လိုအပ်တဲ့နေရာတွေမှာပဲ သုံးစွဲခဲ့တာလို့ သူက တရားရုံးမှာထွက်ဆိုပါတယ်။ အဂတိလိုက်စားမှု ငါးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်တို့ပါ ကိုယ်တိုင်တရားရုံးမှာ ထွက်ဆိုခဲ့ပြီးနောက် တရားခံပြသက်သေအနေနဲ့ ဦးဟင်နရီဗန်ထီးယူက တရားရုံးမှာ ထွက်ဆိုစစ်ဆေးခံတာပါ။

ဒီအမှုတွေမှာ စစ်ကောင် စီဘက်က စွပ်စွဲထားသလို လေယာဉ်ငှားရမ်းဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာ အလွဲသုံးစားလုပ်တာ၊ သတ်မှတ်စည်းမျဉ်းဘောင်တွေကို ကျော်လွန်လုပ်ဆောင်တာ၊ တိုင်းပြည်အကျိုးစီးပွား ပျက်စီးစေတာ၊ လေလွင့်ဆုံးရှုံးမှုတွေရှိစေခဲ့တာ.. ဘာတခုမှ မမှန်ကန်ဘူးဆိုတာကို ဦးဟင်နရီဗန်ထီးယူက ထွက်ဆိုသွားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

ဒီအမှုတွေအတွက် ဦးဟင်နရီဗန်ထီးယူ၊ ဝန်ကြီးဦးမင်းသူ၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန အငြိမ်းစားအရာရှိ ဦးကျော်မျိုး၊ MAS ကုမ္ပဏီက ဦးရဲမင်းနဲ့ ဦးလင်းထက်တို့ ၅ ဦးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့သက်သေတွေအနေနဲ့ ထွက်ဆိုကြမှာဖြစ်ပါတယ်။ ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ ပြုပြင်တာတွေမှာ အဂတိလိုက်စားတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အမှု ၅ မှုနဲ့တရားစွဲဆိုထားတာပါ။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၂၀ နဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချထားရပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အဂတိလိုက်စားမှု ၅ မှုကနောက်ဆုံး စွဲဆိုထားတဲ့အမှုတွေ ဖြစ်ပါတယ်။

=================

[[Unicode]]







XS
SM
MD
LG