သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ သတိထားကိုင်တွယ်ဖို့ မလေးရှားတိုက်တွန်း


ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir (ဝဲ)နဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ)တို့ အတူတွေ့ရစဉ် (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir (ဝဲ)နဲ့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ယာ)တို့ အတူတွေ့ရစဉ် (ဖေဖော်ဝါရီ ၃၊ ၂၀၂၃)

မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ဖြေရှင်းရာမှာ ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အာဆီယံအဖွဲ့အတွင်း အမျှော်အမြင်ရှိရှိ သတိထားကိုင်တွယ်တဲ့ နည်းလမ်းကို ဆက်လက်ကျင့်သုံးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Zambry Abdul Kadir (ဇမ်ဘရီ အက်ဘဒူ ခါဒီရာ) က ဒီနေ့ မလေးရှား အောက်လွှတ်တော် အမေးအဖြေကဏ္ဍမှာ ပြောဆိုသွားပါတယ်။ မြန်မာ့အရေး အာဆီယံအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ မအောင်မြင်ခဲ့ဘူးဆိုရင် တခြားပြင်ပဩဇာလွှမ်းမိုးမှုတွေ ဝင်လာနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း သူက သတိပေးသွားပါတယ်။

အာဆီယံအတွင်း ဆွေးနွေးတိုင်ပင်တာမျိုး မလုပ်ဘဲနဲ့ ဘယ်နိုင်ငံကမှ တနိုင်ငံတည်းနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလိုလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံကို အာဆီယံက ထုတ်ပယ်ပစ်ဖို့ဆိုပြီး မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim အဆိုပြုခဲ့တာဟာ ထုတ်ပယ်ပစ်ဖို့ပြောတာ မဟုတ်ဘဲ မြန်မာ့အရေးထက် တခြား ဒေသတွင်းဆောင်ရွက်ရမယ့် ကိစ္စတွေကို ဦးစားပေးဖို့ ပြောဆိုတာလိုလည်း သူက ပြန်လည်ချေပသွားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်မြန်မာကို အာဆီယံအဖွဲ့ထဲက ယာယီထုတ်ပယ်ထားသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က မတ်လပထမပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ပြောဆိုခဲ့ပါတယ်။ မလေးရှား နိုင်ငံခြားဝန်ကြီးကတော့ ဝန်ကြီးချုပ် Anwar Ibrahim ပြောဆိုခဲ့တာဟာ ဒေသတွင်း ခိုင်မာအားကောင်းအောင် လုပ်ဆောင်စရာတွေ ရှိနေချိန်မှာ မြန်မာ့အရေးတခုထဲက လွှမ်းမိုးမနေသင့်ဘူးလို့ ပြောဆိုခဲ့တာသာ ဖြစ်တယ်လို့ ဒီကနေ့ အောက်လွှတ်တော်မှာ ပြန်လည်ဖြေရှင်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG