သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး ပိုထိရောက်တဲ့နည်းရှာဖို့ အာဆီယံကို မလေးဝန်ကြီးချုပ်တိုက်တွန်း


Anwar Ibrahim
Anwar Ibrahim

{{Zawgyi/Unicode}}

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ပိုမိုထိရောက်မယ့် အခြားနည်းလမ်းတွေနဲ့ အဖြေရှာဖို့စဉ်းစားသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောလိုက်ပါတယ်။ မြန်မာ့အရေးဟာ မလေးရှားနိုင်ငံအပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတယ်လို့လည်း ဝန်ကြီးချုပ် Ibrahim က နိုင်ငံခြားရေးဌာန ပွဲတခုမှာ အင်္ဂါနေ့က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးချုပ်တွေနဲ့ပါ ပြောခဲ့တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျပ်အတည်းတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးခဲ့သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာနေကြပြီး မလေးရှားနိုင်ငံမှာလက်ခံထားတဲ့ မြန်မာဒုက္ခသည်တွေ ၂ သိန်းဝန်းကျင်ရှိတယ်လို့လည်း ပြောပါတယ်။ ထိုင်းနဲ့ စင်္ကာပူဝန်ကြီးချုပ်တွေ၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားသမ္မတတွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ပြီးထိတွေ့ဆက်ဆံနေရတဲ့တချိန်တည်း ဒီအကျပ်အတည်းကို တခြားထိရောက်တဲ့နည်းလမ်းတွေနဲ့ အဖြေရှာဖို့ သူ့ဘက်က အလေးအနက်တိုက်တွန်းခဲ့တယ်လို့ ဝန်ကြီးချုပ် Ibrahim ကပြောပါတယ်။ ဒါမှမဟုတ်ရင်တော့ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေဟာ မြန်မာစစ်ကောင်စီသာမကဘဲ သူတို့မှာပါ တာဝန်ရှိရာရောက်တယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။

ဒုက္ခသည်အကျပ်အတည်းနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီက အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ငြင်းဆန်နေတဲ့အတွက် အခြေအေနေတွေပိုဆိုးရွားလာစေတယ်လို့လည်းပြောပါတယ်။ ASEAN အနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ် ၄ ခုအတွင်း ကျင့်သုံးလာတဲ့ အပြုသဘောဆောင်ထိတွေ့ဆက်ဆံမှုတွေက သိပ်ပြီး ဆက်စပ်မှုမရှိတော့တာကြောင့် ပြည်တွင်းရေးဝင်မစွက်ရဆိုတဲ့ အာဆီယံရဲ့ မူကို လျစ်လျှူမရှုလို့ မဖြစ်တော့ဘူးလို့လည်း ဝန်ကြီးချုပ် Ibrahim ကပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}





XS
SM
MD
LG