သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီ အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှားခေါင်းဆောင်တွေ တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါ်မြို့က သမ္မတနန်းတော်မှာတွေ့ရတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအေဗရာဟင် (ဝဲ)နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (ယာ)
အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါ်မြို့က သမ္မတနန်းတော်မှာတွေ့ရတဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအေဗရာဟင် (ဝဲ)နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (ယာ)

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရေးဟာ အရေးကြီးပြီး စစ်ကောင်စီက ဒါကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှား ခေါင်းဆောင် ၂ ဦးက တိုက်တွန်းလိုက်ကြပါတယ်။ ၂၀၂၁ ခုနှစ် မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၂၁ ဧပြီလ မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက် သဘောတူခဲ့တဲ့ အဲဒီ အချက် ၅ ချက်ကို ခေါင်းဆောင် ၂ ယောက်က ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဂျာကာတာမြို့တော်ရဲ့ အပြင်ဘက် ဘိုဂေါ် (Bogor)မြို့မှာ ဇန်နဝါရီ ၉ ရက် ဒီကနေ့ အစည်းအဝေး လုပ်ခဲ့ကြပြီးတဲ့နောက် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်း ကြွယ်ဝတည်ငြိမ်အောင် ‌ဆောင်ရွက်ကြရာမှာ အာဆီယံဟာ အချက်အချာကျတဲ့ အခန်းဆက်ကဏ္ဍက ဆက်လက် လုပ်ဆောင်ကြဖို့လည်း ခေါင်းဆောင် ၂ ယောက် က သဘောတူကြပါတယ်။

စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေးအပြင် ရွှေ့ပြောင်းလုပ်သားတွေအပေါ် အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွေက ခေါင်းပုံမဖြတ်နိုင်အောင် အကာအကွယ်ပေးရေးအတွက်လည်း နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။

မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါဟာ အင်ဒိုနီးရှားနိုင်ငံကို မနေ့ တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီး ဒီကနေ့ တနင်္လာနေ့ မှာ ကြိုဆိုတဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ တနင်္ဂနွေနေ့ ညကတော့ အင်ဒိုနီးရှား သမ္မတက ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

========================================

[Unicode]






XS
SM
MD
LG