သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ စစ္ေကာင္စီ အႀကီးအကဲနဲ႔ ေတြ႕ဆံု 


ျမန္မာဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ စစ္ေကာင္စီ အႀကီးအကဲနဲ႔ ေတြ႕ဆံု

ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ မစၥတာ Deng Xijun ဟာ အာသိမ္း စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လိႈင္ နဲ႔ ၾကာသပေတးေန႔ က ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ့တယ္လို႔ စစ္ေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။  


ျမန္မာဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ စစ္ေကာင္စီ အႀကီးအကဲနဲ႔ ေတြ႕ဆံု

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ မစၥတာ Deng Xijun ဟာ အာသိမ္း စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လိႈင္ နဲ႔ ၾကာသပေတးေန႔ က ေနျပည္ေတာ္မွာ ေတြ႔ဆုံခဲ့ၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ အပါအ၀င္၊ ျမန္မာျပည္ရဲ႔ ႏိုင္ငံေရး ျဖစ္ေပၚတိုးတက္မႈေတြ၊ ႏိုင္ငံတကာမ်က္ႏွာစာမွာ တ႐ုတ္ရဲ႔ ျမန္မာဘက္က ရပ္တည္ခ်က္ေတြကို ေဆြးေႏြးခဲ့တယ္လို႔ စစ္ေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

အခုလို တ႐ုတ္က ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္သစ္ခန္႔အပ္ၿပီး ျမန္မာစစ္ေကာင္စီနဲ႔ ေတြ႔ဆုံတာဟာ အေမရိကန္ ျပည္ေထာင္စုက အတိုက္အခံေတြကိုကူညီမယ့္ NDAA ဥပေဒကို လႊတ္ေတာ္က အတည္ျပဳလိုက္တာနဲ႔ တိုက္ဆိုင္မႈ ရွိေနတယ္လို႔ အကဲခတ္ေတြကေျပာဆိုပါတယ္။ ၁၉၉၀ လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္းလည္းျဖစ္ ေလ့လာသူ တဦးလည္းျဖစ္တဲ့ Dr. Tint Swe ကအခုလိုျမင္ပါတယ္။

" အခ်ိန္ကာလ နဲ႔ တြက္ၾကည့္လို႔ရွိရင္ ျမန္မာႏိုင္ငံမွာရွိၾကတဲ့ လက္နက္ကိုင္ တိုင္းရင္းသားေတြ နဲ႔ ပတ္သက္ၿပီး ဆက္ေနတဲ့ ၿငိမ္းခ်မ္းေရးကိစၥ ၊ ေနာက္တခါ အေမရိကန္ ျပည္ေထာင္စု က လုပ္လိုက္တဲ့ Burma Act ကိစၥ (၂) ခုစလုံးဟာ သက္ဆိုင္ႏိုင္တယ္လို႔ က်ေနာ္ယူဆပါတယ္။ က်ေနာ္အျမင္ကေတာ့ အဓိက က ၿငိမ္းခ်မ္းေရးကိစၥ က နံပတ္ ၁ ။ ေနာက္သြားရင္ ဟန္လႊဲနဲ႔ မလုပ္မျဖစ္တဲ့ NDAA ကို ဘယ္လို ခုခံကာကြယ္တိုက္ဖ်က္မလဲဆိုတဲ့ကိစၥလည္း ပါမယ္လို႔ က်ေနာ္ယူဆပါတယ္"

တ႐ုတ္ဟာ ျမန္မာႏိုင္ငံ ျပႆနာကို ျပည္တြင္းေရးလို႔ ေျပာဆိုေပမယ့္၊ ၁၉၆၀ ေက်ာ္ႏွစ္မ်ားကတည္းက ျမန္မာႏိုင္ငံ ျပည္တြင္းေရးကိစၥေတြမွာ တ႐ုတ္ကပါ၀င္ ေဆာင္ရြက္ေလ့ရွိတယ္လို႔လည္း ေဒါက္တာတင့္ေဆြ ကေျပာဆိုခဲ့ပါတယ္။

အခုအသစ္ခန္႔အပ္လိုက္တဲ့ တ႐ုတ္အထူး ကိုယ္စားလွယ္ Deng Xijun ဟာ ၂ဝ၂ဝ ခုႏွစ္က အာဆီယံဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္အျဖစ္ေဆာင္ရြက္ခဲ့ သူျဖစ္ၿပီး အရင္အထူးကိုယ္စားလွယ္ Sun Guoxiang ေနရာမွာ ဆက္လက္တာ၀န္ယူခဲ့သူ ျဖစ္ပါတယ္။ Sun Gouxiang ဟာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္၊ ၿပီးခဲ့ႏွစ္ကုန္ပိုင္းမွာ ျမန္မာႏိုင္ငံကို ေနာက္ဆုံးသြားေရာက္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၁ ရက္ေန႔ ကေတာ့ ကုလသမဂၢ လုံျခဳံေရးေကာင္စီမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး၊ အာဆီယံ သေဘာတူညီခ်က္ ၅ ရပ္ကို အခ်ိန္အကန္႔အသတ္နဲ႔ တိတိက်က်လိုက္နာ အေကာင္အထည္ေဖၚဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီဆုံးျဖတ္ခ်က္မွာ တ႐ုတ္က မဲမေပးဘဲေနခဲ့ေပမယ့္၊ ဗြီဒိုအာဏာသုံး ကန္႔ကြက္ ပယ္ခ်တာလည္း မလုပ္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


မြန်မာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် စစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ Deng Xijun ဟာ အာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ ကြာသပတေးနေ့ က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အပါအဝင်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ၊ နိုင်ငံတကာမျက်နှာစာမှာ တရုတ်ရဲ့ မြန်မာဘက်က ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခုလို တရုတ်က မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်သစ်ခန့်အပ်ပြီး မြန်မာစစ်ကောင်စီနဲ့ တွေ့ဆုံတာဟာ အမေရိကန် ပြည်ထောင်စုက အတိုက်အခံတွေကိုကူညီမယ့် NDAA ဥပဒေကို လွှတ်တော်က အတည်ပြုလိုက်တာနဲ့ တိုက်ဆိုင်မှု ရှိနေတယ်လို့ အကဲခတ်တွေကပြောဆိုပါတယ်။ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ် လေ့လာသူ တဦးလည်းဖြစ်တဲ့ Dr. Tint Swe ကအခုလိုမြင်ပါတယ်။

" အချိန်ကာလ နဲ့ တွက်ကြည့်လို့ရှိရင် မြန်မာနိုင်ငံမှာရှိကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ နဲ့ ပတ်သက်ပြီး ဆက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စ ၊ နောက်တခါ အမေရိကန် ပြည်ထောင်စု က လုပ်လိုက်တဲ့ Burma Act ကိစ္စ (၂) ခုစလုံးဟာ သက်ဆိုင်နိုင်တယ်လို့ ကျနော်ယူဆပါတယ်။ ကျနော်အမြင်ကတော့ အဓိက က ငြိမ်းချမ်းရေးကိစ္စ က နံပတ် ၁ ။ နောက်သွားရင် ဟန်လွှဲနဲ့ မလုပ်မဖြစ်တဲ့ NDAA ကို ဘယ်လို ခုခံကာကွယ်တိုက်ဖျက်မလဲဆိုတဲ့ကိစ္စလည်း ပါမယ်လို့ ကျနော်ယူဆပါတယ်"

တရုတ်ဟာ မြန်မာနိုင်ငံ ပြဿနာကို ပြည်တွင်းရေးလို့ ပြောဆိုပေမယ့်၊ ၁၉၆၀ ကျော်နှစ်များကတည်းက မြန်မာနိုင်ငံ ပြည်တွင်းရေးကိစ္စတွေမှာ တရုတ်ကပါဝင် ဆောင်ရွက်လေ့ရှိတယ်လို့လည်း ဒေါက်တာတင့်ဆွေ ကပြောဆိုခဲ့ပါတယ်။

အခုအသစ်ခန့်အပ်လိုက်တဲ့ တရုတ်အထူး ကိုယ်စားလှယ် Deng Xijun ဟာ ၂၀၂၀ ခုနှစ်က အာစီယံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့ သူဖြစ်ပြီး အရင်အထူးကိုယ်စားလှယ် Sun Guoxiang နေရာမှာ ဆက်လက်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ Sun Gouxiang ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်၊ ပြီးခဲ့နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို နောက်ဆုံးသွားရောက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး၊ အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အချိန်အကန့်အသတ်နဲ့ တိတိကျကျလိုက်နာ အကောင်အထည်ဖေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ တရုတ်က မဲမပေးဘဲနေခဲ့ပေမယ့်၊ ဗွီဒိုအာဏာသုံး ကန့်ကွက် ပယ်ချတာလည်း မလုပ်ခဲ့ပါဘူး။

XS
SM
MD
LG