သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ႏိုင္ငံတကာနဲ႔ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္မည္ (ကုလဆိုင္ရာ ဗီယက္နမ္ သံအမတ္ႀကီး)


အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာက်င္းပေနတဲ့ ကုလလံုၿခံဳေရးေကာင္စီအစည္းအေဝးတခု (ႏိုဝင္ဘာ ၂၁၊ ၂၀၂၂)

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံလည္းျဖစ္၊ အခုႏွစ္ ၂၀၂၃ ကေန ၂၀၂၅ ခုႏွစ္အထိ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံလည္းျဖစ္တဲ့ ဗီယက္နမ္ ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံမွာ လတ္တေလာ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ ေက်ာ္လႊားႏိုင္ေရး၊ ေတြ႕ဆုံ ေဆြးေႏြးမႈ ျဖစ္ေပၚလာေရးနဲ႔ နားလည္မႈတည္ေဆာက္ၿပီး သေဘာထားကြဲျပားမႈေတြ ေလ်ာ့ခ်ႏိုင္ေရးတို႔အတြက္ ႏိုင္ငံတကာအသိုင္းအဝိုင္း ပူးေပါင္း ေဆာင္႐ြက္သြားမယ္လို႔ ကုလသမဂၢဆိုင္ရာ ဗီယက္နမ္အၿမဲတမ္းကိုယ္စားလွယ္က ေျပာၾကားလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္တာကာလအတြင္း ယိုးယြင္းလာေနတဲ့ စီးပြားေရးအေျခအေနအျပင္ စာနာမႈဆိုင္ရာ အကူအညီေတြ ႀကီးမားစြာလိုအပ္ေနတဲ့ ျမန္မာႏိုင္ငံရဲ႕အေျခအေန တိုးတက္မႈ ရွိမလာတဲ့အေပၚ ဗီယက္နမ္အေနနဲ႔ စိုးရိမ္မိေၾကာင္း အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ မေန႔ မတ္လ ၁၆ ရက္ေန႔က က်င္းပတဲ့ ၇၇ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ အလြတ္သေဘာ ေဆြးေႏြးပြဲမွာ သံအမတ္ႀကီး Dang Hoang Giang က ေျပာပါတယ္။

ျမန္မာလူထု လိုလားေတာင့္တေနတဲ့ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး ရရွိႏိုင္ေရးအတြက္ အၾကမ္းဖက္မႈေတြ ရပ္တန႔္ၿပီး အဓိပၸါယ္ရွိၿပီး အားလုံး ပါဝင္တဲ့ ေတြ႕ဆုံ ေဆြးေႏြးမႈ ျဖစ္ေပၚလာႏိုင္ဖို႔ ႏွစ္ဘက္စလုံးက ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ၾကဖို႔လည္း သံအမတ္ႀကီး Giang က တိုက္တြန္းပါတယ္။

သက္ဆိုင္သူအားလုံးက အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ အေကာင္အထည္ေဖာ္ႏိုင္ေရး ဝိုင္းဝန္း လုပ္ေဆာင္ၾကဖို႔ ဗီယက္နမ္ႏိုင္ငံက တိုက္တြန္းေၾကာင္း ေျပာၾကားၿပီး ၊ လက္ရွိ အာဆီယံအဖြဲ႕ရဲ႕ အလွည့္က်ဥကၠဌ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ျမန္မာ့အေရး ႀကိဳးပမ္း လုပ္ေဆာင္မႈေတြကို ဗီယက္နမ္က ေထာက္ခံ အားေပးသလို၊ အာဆီယံနဲ႔ ကုလသမဂၢတို႔ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ေတြ အခ်င္းခ်င္းၾကား ပူးေပါင္း ေဆာင္႐ြက္မႈေတြကိုလည္း ေထာက္ခံ အားေပးေၾကာင္း ကုလသမဂၢဆိုင္ရာ ဗီယက္နမ္ အၿမဲတမ္းကိုယ္စားလွယ္က ေျပာၾကားခဲ့ပါတယ္။

{Unicode}

မြန်မာ့အရေး နိုင်ငံတကာနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မည် (ကုလဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး)

အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ အခုနှစ် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်တဲ့ ဗီယက်နမ် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ရေး၊ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာရေးနဲ့ နားလည်မှုတည်ဆောက်ပြီး သဘောထားကွဲပြားမှုတွေ လျော့ချနိုင်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ယိုးယွင်းလာနေတဲ့ စီးပွားရေးအခြေအနေအပြင် စာနာမှုဆိုင်ရာ အကူအညီတွေ ကြီးမားစွာလိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေ တိုးတက်မှု ရှိမလာတဲ့အပေါ် ဗီယက်နမ်အနေနဲ့ စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ မနေ့ မတ်လ ၁၆ ရက်နေ့က ကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘော ဆွေးနွေးပွဲမှာ သံအမတ်ကြီး Dang Hoang Giang က ပြောပါတယ်။

မြန်မာလူထု လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အဓိပ္ပါယ်ရှိပြီး အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်လာနိုင်ဖို့ နှစ်ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း သံအမတ်ကြီး Giang က တိုက်တွန်းပါတယ်။

သက်ဆိုင်သူအားလုံးက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ဗီယက်နမ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားပြီး ၊ လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး ကြိုးပမ်း လုပ်ဆောင်မှုတွေကို ဗီယက်နမ်က ထောက်ခံ အားပေးသလို၊ အာဆီယံနဲ့ ကုလသမဂ္ဂတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေ အချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ထောက်ခံ အားပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် အမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG