သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Noeleen Heyzer နဲ႔ Retno Marsudi တို႔ လုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး အစီရင္ခံစာတင္မည္  


(ယခင္ပုံေဟာင္း) ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ႏိုလင္းေဟဇာ ျမန္မာႏိုင္ငံ ေရာက္ရွိ။

ျမန္မာႏိုင္ငံအတြက္ လက္ရွိျဖစ္ေပၚေနတဲ့ အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအေနနဲ႔ ၂၀၂၂ ခုႏွစ္က ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္အေပၚ အေျခခံၿပီး သိသာထင္ရွားတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္သင့္တယ္လို႔ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕က တိုက္တြန္းလိုက္ပါတယ္။

ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ အာဆီယံအဖြဲ႕ရဲ႕ အလွည့္က်ဥကၠဌ တာဝန္ယူထားတဲ့ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္၊ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္လည္းျဖစ္တဲ့ Retno Marsudi တို႔ ဒီကေန႔ မတ္လ ၁၃ ရက္ေန႔မွာ လုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး အစီရင္ခံစာေတြ တင္သြင္းဖို႔ ရွိေနခ်ိန္မွာဘဲ HRW ရဲ႕ တိုက္တြန္းခ်က္ ဒီကေန႔ ထြက္ေပၚလာတာပါ။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းယူၿပီးတဲ့ေနာက္ပိုင္း ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအေပၚ ျပစ္တင္ ေဝဖန္ထားတဲ့ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ဆုံးျဖတ္ခ်က္ကို လုံၿခဳံေရးေကာင္စီအေနနဲ႔ ျပန္လည္ အေကာင္အထည္ေဖာ္ဖို႔ HRW က တိုက္တြန္းပါတယ္။ လုံၿခဳံေရးေကာင္စီရဲ႕ အဲဒီလုပ္ေဆာင္မႈဟာ ျမန္မာစစ္တပ္ရဲ႕ အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို တကမာၻလုံးက ေစာင့္ၾကည့္ အေရးယူႏိုင္မယ့္ ပထမ ေျခလွမ္းလည္း ျဖစ္ပါတယ္။

ကုလသမဂၢ ပဋိဉာဏ္စာခ်ဳပ္ အပိုဒ္ VII မွာ ေဖာ္ျပထားတဲ့အတိုင္း တကမာၻလုံးအတိုင္းအတာနဲ႔ ျမန္မာႏိုင္ငံကို လက္နက္ တင္ပို႔ ေရာင္းခ်မႈ ပိတ္ပင္တာ၊ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြကို ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးကို တင္သြင္းတာ၊ စစ္တပ္အရာရွိေတြနဲ႔ စစ္တပ္နဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ့ ကုမၸဏီေတြကို ပစ္မွတ္ထား အေရးယူတာေတြ လုပ္ေဆာင္ဖို႔လည္း HRW က တိုက္တြန္းထားပါတယ္။

ကုလသမဂၢ ပဋိဉာဏ္စာခ်ဳပ္ အပိုဒ္ VII အရ ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္တဲ့ လုပ္ေဆာင္မႈ၊ ၿငိမ္းခ်မ္းေရးပ်က္ျပားေအာင္ လုပ္ေဆာင္မႈ၊ က်ဴးေက်ာ္ ရန္စမႈတို႔ လုပ္ေဆာင္ခဲ့ရင္ တည္ၿငိမ္ ေအးခ်မ္းမႈနဲ႔ လုံၿခဳံမႈျပန္လည္ ေပၚေပါက္လာေရးအတြက္ လုံၿခဳံေရးေကာင္စီက အႀကံျပဳခ်က္ေပးတာ၊ သို႔တည္းမဟုတ္ ဘာေတြ ဆက္လုပ္ေဆာင္သင့္တယ္ဆိုတာကို ဆုံးျဖတ္ခ်က္ခ်မွတ္တာေတြ လုပ္ရမွာ ျဖစ္ပါတယ္။

အတြင္းေရးမႈးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္နဲ႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးတို႔အေနနဲ႔ ျမန္မာစစ္တပ္ဟာ လူေတြသတ္ျဖတ္ေနတယ္၊ ညဥ္းပန္း ႏွိပ္စက္ေနတယ္၊ တရားလက္လြတ္ ဖမ္းဆီးခ်ဳပ္ေႏွာင္ေနတယ္၊ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္ဆိုတာကို သိသာ ေပၚလြင္ေအာင္ တင္ျပသင့္ၿပီး ပစ္မွတ္ထား အေရးယူမႈေတြ လုပ္ေဆာင္လာေအာင္ တိုက္တြန္း ေျပာဆိုသင့္တယ္လို႔ ဒီကေန႔ ထုတ္ျပန္တဲ့ HRW ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ SAC-M ကလည္း ျမန္မာစစ္ေကာင္စီဟာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ အာဆီယံအဖြဲ႔ ျမန္မာ့အေရးသေဘာတူညီခ်က္ ၅ ခ်က္ကို ခ်ိဳးေဖါက္ၿပီး အၾကမ္းဖက္မႈေတြ ပိုတိုးလုပ္ေဆာင္ေန တဲ့အတြက္ အေရးယူတုံ႔ျပန္ဖို႔ တိုက္တြန္းသြားပါတယ္။ စစ္ကိုင္းတိုင္းအတြင္း ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ကေလးေတြအပါအဝင္ ေခါင္းျဖတ္သတ္ျဖတ္မႈေတြကို အပါအအဝင္ စစ္တပ္ရဲ႕ ပိုတိုးလုပ္ေဆာင္လာေနတဲ့ အၾကမ္းဖက္မႈေတြကို SAC-M အဖြဲ႔ရဲ႕ေၾကညာခ်က္မွာ ေသခ်ာေထာက္ျပေျပာဆိုထားတာပါ။ ျပည္သူလူထုအေပၚ စစ္တပ္ က်ဴးလြန္ေနတဲ့ အထူးဆိုးရြားတဲ့ အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္ျပစ္ရပါမယ္၊ ျမန္မာနိုင္ငံက ပဋိပကၡေျဖရွင္းႏိုင္ေရးအတြက္ တိုးတက္မႈရဖို႔ဆိုရင္ အာဆီယံ၊ ကုလသမဂၢဳအပါအဝင္ အားလံုးေတာင္းဆိုေနတဲ့အထဲမွာ ဒါက အနိမ့္ဆံုးအဆင့္လိုက္နာရမယ့္ အခ်က္ျဖစ္ပါတယ္။ ျမန္မာစစ္ေခါင္းေဆာင္ကေတာ့ ဒါေတြ ရပ္တန္႔မယ့္ပံုမရွိပါဘူး၊ နားေထာင္လာေအာင္ လံုၿခဳံေရးေကာင္စီက လုပ္ေဆာင္မွရပါမယ္လို႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ တာဝန္ယူလုပ္ေဆာင္ခဲ့ဖူးတဲ့ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ေတြနဲ႔ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ဝင္ေတြ ပါဝင္တဲ့ SAC-M အဖြဲ႔ရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

Noeleen Heyzer နဲ့ Retno Marsudi တို့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အစီရင်စာတင်မည်

မြန်မာနိုင်ငံအတွက် လက်ရှိဖြစ်ပေါ်နေတဲ့ အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ၂၀၂၂ ခုနှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အခြေခံပြီး သိသာထင်ရှားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်သင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Retno Marsudi တို့ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အစီရင်ခံစာတွေ တင်သွင်းဖို့ ရှိနေချိန်မှာဘဲ HRW ရဲ့ တိုက်တွန်းချက် ဒီကနေ့ ထွက်ပေါ်လာတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပြစ်တင် ဝေဖန်ထားတဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအနေနဲ့ ပြန်လည် အကောင်အထည်ဖော်ဖို့ HRW က တိုက်တွန်းပါတယ်။ လုံခြုံရေးကောင်စီရဲ့ အဲဒီလုပ်ဆောင်မှုဟာ မြန်မာစစ်တပ်ရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို တကမ္ဘာလုံးက စောင့်ကြည့် အရေးယူနိုင်မယ့် ပထမ ခြေလှမ်းလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပဋိဉာဏ်စာချုပ် အပိုဒ် VII မှာ ဖော်ပြထားတဲ့အတိုင်း တကမ္ဘာလုံးအတိုင်းအတာနဲ့ မြန်မာနိုင်ငံကို လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင်တာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်သွင်းတာ၊ စစ်တပ်အရာရှိတွေနဲ့ စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတာတွေ လုပ်ဆောင်ဖို့လည်း HRW က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ ပဋိဉာဏ်စာချုပ် အပိုဒ် VII အရ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ လုပ်ဆောင်မှု၊ ငြိမ်းချမ်းရေးပျက်ပြားအောင် လုပ်ဆောင်မှု၊ ကျူးကျော် ရန်စမှုတို့ လုပ်ဆောင်ခဲ့ရင် တည်ငြိမ် အေးချမ်းမှုနဲ့ လုံခြုံမှုပြန်လည် ပေါ်ပေါက်လာရေးအတွက် လုံခြုံရေးကောင်စီက အကြံပြုချက်ပေးတာ၊ သို့တည်းမဟုတ် ဘာတွေ ဆက်လုပ်ဆောင်သင့်တယ်ဆိုတာကို ဆုံးဖြတ်ချက်ချမှတ်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။

အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့အနေနဲ့ မြန်မာစစ်တပ်ဟာ လူတွေသတ်ဖြတ်နေတယ်၊ ညဉ်းပန်း နှိပ်စက်နေတယ်၊ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်နေတယ်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို သိသာ ပေါ်လွင်အောင် တင်ပြသင့်ပြီး ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဆောင်လာအောင် တိုက်တွန်း ပြောဆိုသင့်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M ကလည်း မြန်မာစစ်ကောင်စီဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အာဆီယံအဖွဲ့ မြန်မာ့အရေးသဘောတူညီချက် ၅ ချက်ကို ချိုးဖေါက်ပြီး အကြမ်းဖက်မှုတွေ ပိုတိုးလုပ်ဆောင်နေ တဲ့အတွက် အရေးယူတုံ့ပြန်ဖို့ တိုက်တွန်းသွားပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကလေးတွေအပါအဝင် ခေါင်းဖြတ်သတ်ဖြတ်မှုတွေကို အပါအအဝင် စစ်တပ်ရဲ့ ပိုတိုးလုပ်ဆောင်လာနေတဲ့ အကြမ်းဖက်မှုတွေကို SAC-M အဖွဲ့ရဲ့ကြေညာချက်မှာ သေချာထောက်ပြပြောဆိုထားတာပါ။ ပြည်သူလူထုအပေါ် စစ်တပ် ကျူးလွန်နေတဲ့ အထူးဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ပြစ်ရပါမယ်၊ မြန်မာနိုင်ငံက ပဋိပက္ခဖြေရှင်းနိုင်ရေးအတွက် တိုးတက်မှုရဖို့ဆိုရင် အာဆီယံ၊ ကုလသမဂ္ဂုအပါအဝင် အားလုံးတောင်းဆိုနေတဲ့အထဲမှာ ဒါက အနိမ့်ဆုံးအဆင့်လိုက်နာရမယ့် အချက်ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်ကတော့ ဒါတွေ ရပ်တန့်မယ့်ပုံမရှိပါဘူး၊ နားထောင်လာအောင် လုံခြုံရေးကောင်စီက လုပ်ဆောင်မှရပါမယ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူလုပ်ဆောင်ခဲ့ဖူးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ SAC-M အဖွဲ့ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

XS
SM
MD
LG