သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေမဲ့ ဖမ်းဆီးခံအားလုံးကို ချက်ချင်းလွှတ်ဖို့ Noeleen Heyzer ထပ်မံ တောင်းဆို


Noeleen Heyzer
Noeleen Heyzer

ဥပဒေမဲ့ ဖမ်းဆီးခံအားလုံးကို ချက်ချင်းလွှတ်ဖို့ Noeleen Heyzer ထပ်မံ တောင်းဆို

{{Zawgyi/Unicode}}
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် မြန်မာနိုင်ငံတွင်း တရားမဲ့ဖမ်းဆီးထားသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က ထပ်မံ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကြာသပတေးနေ့က ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာအတွက် ထောက်ခံအားပေးသလို ကလေးသူငယ်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ သူ့ရဲ့ နေပြည်တော် ခရီးစဉ်အတွင်း သူတောင်းဆိုခဲ့တဲ့အတိုင်း အခုလည်း ထပ်မံတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အဲဒီအချိန်က Australia စီးပွါးရေးပညာရှင် Sean Turnell ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး အခုနောက်ဆုံး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တဲ့ ထဲမှာ မစ္စတာ Trunell လည်း ပါဝင်ခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အထွေထွေ ညီလာခံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကလည်း သူတောင်းဆိုထားတဲ့အတိုင်း နိုင်ငံရေးအကျဉ်းသား အားလုံးပြန်လွှတ်ပေးဖို့အပြင် အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာနဲ့ တရားမဲ့ ဖမ်းဆီးမှုတွေ ရုံးတင်အပြစ်ပေးမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချ ကြတဲ့အတွက်လည်း သူမအနေနဲ့ ကျေးဇူးတင်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ကုလအတွင်းရေးမှုးချုပ် Antonio Guterres ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အရေးယူဆောင်ရွက်ရမယ့် တာဝန်ပျက်ကွက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံက အထူးကိုယ်စားလှယ်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားထားကြောင်း နိုဝင်ဘာ ၁၂ ရက်က ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ အာဆီယံအစည်းဝေးအတွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}




XS
SM
MD
LG