သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံဥကၠဌသစ္ ျမန္မာ့ျပႆနာကို ကိုင္တြယ္ႏိုင္မလား


Indonesia ASEAN

ျမန္မာ့အေရး ကမၻာ့အေရးေတြကို အပတ္စဥ္ သုံးသပ္သြားမယ့္ " အယ္ဒီတာနဲ႔ ေဆြးေႏြးခန္း" အစီအစဥ္ကို နားဆင္႐ႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီတပတ္မွာေတာ့ ျမန္မာ့ျပႆနာ ေျပလည္ေရးအတြက္ ဘာမွမတတ္ႏိုင္ျဖစ္ေနတဲ့ အာဆီယံဟာဥကၠ႒သစ္ အင္ဒိုနီး႐ွားရဲ႕ ဦးေဆာင္မႈေအာက္မွာ ပိုမိုအစြမ္းထက္လာႏိုင္သလား ဆိုတာ ၾကည့္ၾကရေအာင္ပါ။ ဦးေက်ာ္ဇံသာကို မျမသဇင္ေအာင္က ေမးျမန္းေဆြးေႏြးထားပါတယ္။

ေမး ။ ။ အခု အင္ဒိုနီးရွားက အာဆီယံဥကၠ႒ ျဖစ္လာတဲ့အခါမွာ စစ္ေကာင္စီအေပၚမွာ ပိုၿပီးေတာ့ ဖိအားေပးလာမယ္လို႔ တခ်ဳိ ႔က ယူဆၾကပါတယ္။ ဒီအေပၚမွာ ဆရာ့အေနနဲ႔ ဘယ္လိုထင္ျမင္မိပါသလဲ။ ဒီလိုျဖစ္လာႏုိင္မယ္လို႔ေကာ ထင္ပါသလား။

ေျဖ ။ ။ အင္ဒိုနီးရွား ဥကၠ႒ ျဖစ္လာတဲ့အခါမွာ လူေတာ္ေတာ္မ်ားမ်ားအတြက္ အားတတ္စရာေကာင္းတဲ့ကိစၥလို႔ ဆုိႏုိင္ပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အင္ဒိုနီးရွားမတိုင္ခင္ က်န္တဲ့ဥကၠ႒ေတြက အာဆီယံအေပၚမွာ သူတုိ႔က သိပ္ၿပီးေတာ့ အင္ဒိုနီးရွားေလာက္ အရိွန္အဝါႀကီးႀကီးနဲ႔ ဦးေဆာင္ႏုိင္မယ့္ ႏုိင္ငံေတြမဟုတ္ဘူးဆိုၿပီးေတာ့ ႏိႈင္းယွဥ္ၾကတာေတြ ရိွပါတယ္။ ဥပမာ ျမန္မာမွာ အာဏာသိမ္းၿပီးေနာက္ ျဖစ္ခဲ့တဲ့ ဥကၠ႒ေတြျဖစ္တဲ့ ကေမၻာဒီးယား၊ ဘရူးႏိုင္တို႔ဆိုရင္ အင္ဒိုနီးရွားေလာက္ လုပ္ႏုိင္ကိုင္ႏိုင္တဲ့ မရိွတဲ့ႏုိင္ငံေတြ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အင္ဒိုနီးရွားေတာ့ ေတာ္ေတာ္ေလး အေျခအေနေကာင္းလာလိမ့္မယ္လို႔ အားတက္ၾကသူေတြ ရိွပါတယ္။ သို႔ေသာ္လဲ တခ်ဳိ ႔ကေတာ့ အင္ဒိုနီးရွားလည္း သိပ္ျဖစ္ႏုိင္မွာ မဟုတ္ဘူး။ သူတေယာက္တည္း လုပ္လို႔ရတဲ့ကိစၥလည္း မဟုတ္ဘူး။ အာဆီယံတဖြဲ႔လံုးက လုပ္ရမယ့္ကိစၥ ျဖစ္တယ္ဆိုၿပီးေတာ့ တြက္ၾကပါတယ္။ အင္ဒိုနီးရွားက ဘာလုပ္လာမလဲဆိုတာေတာ့ အတိအက် သူက မေျပာေသးဘူးေပါ့။ သူက ကိုယ္စားလွယ္လႊတ္မယ္၊ ဘာညာလုပ္ေနတယ္။ ဆိုေတာ့ အင္ဒိုနီးရွားက တကယ္ ဘာလုပ္လာမလဲဆိုတာကို လမ္းစဥ္ကို အတိအက်ခ်ျပၿပီးေတာ့ လုပ္မလုပ္ဆုိတာကို ေစာင့္ၾကည့္ၿပီးေတာ့ အဆံုးအျဖတ္ေပးတာ ပိုေကာင္းမယ္ ထင္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ေမွ်ာ္လင့္ခ်က္ တပိုင္းတစနဲ႔ ေနၾကရအံုးမယ္လို႔ ယူဆပါတယ္။

ေမး ။ ။ အဲဒီေတာ့ ဒီမွာ အင္ဒိုနီးရွားက အာဆီယံဥကၠ႒ ျဖစ္လာတယ္။ တဘက္မွာၾကေတာ့ မေလးရွားဝန္ႀကီးခ်ဳပ္အသစ္က ျမန္မာကို ပံုစံေျပာင္းၿပီးေတာ့ ခ်ဥ္းကပ္ဖို႔အတြက္ အျပင္းအထန္ ေျပာလာတာ ရိွပါတယ္။ ဒီအခ်က္ ႏွစ္ခ်က္နဲ႔ပင္ တခ်ဳိ ႔က ေမွ်ာ္လင့္ခ်က္ေတြ ပိုၿပီးေတာ့ ထားလာတာေတြလည္း ေတြ႔ရပါတယ္။ ဒီအေပၚမွာ ဘယ္လိုသံုးသပ္မိပါသလဲ။

ေျဖ ။ ။ မေလးရွားကိစၥကို သီးျခားေျပာရမယ္ဆိုရင္ မေလးရွားက ေလသံတင္းေနတာ အခုမွ မဟုတ္ပါဘူး။ ျမန္မာစစ္ေကာင္စီ အာဏာမသိမ္းခင္ကတည္းက မေလးရွားက ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ႏိွပ္ကြပ္တဲ့အတြက္ေၾကာင့္ဆိုၿပီးေတာ့ မေလးရွားက အေတာ္ေလး တင္းတင္းမာမာ ေျပာေနတဲ့ ႏုိုင္ငံ ျဖစ္ပါတယ္။ ဆိုေတာ့ အခု Anwar Ibrahim ဝန္ႀကီးခ်ဳပ္ ျဖစ္လာတဲ့အခါမွာ သူဟာ တုိင္းျပည္ကေနထြက္ၿပီးေတာ့ ေဒသတြင္းမွာလည္း သူ႔အရိွန္အဝါကို တက္ေအာင္လုပ္ျပခ်င္တဲ့သေဘာနဲ႔ ခရီိးေတြ လွည့္ေနတယ္ဆိုၿပီးေတာ့ သံုးသပ္သူတခ်ဳိ ႔က အဲဒီလိုေတာင္ ေရးၾကပါတယ္။ ဆုိေတာ့ သူ အဓိကေျပာတဲ့ ႏွစ္ခ်က္ကေတာ့ ဘန္ေကာက္ကိုေရာက္တဲ့အခါမွာ သူေျပာခဲ့တာက ျမန္မာႏုိင္ငံဟာ အာဆီယံကို ေဒသတြင္း ဒုကၡေပးတဲ့အတြက္ေၾကာင့္ က်န္တဲ့အဖြဲ႔ဝင္ေတြက "Carve out Myanmar" ဖဲ့ထုတ္လိုက္ရမယ္ဆုိတဲ့သေဘာ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ထိုင္းႏုိင္ငံအစိုးရဘက္က တစံုတရာ တံု႔ျပန္တာ၊ လက္ခံတာ ႀကိဳဆိုတာ ဘာမွမၾကားရပါဘူး။ တိတ္ဆိတ္ေနတယ္။ သိပ္ၿပီးေတာ့ ဘဝင္က်ဟန္ မတူပါဘူး။ ၾကားစရာလည္း အေၾကာင္းမရိွပါဘူး။ ထုိင္းကေတာ့ ျမန္မာနဲ႔ နီးနီးကပ္ကပ္ ဆက္ဆံေနတဲ့ ႏုိင္ငံ ျဖစ္တယ္။ တခါ ဝန္ႀကီးခ်ဳပ္ Ibrahim ဟာ ဖိလစ္ပိုင္ ေရာက္တဲ့အခါမွာ ဖိလစ္ပိုင္တကၠသိုလ္မွာ မိန္႔ခြန္းေျပာေတာ့ ျမန္မာႏုိင္ငံဟာ အာဆီယံထဲမွာ သိပ္ၿပီးေတာ့ ဒုကၡေပးေနတယ္။ သူတို႔ႏုိင္ငံမွာ ျမန္မာႏုိင္ငံက ဒုကၡသည္ေပါင္း ႏွစ္သိန္းေက်ာ္ေလာက္ ေရာက္ေနၿပီ ျဖစ္တယ္။ ဒါေၾကာင့္ ျမန္မာႏုိင္ငံကို ခ်ဥ္းကပ္ဖို႔ နည္းသစ္တခု ရွာရမယ္ဆိုၿပီးေတာ့ ေျပာျပန္ပါတယ္။ ဒီကိစၥမွာလည္း ဖိလစ္ပိုင္ဘက္က သိပ္ၿပီးေတာ့ေျပာတာ မေတြ႔ရေသးပါဘူး။ ဆိုေတာ့ မေလးရွားနဲ႔ အင္ဒိုနီးရွား ႏုိင္ငံႏွစ္ႏုိင္ငံတို႔ရဲ ႔ ေျပာတာေတြကေတာ့ အားတက္စရာေတာ့ ေကာင္းပါတယ္။ စကားသံအေနနဲ႔ေပါ့၊ လက္ေတြ႔ ျဖစ္မလာရင္ေတာ့ သႀကၤန္အေျမွာက္မ်ား ျဖစ္သြားေလမလား မေျပာတတ္ဘူး။

ေမး ။ ။ အဲဒီေတာ့ ဆရာေျပာတဲ့သေဘာအရဆုိရင္ သိပ္ၿပီးေတာ့ ေမွ်ာ္လင့္လို႔ မရဘူးလို႔ ထင္တဲ့သေဘာပါ။ ဆိုေတာ့ ဘာေၾကာင့္ ေမွ်ာ္လင့္လို႔ မရဘူးလို႔ ဆရာ့အေနနဲ႔ ထင္ပါသလဲ။

ေျဖ ။ ။ အဓိကကေတာ့ ျမန္မာစစ္တပ္က နားေထာင္မွာ မဟုတ္ဘူးေလ။ ျမန္မာစစ္ေကာင္စီက သူတုိ႔ကို သိပ္မွဂရုမစိုက္တာ။ ဘာေျပာေျပာ ဂရုမစိုက္ဘဲ ေနလာခဲ့တာပဲ။ အာဆီယံ မူ (၅) ခ်က္။ ႏုိင္ငံတကာက ေကာင္းတယ္ - ဒီအတိုင္း လုပ္ၾကပါဆုိၿပီးေတာ့ ဝိုင္းဝန္းတိုက္တြန္းၾကတဲ့ မူ (၅) ခ်က္ကို ျမန္မာစစ္ေကာင္စီက တခုမွ မလိုက္နာဘူး။ အဲဒီေတာ့ ဘာမွျဖစ္စရာအေၾကာင္း မရိွဘူး။ တခ်ဳိ ႔ကေျပာတယ္ ျမန္မာစစ္ေကာင္စီကို ဒီလိုေျပာလို႔မရဘူး၊ ခပ္ၾကမ္းၾကမ္း ကိုင္တြယ္ရမယ္ ေျပာတယ္။ ခပ္ၾကမ္းၾကမ္း ကိုင္တြယ္ရမယ္ဆိုလဲ အာဆီယံမွာ ကိုင္တြယ္ႏုိင္တဲ့ အရည္အခ်င္း၊ အခ်က္အလက္ေတြနဲ႔ ျပည့္စံုရမယ္။ အခု သူမွာက အကန္႔အသတ္ေတြ၊ အတားအဆီးေတြ ရိွေနတယ္။ ပညာရွင္ေတြ၊ သံုးသပ္သူေတြကလည္း ဒီလိုပဲ ျမင္တယ္။ အာဆီယံမွာ concesus အမ်ားသေဘာတူ၊ ဘံုသေဘာတူညီမႈရမွ ဆံုးျဖတ္ခ်က္ခ်ႏုိင္ရမယ္။ ဒုတိယတခ်က္က noninterference အဖြဲ႔ဝင္ႏုိင္ငံေတြရဲ ႔ ျပည္တြင္းေရးကို ဝင္မစြက္ဖက္ရဘူးဆိုတဲ့ ဒီမူ ႏွစ္ခ်က္က ၿငိ့စြန္းေနတာပဲ။ ျမန္မာႏုိင္ငံကို ဝင္မစြက္ရင္ ဘယ္လိုမွ ေျပာင္းလဲေပးမွာ မဟုတ္ဘူး။ ဝါရွင္တန္ National War College က ပါေမာကၡ Dr. Zachary Abuza က ဘာေျပာသလဲဆိုေတာ့ အႏုနည္းနဲ႔ ဒီလိုခ်ဥ္းကပ္ၿပီး ေျပာေနလို႔ ဘယ္ေတာ့မွ မရဘူးတဲ့။ ဘာေၾကာင့္လဲဆိုေတာ့ သူတုိ႔က ေစ့စပ္ေဆြးေႏြးခ်င္တဲ့ Goodwill ဆႏၵ သေဘာထားအမွန္ မရိွဘူး။ သူတုိ႔လိုခ်င္တာက အာဏာ။ သူတုိ႔လုပ္ခ်င္တာက အတိုက္အခံေတြကို လံုးဝႏိွပ္ကြပ္ခ်င္တာပဲ ျဖစ္တယ္။ ဆိုေတာ့ သူတုိ႔ကို ဒီလိုစကားနဲ႔ ေျပာလို႔မရဘူး။ ခပ္ၾကမ္းၾကမ္းကိုင္မွ ျဖစ္မယ္လို႔ ပါေမာကၡ Abuza က ေျပာေနသလို၊ ထိုင္းကပါေမာကၡ Dr. Thitinan Pongsudhirak ကလည္း အဲဒီလိုေျပာတာ ေတြ႔ရပါတယ္။ သူတုိ႔ေရးထားတဲ့ သံုးသပ္ခ်က္ေတြမွာ။ ဆိုေတာ့ အဓိက မေအာင္ျမင္ရတာက ဒီႏွစ္ႏုိင္ငံရဲ ႔ ေျပာစကားက ဘယ္ေလာက္မထိေရာက္ႏုိင္ဘူးဆိုတဲ့ အေၾကာင္းရင္းကေတာ့ အဲဒါပါပဲ။

ေမး ။ ။ ဒါဆိုရင္ က်န္တဲ့အာဆီယံအဖြဲ႔ဝင္ ႏိုင္ငံေတြအေနနဲ႔ေကာ ဘယ္လိုအေနအထား ရိွပါသလဲ။

ေျဖ ။ ။ က်န္တဲ့အာဆီယံႏုိင္ငံအဖြဲ႔ဝင္ေတြ အမ်ားစုကေတာ့ ျမန္မာႏုိင္ငံနဲ႔ ႏုိင္ငံေရးစနစ္ခ်င္း သိပ္ၿပီးေတာ့ သူမသာကုိယ္မသာ၊ သူတုိ႔ဘက္က နည္းနည္းသာတယ္ဆိုရင္ေတာင္ သူတုိိ႔က အတိုက္အခံေတြကို ပစ္ခတ္ႏိွပ္စက္ ဖမ္းဆီးတာေတြ မရိွဘူးဆိုတာပဲ ကြာတယ္လို႔ပဲ ေျပာရပါလိမ့္မယ္။ မ်ားေသာအားျဖင့္ သူတုိ႔ေတြကလည္း တကယ့္ ဒီမိုကေရစီက်က် ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရေတြလို႔ ေျပာရခက္ပါတယ္။ ထိုင္းဆိုရင္ပဲ ၾကည့္ပါေတာ့ ျမန္မာႏုိင္ငံရဲ ႔ အိမ္နီးခ်င္း။ သူလည္း စစ္တပ္က အာဏာသိမ္းၿပီးေတာ့ အရပ္သားအဝတ္ဝတ္ၿပီး ဥပေဒနဲ႔ အတင္းတည္ၿမဲဖိုိ႔ ႀကိဳးစားထားတဲ့ အစိုးရလို႔ေျပာလို႔ ရပါတယ္။ လာအို၊ ဗိယက္နမ္၊ ကေမၻာဒီးယားတို႔ကလည္း တစ္ပါတီအုပ္ခ်ဳပ္တဲ့ ႏုိင္ငံေတြသာ ျဖစ္ပါတယ္။ ဘရူးႏိုင္း ထိုနည္းလည္းေကာင္းပါပဲ။ ဖိလစ္ပိုင္ကလည္း သမၼတ မားကိုစ္က ေရြးေကာက္ပြဲအရ တက္လာတာ ျဖစ္ေပမယ့္ သူ႔အေဖရဲ ႔ အရိပ္အမည္းႀကီးက သူ႔အေပၚမွာ ထိုးေနေတာ့ သူက ဘယ္ေလာက္ျဖစ္လာႏုိင္မလဲဆိုတာလဲ လူေတြက ေစာင့္ၾကည့္ေနၾကတဲ့ အေျခအေန ရိွပါတယ္။ ဆုိေတာ့ သူတုိ႔ႏုိင္ငံေတြမွာ ဒီလိုျပႆနာေတြ ရိွေနေတာ့ သူတုိိ႔က အင္ဒိုနီးရွား၊ မေလးရွားတို႔ ေျပာတဲ့အတိုင္း တက္တက္ၾကြၾကြ လိုက္လာၿပီးေတာ့ ေဆာင္ရြက္ႏုိင္ပါ့မလားဆိုတာလည္း အဓိကအခက္အခဲ ႀကံဳေနပါတယ္။ အဲဒါေၾကာင့္ မျဖစ္ႏိုင္ဘူးလို႔ စိတ္မေကာင္းစြာနဲ႔ တြက္ဆေနၾကတာ ျဖစ္ပါတယ္။

ေမး ။ ။ ဒါနဲ႔ ဒီေနရာမွာ တခုေျပာခ်င္တာက အာဆီယံဥကၠ႒ ျဖစ္ေနတဲ့ အင္ဒိုနီးရွားက သူကိုယ္တိုင္လည္း စစ္အာဏာရွင္လက္ေအာက္ကေန ေျပာင္းလဲလာတာပါ။ ဒီေတာ့ သူ႔အေတြ႔အႀကံဳနဲ႔ ဆြဲေဆာင္ႏိုင္မယ့္ အလားအလာ ရိွမယ္လုိ႔ ထင္ပါသလား။

ေျဖ ။ ။ သိပ္ေကာင္းတဲ့ ေမးခြန္းပါပဲ။ အင္ဒိုနီးရွားရဲ ႔ အေတြ႔အႀကံဳကို နမူနာ ယူသင့္တယ္ဆိုတာ။ ျမန္မာႏုိင္ငံ အရင္အစိုးရေတြ လက္ထက္ကတည္းက ဦးသိန္းစိန္လက္ထက္ကတည္းက ၂၀၀၈ အေျခခံဥပေဒ မေရးခင္ကတည္းက အဲဒါကို နမူနာအျဖစ္ ေျပာဆိုခဲ့တဲ့ ပညာရွင္ေတြ၊ သံုးသပ္သူေတြ အမ်ားႀကီးပါ။ အင္ဒိုနီးရွားပဲ လုပ္သလိုပဲလုပ္ဖို႔သင့္တယ္။ ပါလီမန္မွာ သူတုိ႔လည္း စစ္တပ္ကို အခ်ဳိးအစားတခု ေပးထားတယ္။ ေနာက္တျဖည္းျဖည္း ဖယ္ထုတ္သြားမယ္။ ေနာက္ လံုးဝစစ္မွန္တဲ့ အရပ္သားအစိုးရ ျဖစ္လာေအာင္လုပ္မယ္။ အဲဒီလို ေျပာခဲ့ၾကပါတယ္။ အခု အင္ဒိုနီးရွားမွာ သမၼတ Joko Widodo ဆိုရင္ လံုးဝအရပ္သားစစ္စစ္ အစိုးရအျဖစ္ကို ေရာက္ရိွေနၿပီ ျဖစ္ပါတယ္။ ဒါကို ျမန္မာႏုိင္ငံမွာလည္း ျဖစ္လာလိမ့္မယ္လုိ႔၊ ျဖစ္လာပါေစလို႔ လူေတြက ေမွ်ာ္လင့္ခဲ့ၾကတယ္။ ဆိုေတာ့ သမၼတ Widodo ကလည္း သူတုိ႔ႏုိင္ငံမွာ အေျပာင္းအလဲ လုပ္လာတဲ့ဟာ အေတြ႔အႀကံဳရင့္ၾကတ္တဲ့ စစ္ဘက္အႀကီးအကဲတေယာက္ကို ျမန္မာႏုိင္ငံကို ေစလႊတ္မယ္ဆိုတာကို စီစဥ္ေနပါတယ္။ ဘယ္ေတာ့ ေစလႊတ္မလဲ။ တကယ္ပဲ လက္ခံပါ့မလားဆိုတာလဲ သိပ္သံသယ ရိွစရာ ျဖစ္ပါတယ္။ ေနာက္တခါ သမၼတ Widodo ဟာ ကမၻာ့အင္အားႀကီးႏိုင္ငံ ၂၀ ျဖစ္တဲ့ G-20 အစည္းအေဝးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တယ္။ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏုိုင္ခဲ့တယ္လို႔ ကမၻာက ခ်ီးက်ဴးၾကတယ္။ အမ်ားႀကီး အမွတ္ေပးၾကပါတယ္။ ဆိုေတာ့ သူသည္ ဒီအစဥ္အလာကို ဆက္ထိန္းၿပီး ျမန္မာႏုိင္ငံမွာလည္း အလားတူလုပ္ျပေပးလိမ့္မယ္လို႔ တြက္ၾကတဲ့လူေတြ ရိွပါတယ္။ အင္မတန္ ေမွ်ာ္လင့္သင့္တဲ့ကိစၥ ျဖစ္ပါတယ္။ သို႔ေပမဲ့ အာဆီယံ ဥကၠ႒သက္တမ္းက (၁) ႏွစ္သာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ ႔ ျပႆနာက သိပ္ၿပီးေတာ့ တာရွည္ၾကာျမင့္လာခဲ့ၿပီျဖစ္တဲ့ ျပႆနာမ်ဳိးစံု။ ဘယ္အစ ဆြဲထုတ္ရမွန္း မသိတဲ့ ဆူးၿခံဳလို ျဖစ္ေနတယ္။ ဆိုေတာ့ ဒီကိစၥကို သမၼတ Widodo ရဲ ႔ အာဆီယံဥကၠ႒ သက္တမ္း၊ က်န္တဲ့လပိုင္းအတြင္းမွာ ေျဖရွင္းႏုိင္ပါ့မလားဆိုတာကေတာ့ အင္မတန္မွ မျဖစ္ႏုိင္တဲ့ကိစၥလို႔ ထင္ပါတယ္။

ေမး ။ ။ အခု အာဆီယံစံုညီ အစည္းအေဝးပြဲေတြမွာ စစ္ေကာင္စီကို မဖိတ္ေတာ့ဘူး။ ဒီႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ ေဆြးေႏြးပြဲေတာင္မွ ႏုိင္ငံေရးအရ ကိုယ္စားမျပဳတဲ့သူကိုပဲ ဖိတ္တာလည္း ရိွပါတယ္။ ဒီေတာ့ အာဆီယံအေနနဲ႔ ျမန္မာႏုိင္ငံမွာ ဒီထက္ပိုၿပီးေတာ့ ဘာလုပ္လာႏုိင္ေသးတယ္လို႔ ထင္ပါသလဲ ဆရာ။ ဥပမာ ျမန္မာကို အာဆီယံအဖြဲ႔ဝင္ကေန ရပ္ဆိုင္းလိုက္တာမ်ဳိးေကာ ျဖစ္လာႏုိင္မယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ပထမတခုက အစည္းအေဝးေတြမွာ ျမန္မာႏုိင္ငံကို မဖိတ္ေတာ့တာကို ျမန္မာက ဒီကိစၥကို သိပ္ပူပံု မရပါဘူး။ မဖိတ္လည္း ေအးေအးေဆးေဆး နားၿငီးသက္သာတယ္ဆိုၿပီးေတာ့ ျမန္မာစစ္ေကာင္စီက အဲဒီလိုမ်ား သေဘာထားလား မသိပါဘူး။ ေနာက္တခုက ဖယ္ထုတ္ပစ္ႏုိင္သလားဆိုတာ ေစာေစာက က်ေနာ္တို႔ ေျပာခဲ့တဲ့အတုိင္းပဲ မေလးရွားဝန္ႀကီးခ်ဳပ္ Ibrahim က ဒီကိစၥကို နည္းနည္းလမ္းေၾကာင္းေနၿပီ ျဖစ္ပါတယ္။ ဘယ္သူမွ အခုအခ်ိန္အထိ မလိုက္လာေသးဘူး။ ဆိုေတာ့ အာဆီယံသည္ ဖယ္ထုတ္ဖို႔မေျပာနဲ႔ အဲဒီကိစၥမွာ ဝင္ေရာက္ေျဖရွင္းဖို႔ဆိုတာကိုေတာင္ consesus အားလံုးဘံုသေဘာတူညီခ်က္ရမွ ဆံုးျဖတ္ရမယ္ဆိုတာ အဖြဲ႔ဝင္ တႏိုင္ငံကို ထုတ္ပစ္ဖုိ႔အတြက္ေတာ့ ဘယ္လိုမွ သူတုိ႔ေတြ လြယ္လြယ္နဲ႔ လက္ခံၾကလိမ့္မယ္ မဟုတ္ဘူး။ ဒီလို အစဥ္အလာလည္း မရိွခဲ့ပါဘူး။

ေမး ။ ။ အဲဒါဆိုရင္ တရုတ္ဘက္ကို ပိုၿပီးေတာ့ တြန္းပို႔လိုက္သလိုမ်ဳိး ျဖစ္မသြားႏိုင္ဘူးလား။

ေျဖ ။ ။ တကယ္ေတာ့ တရုတ္နဲ႔ ပိုနီးစပ္သြားေလမွာစိုးလို႔ ျမန္မာ့အေရးကို ထဲထဲဝင္ဝင္ မကိုင္တြယ္တာလို႔ ေျပာတာဟာ မကိုင္တြယ္ခ်င္တဲ့ ႏုိင္ငံေတြရဲ ႔ ရမယ္ရွာ အေၾကာင္းျပခ်က္ပါ။ မလုပ္ခ်င္လို႔ အေၾကာင္းျပေနတယ္လို႔ ေျပာလို႔ရပါတယ္။ ဆိုေတာ့ တခ်ဳိ ႔က သံုးသပ္ၾကတယ္။ အာဆီယံဟာ အဓိကတာဝန္ရိွတဲ့ အဖြဲ႔အစည္း ျဖစ္ရဲ ႔သားနဲ႔ ဘာမွမတတ္ႏုိင္ပါလားလို႔ ႏုိင္ငံတကာ ရွဳတ္ခ်ခံရတာကို လြတ္ကင္းေအာင္ လုပ္ျပေနျခင္းသာ ျဖစ္တယ္လို႔ ေျပာၾကပါတယ္။

ေမး ။ ။ ဒီလိုအေျခအေနမ်ဳိးမွာ အားလံုးရဲ ႔ ရင္ထဲမွာ ရိွေနတဲ့ ေမးခြန္း - ျမန္မာႏုိင္ငံအတြက္ ေမွ်ာ္လင့္ခ်က္ မရိွေတာ့ဘူးလား။

ေျဖ ။ ။ အဲဒီေမးခြန္းက အားလံုးရင္ထဲမွာ ရိွေနသလို၊ က်ေနာ့္ ရင္ထဲမွာလည္း ရိွေနတဲ့ ေမးခြန္း ျဖစ္ပါတယ္။ ေမွ်ာ္လင့္ခ်က္ကေတာ့ ထားရမွာပဲ။ သို႔ေသာ္ အဲဒီေမွ်ာ္လင့္ခ်က္က ႏုိင္ငံျခားကို အားကိုးလို႔၊ အာဆီယံကိုလည္းေကာင္း ျပင္ပႏိုင္ငံတႏိုင္ငံ၊ အေနာက္ႏုိင္ငံကိုလည္းေကာင္း အားကိုးၿပီးေတာ့ လုပ္ေနလို႔ေတာ့ မရပါဘူး။ ကိုယ့္ျပည္တြင္းမွာပဲ ေျပာင္းလဲႏုိင္ေအာင္ ရုန္းႏုိင္ရမယ္၊ ႀကိဳးပမ္းရမယ္လို႔ ထင္ပါတယ္။ အခ်ိန္ၾကမယ္လို႔ပဲ က်ေနာ္ထက္ ကၽြမ္းက်င္တဲ့လူေတြကို ေမးၾကည့္ေတာ့လည္း အဲဒီပုဂၢိဳလ္ေတြကလည္း အဲဒီလိုပဲေျပာတယ္။

====== Unicode =============

မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို အပတ်စဉ် သုံးသပ်သွားမယ့် " အယ်ဒီတာနဲ့ ဆွေးနွေးခန်း" အစီအစဉ်ကို နားဆင်ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် ဘာမှမတတ်နိုင်ဖြစ်နေတဲ့ အာဆီယံဟာဥက္ကဋ္ဌသစ် အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုအောက်မှာ ပိုမိုအစွမ်းထက်လာနိုင်သလား ဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ အခု အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့အခါမှာ စစ်ကောင်စီအပေါ်မှာ ပိုပြီးတော့ ဖိအားပေးလာမယ်လို့ တချို့က ယူဆကြပါတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုထင်မြင်မိပါသလဲ။ ဒီလိုဖြစ်လာနိုင်မယ်လို့ကော ထင်ပါသလား။

ဖြေ ။ ။ အင်ဒိုနီးရှား ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါမှာ လူတော်တော်များများအတွက် အားတတ်စရာကောင်းတဲ့ကိစ္စလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်ဒိုနီးရှားမတိုင်ခင် ကျန်တဲ့ဥက္ကဋ္ဌတွေက အာဆီယံအပေါ်မှာ သူတို့က သိပ်ပြီးတော့ အင်ဒိုနီးရှားလောက် အရှိန်အဝါကြီးကြီးနဲ့ ဦးဆောင်နိုင်မယ့် နိုင်ငံတွေမဟုတ်ဘူးဆိုပြီးတော့ နှိုင်းယှဉ်ကြတာတွေ ရှိပါတယ်။ ဥပမာ မြန်မာမှာ အာဏာသိမ်းပြီးနောက် ဖြစ်ခဲ့တဲ့ ဥက္ကဋ္ဌတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ဘရူးနိုင်တို့ဆိုရင် အင်ဒိုနီးရှားလောက် လုပ်နိုင်ကိုင်နိုင်တဲ့ မရှိတဲ့နိုင်ငံတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားတော့ တော်တော်လေး အခြေအနေကောင်းလာလိမ့်မယ်လို့ အားတက်ကြသူတွေ ရှိပါတယ်။ သို့သော်လဲ တချို့ကတော့ အင်ဒိုနီးရှားလည်း သိပ်ဖြစ်နိုင်မှာ မဟုတ်ဘူး။ သူတယောက်တည်း လုပ်လို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ အာဆီယံတဖွဲ့လုံးက လုပ်ရမယ့်ကိစ္စ ဖြစ်တယ်ဆိုပြီးတော့ တွက်ကြပါတယ်။ အင်ဒိုနီးရှားက ဘာလုပ်လာမလဲဆိုတာတော့ အတိအကျ သူက မပြောသေးဘူးပေါ့။ သူက ကိုယ်စားလှယ်လွှတ်မယ်၊ ဘာညာလုပ်နေတယ်။ ဆိုတော့ အင်ဒိုနီးရှားက တကယ် ဘာလုပ်လာမလဲဆိုတာကို လမ်းစဉ်ကို အတိအကျချပြပြီးတော့ လုပ်မလုပ်ဆိုတာကို စောင့်ကြည့်ပြီးတော့ အဆုံးအဖြတ်ပေးတာ ပိုကောင်းမယ် ထင်ပါတယ်။ အခုလောလောဆယ်မှာတော့ မျှော်လင့်ချက် တပိုင်းတစနဲ့ နေကြရအုံးမယ်လို့ ယူဆပါတယ်။

မေး ။ ။ အဲဒီတော့ ဒီမှာ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ ဖြစ်လာတယ်။ တဘက်မှာကြတော့ မလေးရှားဝန်ကြီးချုပ်အသစ်က မြန်မာကို ပုံစံပြောင်းပြီးတော့ ချဉ်းကပ်ဖို့အတွက် အပြင်းအထန် ပြောလာတာ ရှိပါတယ်။ ဒီအချက် နှစ်ချက်နဲ့ပင် တချို့က မျှော်လင့်ချက်တွေ ပိုပြီးတော့ ထားလာတာတွေလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ။ မလေးရှားကိစ္စကို သီးခြားပြောရမယ်ဆိုရင် မလေးရှားက လေသံတင်းနေတာ အခုမှ မဟုတ်ပါဘူး။ မြန်မာစစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက မလေးရှားက ရိုဟင်ဂျာ ဒုက္ခသည်တွေကို နှိပ်ကွပ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ မလေးရှားက အတော်လေး တင်းတင်းမာမာ ပြောနေတဲ့ နိုုင်ငံ ဖြစ်ပါတယ်။ ဆိုတော့ အခု Anwar Ibrahim ဝန်ကြီးချုပ် ဖြစ်လာတဲ့အခါမှာ သူဟာ တိုင်းပြည်ကနေထွက်ပြီးတော့ ဒေသတွင်းမှာလည်း သူ့အရှိန်အဝါကို တက်အောင်လုပ်ပြချင်တဲ့သဘောနဲ့ ခရီးတွေ လှည့်နေတယ်ဆိုပြီးတော့ သုံးသပ်သူတချို့က အဲဒီလိုတောင် ရေးကြပါတယ်။ ဆိုတော့ သူ အဓိကပြောတဲ့ နှစ်ချက်ကတော့ ဘန်ကောက်ကိုရောက်တဲ့အခါမှာ သူပြောခဲ့တာက မြန်မာနိုင်ငံဟာ အာဆီယံကို ဒေသတွင်း ဒုက္ခပေးတဲ့အတွက်ကြောင့် ကျန်တဲ့အဖွဲ့ဝင်တွေက "Carve out Myanmar" ဖဲ့ထုတ်လိုက်ရမယ်ဆိုတဲ့သဘော ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံအစိုးရဘက်က တစုံတရာ တုံ့ပြန်တာ၊ လက်ခံတာ ကြိုဆိုတာ ဘာမှမကြားရပါဘူး။ တိတ်ဆိတ်နေတယ်။ သိပ်ပြီးတော့ ဘဝင်ကျဟန် မတူပါဘူး။ ကြားစရာလည်း အကြောင်းမရှိပါဘူး။ ထိုင်းကတော့ မြန်မာနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတဲ့ နိုင်ငံ ဖြစ်တယ်။ တခါ ဝန်ကြီးချုပ် Ibrahim ဟာ ဖိလစ်ပိုင် ရောက်တဲ့အခါမှာ ဖိလစ်ပိုင်တက္ကသိုလ်မှာ မိန့်ခွန်းပြောတော့ မြန်မာနိုင်ငံဟာ အာဆီယံထဲမှာ သိပ်ပြီးတော့ ဒုက္ခပေးနေတယ်။ သူတို့နိုင်ငံမှာ မြန်မာနိုင်ငံက ဒုက္ခသည်ပေါင်း နှစ်သိန်းကျော်လောက် ရောက်နေပြီ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ချဉ်းကပ်ဖို့ နည်းသစ်တခု ရှာရမယ်ဆိုပြီးတော့ ပြောပြန်ပါတယ်။ ဒီကိစ္စမှာလည်း ဖိလစ်ပိုင်ဘက်က သိပ်ပြီးတော့ပြောတာ မတွေ့ရသေးပါဘူး။ ဆိုတော့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံနှစ်နိုင်ငံတို့ရဲ့ ပြောတာတွေကတော့ အားတက်စရာတော့ ကောင်းပါတယ်။ စကားသံအနေနဲ့ပေါ့၊ လက်တွေ့ ဖြစ်မလာရင်တော့ သင်္ကြန်အမြှောက်များ ဖြစ်သွားလေမလား မပြောတတ်ဘူး။

မေး ။ ။ အဲဒီတော့ ဆရာပြောတဲ့သဘောအရဆိုရင် သိပ်ပြီးတော့ မျှော်လင့်လို့ မရဘူးလို့ ထင်တဲ့သဘောပါ။ ဆိုတော့ ဘာကြောင့် မျှော်လင့်လို့ မရဘူးလို့ ဆရာ့အနေနဲ့ ထင်ပါသလဲ။

ဖြေ ။ ။ အဓိကကတော့ မြန်မာစစ်တပ်က နားထောင်မှာ မဟုတ်ဘူးလေ။ မြန်မာစစ်ကောင်စီက သူတို့ကို သိပ်မှဂရုမစိုက်တာ။ ဘာပြောပြော ဂရုမစိုက်ဘဲ နေလာခဲ့တာပဲ။ အာဆီယံ မူ (၅) ချက်။ နိုင်ငံတကာက ကောင်းတယ် - ဒီအတိုင်း လုပ်ကြပါဆိုပြီးတော့ ဝိုင်းဝန်းတိုက်တွန်းကြတဲ့ မူ (၅) ချက်ကို မြန်မာစစ်ကောင်စီက တခုမှ မလိုက်နာဘူး။ အဲဒီတော့ ဘာမှဖြစ်စရာအကြောင်း မရှိဘူး။ တချို့ကပြောတယ် မြန်မာစစ်ကောင်စီကို ဒီလိုပြောလို့မရဘူး၊ ခပ်ကြမ်းကြမ်း ကိုင်တွယ်ရမယ် ပြောတယ်။ ခပ်ကြမ်းကြမ်း ကိုင်တွယ်ရမယ်ဆိုလဲ အာဆီယံမှာ ကိုင်တွယ်နိုင်တဲ့ အရည်အချင်း၊ အချက်အလက်တွေနဲ့ ပြည့်စုံရမယ်။ အခု သူမှာက အကန့်အသတ်တွေ၊ အတားအဆီးတွေ ရှိနေတယ်။ ပညာရှင်တွေ၊ သုံးသပ်သူတွေကလည်း ဒီလိုပဲ မြင်တယ်။ အာဆီယံမှာ concesus အများသဘောတူ၊ ဘုံသဘောတူညီမှုရမှ ဆုံးဖြတ်ချက်ချနိုင်ရမယ်။ ဒုတိယတချက်က noninterference အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ ဒီမူ နှစ်ချက်က ငြိ့စွန်းနေတာပဲ။ မြန်မာနိုင်ငံကို ဝင်မစွက်ရင် ဘယ်လိုမှ ပြောင်းလဲပေးမှာ မဟုတ်ဘူး။ ဝါရှင်တန် National War College က ပါမောက္ခ Dr. Zachary Abuza က ဘာပြောသလဲဆိုတော့ အနုနည်းနဲ့ ဒီလိုချဉ်းကပ်ပြီး ပြောနေလို့ ဘယ်တော့မှ မရဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့က စေ့စပ်ဆွေးနွေးချင်တဲ့ Goodwill ဆန္ဒ သဘောထားအမှန် မရှိဘူး။ သူတို့လိုချင်တာက အာဏာ။ သူတို့လုပ်ချင်တာက အတိုက်အခံတွေကို လုံးဝနှိပ်ကွပ်ချင်တာပဲ ဖြစ်တယ်။ ဆိုတော့ သူတို့ကို ဒီလိုစကားနဲ့ ပြောလို့မရဘူး။ ခပ်ကြမ်းကြမ်းကိုင်မှ ဖြစ်မယ်လို့ ပါမောက္ခ Abuza က ပြောနေသလို၊ ထိုင်းကပါမောက္ခ Dr. Thitinan Pongsudhirak ကလည်း အဲဒီလိုပြောတာ တွေ့ရပါတယ်။ သူတို့ရေးထားတဲ့ သုံးသပ်ချက်တွေမှာ။ ဆိုတော့ အဓိက မအောင်မြင်ရတာက ဒီနှစ်နိုင်ငံရဲ့ ပြောစကားက ဘယ်လောက်မထိရောက်နိုင်ဘူးဆိုတဲ့ အကြောင်းရင်းကတော့ အဲဒါပါပဲ။

မေး ။ ။ ဒါဆိုရင် ကျန်တဲ့အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ကော ဘယ်လိုအနေအထား ရှိပါသလဲ။

ဖြေ ။ ။ ကျန်တဲ့အာဆီယံနိုင်ငံအဖွဲ့ဝင်တွေ အများစုကတော့ မြန်မာနိုင်ငံနဲ့ နိုင်ငံရေးစနစ်ချင်း သိပ်ပြီးတော့ သူမသာကိုယ်မသာ၊ သူတို့ဘက်က နည်းနည်းသာတယ်ဆိုရင်တောင် သူတို့က အတိုက်အခံတွေကို ပစ်ခတ်နှိပ်စက် ဖမ်းဆီးတာတွေ မရှိဘူးဆိုတာပဲ ကွာတယ်လို့ပဲ ပြောရပါလိမ့်မယ်။ များသောအားဖြင့် သူတို့တွေကလည်း တကယ့် ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေလို့ ပြောရခက်ပါတယ်။ ထိုင်းဆိုရင်ပဲ ကြည့်ပါတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း။ သူလည်း စစ်တပ်က အာဏာသိမ်းပြီးတော့ အရပ်သားအဝတ်ဝတ်ပြီး ဥပဒေနဲ့ အတင်းတည်မြဲဖိို့ ကြိုးစားထားတဲ့ အစိုးရလို့ပြောလို့ ရပါတယ်။ လာအို၊ ဗိယက်နမ်၊ ကမ္ဘောဒီးယားတို့ကလည်း တစ်ပါတီအုပ်ချုပ်တဲ့ နိုင်ငံတွေသာ ဖြစ်ပါတယ်။ ဘရူးနိုင်း ထိုနည်းလည်းကောင်းပါပဲ။ ဖိလစ်ပိုင်ကလည်း သမ္မတ မားကိုစ်က ရွေးကောက်ပွဲအရ တက်လာတာ ဖြစ်ပေမယ့် သူ့အဖေရဲ့ အရိပ်အမည်းကြီးက သူ့အပေါ်မှာ ထိုးနေတော့ သူက ဘယ်လောက်ဖြစ်လာနိုင်မလဲဆိုတာလဲ လူတွေက စောင့်ကြည့်နေကြတဲ့ အခြေအနေ ရှိပါတယ်။ ဆိုတော့ သူတို့နိုင်ငံတွေမှာ ဒီလိုပြဿနာတွေ ရှိနေတော့ သူတို့က အင်ဒိုနီးရှား၊ မလေးရှားတို့ ပြောတဲ့အတိုင်း တက်တက်ကြွကြွ လိုက်လာပြီးတော့ ဆောင်ရွက်နိုင်ပါ့မလားဆိုတာလည်း အဓိကအခက်အခဲ ကြုံနေပါတယ်။ အဲဒါကြောင့် မဖြစ်နိုင်ဘူးလို့ စိတ်မကောင်းစွာနဲ့ တွက်ဆနေကြတာ ဖြစ်ပါတယ်။

မေး ။ ။ ဒါနဲ့ ဒီနေရာမှာ တခုပြောချင်တာက အာဆီယံဥက္ကဋ္ဌ ဖြစ်နေတဲ့ အင်ဒိုနီးရှားက သူကိုယ်တိုင်လည်း စစ်အာဏာရှင်လက်အောက်ကနေ ပြောင်းလဲလာတာပါ။ ဒီတော့ သူ့အတွေ့အကြုံနဲ့ ဆွဲဆောင်နိုင်မယ့် အလားအလာ ရှိမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ အင်ဒိုနီးရှားရဲ့ အတွေ့အကြုံကို နမူနာ ယူသင့်တယ်ဆိုတာ။ မြန်မာနိုင်ငံ အရင်အစိုးရတွေ လက်ထက်ကတည်းက ဦးသိန်းစိန်လက်ထက်ကတည်းက ၂၀၀၈ အခြေခံဥပဒေ မရေးခင်ကတည်းက အဲဒါကို နမူနာအဖြစ် ပြောဆိုခဲ့တဲ့ ပညာရှင်တွေ၊ သုံးသပ်သူတွေ အများကြီးပါ။ အင်ဒိုနီးရှားပဲ လုပ်သလိုပဲလုပ်ဖို့သင့်တယ်။ ပါလီမန်မှာ သူတို့လည်း စစ်တပ်ကို အချိုးအစားတခု ပေးထားတယ်။ နောက်တဖြည်းဖြည်း ဖယ်ထုတ်သွားမယ်။ နောက် လုံးဝစစ်မှန်တဲ့ အရပ်သားအစိုးရ ဖြစ်လာအောင်လုပ်မယ်။ အဲဒီလို ပြောခဲ့ကြပါတယ်။ အခု အင်ဒိုနီးရှားမှာ သမ္မတ Joko Widodo ဆိုရင် လုံးဝအရပ်သားစစ်စစ် အစိုးရအဖြစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံမှာလည်း ဖြစ်လာလိမ့်မယ်လို့၊ ဖြစ်လာပါစေလို့ လူတွေက မျှော်လင့်ခဲ့ကြတယ်။ ဆိုတော့ သမ္မတ Widodo ကလည်း သူတို့နိုင်ငံမှာ အပြောင်းအလဲ လုပ်လာတဲ့ဟာ အတွေ့အကြုံရင့်ကြတ်တဲ့ စစ်ဘက်အကြီးအကဲတယောက်ကို မြန်မာနိုင်ငံကို စေလွှတ်မယ်ဆိုတာကို စီစဉ်နေပါတယ်။ ဘယ်တော့ စေလွှတ်မလဲ။ တကယ်ပဲ လက်ခံပါ့မလားဆိုတာလဲ သိပ်သံသယ ရှိစရာ ဖြစ်ပါတယ်။ နောက်တခါ သမ္မတ Widodo ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တယ်။ အောင်အောင်မြင်မြင် ကျင်းပနိုုင်ခဲ့တယ်လို့ ကမ္ဘာက ချီးကျူးကြတယ်။ အများကြီး အမှတ်ပေးကြပါတယ်။ ဆိုတော့ သူသည် ဒီအစဉ်အလာကို ဆက်ထိန်းပြီး မြန်မာနိုင်ငံမှာလည်း အလားတူလုပ်ပြပေးလိမ့်မယ်လို့ တွက်ကြတဲ့လူတွေ ရှိပါတယ်။ အင်မတန် မျှော်လင့်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ သို့ပေမဲ့ အာဆီယံ ဥက္ကဋ္ဌသက်တမ်းက (၁) နှစ်သာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာက သိပ်ပြီးတော့ တာရှည်ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ ပြဿနာမျိုးစုံ။ ဘယ်အစ ဆွဲထုတ်ရမှန်း မသိတဲ့ ဆူးခြုံလို ဖြစ်နေတယ်။ ဆိုတော့ ဒီကိစ္စကို သမ္မတ Widodo ရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်း၊ ကျန်တဲ့လပိုင်းအတွင်းမှာ ဖြေရှင်းနိုင်ပါ့မလားဆိုတာကတော့ အင်မတန်မှ မဖြစ်နိုင်တဲ့ကိစ္စလို့ ထင်ပါတယ်။

မေး ။ ။ အခု အာဆီယံစုံညီ အစည်းအဝေးပွဲတွေမှာ စစ်ကောင်စီကို မဖိတ်တော့ဘူး။ ဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတောင်မှ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်တာလည်း ရှိပါတယ်။ ဒီတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီးတော့ ဘာလုပ်လာနိုင်သေးတယ်လို့ ထင်ပါသလဲ ဆရာ။ ဥပမာ မြန်မာကို အာဆီယံအဖွဲ့ဝင်ကနေ ရပ်ဆိုင်းလိုက်တာမျိုးကော ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပထမတခုက အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို မဖိတ်တော့တာကို မြန်မာက ဒီကိစ္စကို သိပ်ပူပုံ မရပါဘူး။ မဖိတ်လည်း အေးအေးဆေးဆေး နားငြီးသက်သာတယ်ဆိုပြီးတော့ မြန်မာစစ်ကောင်စီက အဲဒီလိုများ သဘောထားလား မသိပါဘူး။ နောက်တခုက ဖယ်ထုတ်ပစ်နိုင်သလားဆိုတာ စောစောက ကျနော်တို့ ပြောခဲ့တဲ့အတိုင်းပဲ မလေးရှားဝန်ကြီးချုပ် Ibrahim က ဒီကိစ္စကို နည်းနည်းလမ်းကြောင်းနေပြီ ဖြစ်ပါတယ်။ ဘယ်သူမှ အခုအချိန်အထိ မလိုက်လာသေးဘူး။ ဆိုတော့ အာဆီယံသည် ဖယ်ထုတ်ဖို့မပြောနဲ့ အဲဒီကိစ္စမှာ ဝင်ရောက်ဖြေရှင်းဖို့ဆိုတာကိုတောင် consesus အားလုံးဘုံသဘောတူညီချက်ရမှ ဆုံးဖြတ်ရမယ်ဆိုတာ အဖွဲ့ဝင် တနိုင်ငံကို ထုတ်ပစ်ဖို့အတွက်တော့ ဘယ်လိုမှ သူတို့တွေ လွယ်လွယ်နဲ့ လက်ခံကြလိမ့်မယ် မဟုတ်ဘူး။ ဒီလို အစဉ်အလာလည်း မရှိခဲ့ပါဘူး။

မေး ။ ။ အဲဒါဆိုရင် တရုတ်ဘက်ကို ပိုပြီးတော့ တွန်းပို့လိုက်သလိုမျိုး ဖြစ်မသွားနိုင်ဘူးလား။

ဖြေ ။ ။ တကယ်တော့ တရုတ်နဲ့ ပိုနီးစပ်သွားလေမှာစိုးလို့ မြန်မာ့အရေးကို ထဲထဲဝင်ဝင် မကိုင်တွယ်တာလို့ ပြောတာဟာ မကိုင်တွယ်ချင်တဲ့ နိုင်ငံတွေရဲ့ ရမယ်ရှာ အကြောင်းပြချက်ပါ။ မလုပ်ချင်လို့ အကြောင်းပြနေတယ်လို့ ပြောလို့ရပါတယ်။ ဆိုတော့ တချို့က သုံးသပ်ကြတယ်။ အာဆီယံဟာ အဓိကတာဝန်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ရဲ့သားနဲ့ ဘာမှမတတ်နိုင်ပါလားလို့ နိုင်ငံတကာ ရှုတ်ချခံရတာကို လွတ်ကင်းအောင် လုပ်ပြနေခြင်းသာ ဖြစ်တယ်လို့ ပြောကြပါတယ်။

မေး ။ ။ ဒီလိုအခြေအနေမျိုးမှာ အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်း - မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် မရှိတော့ဘူးလား။

ဖြေ ။ ။ အဲဒီမေးခွန်းက အားလုံးရင်ထဲမှာ ရှိနေသလို၊ ကျနော့် ရင်ထဲမှာလည်း ရှိနေတဲ့ မေးခွန်း ဖြစ်ပါတယ်။ မျှော်လင့်ချက်ကတော့ ထားရမှာပဲ။ သို့သော် အဲဒီမျှော်လင့်ချက်က နိုင်ငံခြားကို အားကိုးလို့၊ အာဆီယံကိုလည်းကောင်း ပြင်ပနိုင်ငံတနိုင်ငံ၊ အနောက်နိုင်ငံကိုလည်းကောင်း အားကိုးပြီးတော့ လုပ်နေလို့တော့ မရပါဘူး။ ကိုယ့်ပြည်တွင်းမှာပဲ ပြောင်းလဲနိုင်အောင် ရုန်းနိုင်ရမယ်၊ ကြိုးပမ်းရမယ်လို့ ထင်ပါတယ်။ အချိန်ကြမယ်လို့ပဲ ကျနော်ထက် ကျွမ်းကျင်တဲ့လူတွေကို မေးကြည့်တော့လည်း အဲဒီပုဂ္ဂိုလ်တွေကလည်း အဲဒီလိုပဲပြောတယ်။

XS
SM
MD
LG