သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမှာ မြောက်ကိုရီးယား ထောင်ချီသေဆုံးဒဏ်ရာရ


North Korea File- ၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်၊ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းတွင် နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြ ချီတက်ပွဲ၌ စစ်သားများ ချီတက်ခဲ့ကြသည်။ (ဓာတ်ပုံ - Ng Han Guan၊ File)
မှတ်တမ်း ဓာတ်ပုံ - မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်က စစ်ရေးပြ ချီတက်ပွဲ အခမ်းအနား တခု။ AP Photo/Ng Han Guan, File)

ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားဘက်ကနေ ကူညီတဲ့ မြောက်ကိုရီးယား တပ်သား ၁ ထောင်လောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် ရှေ့တန်း စစ်မြေပြင် ဖြစ်တဲ့ ရုရှားပိုင်နက် Kursk ဒေသမှာ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။

ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားဘက်ကနေ ကူညီတဲ့ မြောက်ကိုရီးယား တပ်သား ၁ ထောင်လောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် ရှေ့တန်း စစ်မြေပြင် ဖြစ်တဲ့ ရုရှားပိုင်နက် Kursk ဒေသမှာ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။

မျှော်လင့်ချက်မရှိတဲ့ ကြားကပဲ ယူကရိန်းတပ်တွေကို တိုက်ခိုက်ဖို့ ရုရှားနဲ့ မြောက်ကိုရီးယား စစ်တပ်ခေါင်းဆောင်တွေက သူတို့တပ်သား တွေကို အမိန့်ပေးပြီး အန္တရာယ်တွင်းထဲပို့ နေတာ ရှင်းနေတယ်လို့ သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေး အကြံပေး John Kirby က သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဂျိုးဘိုင်ဒန်က ရက်ပိုင်း အတွင်းမှာပဲ ယူကရိန်းအတွက် အထောက်အကူထပ်ပေးဖို့ အတည်ပြုပေးနိုင်ခြေ ရှိတယ်လို့လည်း ပြောပါတယ်။

တချိန်ထဲမှာပဲ ရုရှားနဲ့ ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမှုတွေ အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ Slovakia နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ အတည်ပြုပါတယ်။ ၂၀၂၂ ဖေဖေါ်ဝါရီမှာ ရုရှားကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အတွက် ကြားဝင်ဆောင်ရွက်ပေးမယ့် အကြောင်း Slovakia ရဲ့ အဆိုပြုချက်ကို ရုရှားက လက်ခံကြောင်း ရုရှားသမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။

Slovakia နိုင်ငံမှာ ညှိနှိုင်းဆွေးနွေး ကြဖို့ ကမ်းလှမ်းထားကြောင်း Slovakia နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲတိုင်းမှာ ရုရှားအပါအဝင် အဖွဲ့အားလုံး ပါဝင်ဆွေးနွေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဇွန်လ ဆွစ်ဇာလန်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတုန်းက ရုရှားတာဝန်ရှိသူတွေ မတက်ရောက်ခဲ့ပါဘူး။

Forum

XS
SM
MD
LG