သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်မှာပါဝင်မှုအတွက် ရုရှားနဲ့မြောက်ကိုရီးယားကို အမေရိကန်ထပ်မံ ပိတ်ဆို့ဒဏ်ခတ်


မြောက်ကိုရီးယားစစ်သားတွေရဲဲ့သတင်းကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ဘူတာရုံထဲက ပြည်သူအများကြည့်ရှုနိုင်တဲ့ တီဗွီဖန်သားပြင်မှာ တွေ့ရစဥ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၄)
မြောက်ကိုရီးယားစစ်သားတွေရဲဲ့သတင်းကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ဘူတာရုံထဲက ပြည်သူအများကြည့်ရှုနိုင်တဲ့ တီဗွီဖန်သားပြင်မှာ တွေ့ရစဥ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၄)

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားက ရုရှားကို ငွေကြေးနဲ့စစ်ရေးအကူအညီတွေ ပေးနေတဲ့အပြင် ပဲ့ထိန်းမစ်ဇိုင်းဒုံးအစီအစဉ်တွေဆက်လုပ်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနဲ့ ရုရှားကို ထပ်ပြီးတော့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ဒီအရေးယူမှုထဲမှာ မြောက်ကိုရီးယား ဘဏ်တွေ၊ ဗိုလ်ချုပ်တွေနဲ့ အခြားတာဝန်ရှိသူတွေပါဝင်သလို ရုရှားရဲ့ ရေနံတင်ပို့တဲ့ကုမ္ပဏီတွေလည်းပါဝင်ပါတယ်။ မြောက်ကိုရီးယားဘဏ်တွေထဲမှာ အရှေ့မြောက်ဒေသက Rason အထူးစီးပွားရေးဇုံရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ Golden Triangle Bank လည်းပါဝင်ပါတယ်။ ဒါ့အပြင် ပြုံယမ်းမြို့တော်အခြေစိုက် Korea Mandal ချေးငွေဘဏ်လည်း ပါဝင်ပါတယ်။ ဒီဘဏ်ဟာ တရုတ်ပြည်အနှံ့ သူ့ရဲ့ ကိုယ်စားလှယ်တွေရှိတယ်လို့ အမေရိကန် ဘဏ္ဍာ ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာဖေါ်ပြထားပါတယ်။

တချိန်တည်းမှာပဲ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနဲ့ ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက် နေတဲ့အတွက် လူပုဂ္ဂိုလ် ၁၁ ဦးနဲ့ ကုမ္ပဏီ ၁၅ ခုကိုဒဏ်ခတ်ရေးယူလိုက်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။

အခုလိုဒဏ်ခတ်ရေးယူမှုမှာ အမေရိကန်၊ တောင်ကိုရီးယား၊ EU ၊ ဗြိတိန်၊ ဂျပန်၊ သြစတြေးလျား စုစုပေါင်း ၁၀ နိုင်ငံပါဝင်ပြီး မြောက်ကိုရီးယားနဲ့ရုရှား စစ်ရေးပူးပေါင်းဆောင်ရွက်မှုပေါ် အပြင်းအထန် ရှုတ်ချတဲ့ ပူးတွဲကြေညာချက်တစောင်ကိုလည်း ဒီကနေ့အင်္ဂါနေ့မှာထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG