သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် အောင်နိုင်တဲ့အထိ ရုရှားကိုကူညီမည် (မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး)


မော်စကိုကိုရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui (ဝဲ)နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov (ယာ) (2024年11月1日)
မော်စကိုကိုရောက်နေတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui (ဝဲ)နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov (ယာ) (2024年11月1日)

ရုရှားကို တပ်သား ၈,၀၀၀ လောက် စေလွှတ်ထားတဲ့ မြောက်ကိုရီးယားက သူတို့ဟာ ယူကရိန်းစစ်ပွဲအောင်နိုင်ချိန်အထိ ရုရှားကို အထောက်အကူပေးမှာဖြစ်ကြောင်း မော်စကိုကိုရောက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui က သောကြာနေ့မှာ ပြောပါတယ်။

ဝန်ကြီး Choe နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ ဟာ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးမှာ ၂ နိုင်ငံ ဆက်ဆံရေး ပုံစံသစ် ဖြစ်လာတာအတွက် ချီးကျူးပြောဆိုခဲ့ကြတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ တပ်အင်အား တိုးမြှင့်လာပြီး စစ်ရေး ရန်စမှုတွေ ရှိလာကြောင်း ဝန်ကြီး Choe က တင်ပြခဲ့ပြီး ရုရှားဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးဖို့ ကြိုးစားမှုတွေကို အဆုံးသတ်စေပြီး နိုင်ငံတကာ အခင်းအကျင်းမှာ အပြောင်းအလဲ ဖြစ်လာအောင် ကြိုးပမ်းတာကို ချီးကျူးကြောင်း ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ရုရှား အောင်မြင်မှု ရမယ်ဆိုတာကို မြောက်ကိုရီးယားအနေနဲ့ ယုံကြည်မှု အပြည့်ထားပြီး အောင်မြင်မှု ရသည်အထိ ရုရှားနဲ့အတူ ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့တာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ကလည်း မိတ်ဆွေမြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်း၊ ၂ နိုင်ငံ စစ်ရေးအရ ရင်းနှီးတဲ့ ဆက်သွယ်မှုလုပ်နိုင်တာအတွက်လည်း ချီးကျူးခဲ့ပါတယ်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးစလုံးက မြောက်ကိုရီးယား တပ်သားတွေ ရုရှားမှာ ရောက်နေတယ်ဆိုတာကို တိုက်ရိုက်ရည်ညွှန်း ပြောဆိုတာ မရှိခဲ့ပါဘူး။ ဒီတပ်သားတွေနဲ့ ပတ်သက်ပြီး ရုရှားက အခုထိလည်း အတည်မပြုသလို ငြင်းလည်း မငြင်းဆိုသေးပါဘူး။

သောကြာနေ့မှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းရာမှာ ဒေသတွင်း တပ်သား ၁ သောင်းထက်မနည်း ချထားမယ်လို့ သူယုံကြည်သလို၊ ရုရှားပိုင်နက် Kursk ဒေသမှာတော့ တပ်သား ၈၀၀၀ လောက် ရောက်နေပြီလို့လည်း ပြောကြားခဲ့တာပါ။

ယူကရိန်းစစ် အောင်နိုင်တဲ့အထိ ရုရှားကိုကူညီမည်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG