သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတ မြောက်ကိုရီးယားခရီးစဉ် အမေရိကန်နဲ့ တောင်ကိုရီးယားစိုးရိမ်


ရုရှားနိုင်ငံ အရှေ့ပိုင်း Yakutia ဒေသ လေဆိပ်ကို ရောက်ရှိလာတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဇွန် ၁၈၊ ၂၀၂၄)
ရုရှားနိုင်ငံ အရှေ့ပိုင်း Yakutia ဒေသ လေဆိပ်ကို ရောက်ရှိလာတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဇွန် ၁၈၊ ၂၀၂၄)

ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) ရဲ့ ဒီကနေ့ မြောက်ကိုရီးယား ခရီးစဉ်အပေါ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုလိုက်ကြပါတယ်။ တရုတ်နိုင်ငံကတော့ မြောက်ကိုရီးယားနဲ့ ရုရှားကြားက ဆက်ဆံရေးမှာ ကြားဝင်စရာ အကြောင်းမရှိဘူးလို့ ပြောခဲ့တာပါ။ ရုရှား TASS သတင်းဌာနကတော့ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြောက်ကိုရီးယားနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) တို့ လက်မှတ်ထိုးမယ်လို့ ပြောပါတယ်။ လက်မှတ်ရေးထိုးမယ့် အစီအစဉ် အသေးစိတ်ကို မဖော်ပြပေမဲ့ အစောပိုင်း သတင်းမှာတော့ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေ ပါဝင်မှာဖြစ်ကြောင်း သမ္မတပူတင်ရဲ့ လက်ထောက်တဦးကို ကိုးကား ဖော်ပြခဲ့တာပါ။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပူတင်ရဲ့ ခရီးစဉ်ကနေ ရုရှားနဲ့ မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်မှာကို လက်မခံနိုင်ကြောင်းပြောပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုအားလုံးဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်အေးချမ်းရေး အတွက်အထောက်အကူ ပြုဖို့လိုတယ်လို့လည်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

ရုရှားသမ္မတရဲ့ မြောက်ကိုရီးယားခရီးစဉ်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူ တယောက်ကတော့ ရုရှားသမ္မတ ပူတင်ကို အစိုးရတွေက လက်ခံတွေ့ဆုံတာမျိုးကို အားမပေးကြောင်း ဗွီအိုအေကိုရီးယားဌာနကို ပြောပါတယ်။ ရုရှားသမ္မတကို လက်ခံတွေ့ဆုံတာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး ယူကိန်းအပေါ် ကျုးလွန်မှုတွေကို လျစ်လျူရှုရာ ရောက်တယ်လို့လည်း ပြောပါတယ်။

Forum

XS
SM
MD
LG