သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတင်ရဲ့ စစ်ရေးရည်မှန်းချက်ကို မပံ့ပိုးဖို့ မြောက်ကိုရီးယားကို ကန် သတိပေး


စိန့်ပီတာစဘတ်မှာ ကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို တက်ရောက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ကိုတွေ့ရ။ (June 7, 2024)
စိန့်ပီတာစဘတ်မှာ ကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို တက်ရောက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ကိုတွေ့ရ။ (June 7, 2024)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သူ့ရဲ့ စက်တင်ဘာ ရုရှားခရီးစဉ်အတွင်း သမ္မတ Putin ကို ဖိတ်ကြားခဲ့တဲ့အတွက် သမ္မတ Putin ဟာ အခု မြောက်ကိုရီးယားကိုသွားဖို့ ပြင်ဆင်နေပြီလို့ ရုရှားနိုင်ငံခြားရေးဌာနရဲ့ ပြောကြားချက်ကို ရုရှားအစိုးရ Tass သတင်းမှာ မေလ ၃၀ ရက်နေ့က ဖေါ်ပြခဲ့တာပါ။

မြောက်ကိုရီးယားကို သွားရောက်ဖို့ရှိနေတဲ့ ရုရှားသမ္မတ Vladimir Putin ကို သူ့ရဲ့ရန်လိုတဲ့ ယူကရိန်းကျူးကျော်စစ်အတွက် အားပေးထောက်ခံလာအောင် စင်တင်ပေးတာမျိုး မလုပ်ဖို့ သမ္မတ ဘိုင်ဒန်အစိုးရအဖွဲ့က ဒီသီတင်းပတ်ထဲမှာပဲ သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သူ့ရဲ့ စက်တင်ဘာ ရုရှားခရီးစဉ်အတွင်း သမ္မတ Putin ကို ဖိတ်ကြားခဲ့တဲ့အတွက် သမ္မတ Putin ဟာ အခု မြောက်ကိုရီးယားကိုသွားဖို့ ပြင်ဆင်နေပြီလို့ ရုရှားနိုင်ငံခြားရေးဌာနရဲ့ ပြောကြားချက်ကို ရုရှားအစိုးရ Tass သတင်းမှာ မေလ ၃၀ ရက်နေ့က ဖေါ်ပြခဲ့တာပါ။ ဒါပေမဲ့ ရက် အတိအကျကိုတော့ ထုတ်မပြောပါဘူး။

ဒီသတင်းဌာနကပဲ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Andrey Rudenko ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သမ္မတ Putin ဟာ မြောက်ကိုရီးယားအပြင် ဗီယက်နမ်ကိုပါ ခရီးသွားရောက်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

သမ္မတ Putin မြောက်ကိုရီးယားကို ဘယ်နေ့မှာ သွားမလဲဆိုတာ သိရအောင် တောင်ကိုရီးယားမှာရှိတဲ့ ရုရှားသံရုံးကို VOA က မေးမြန်းခဲ့ပေမယ့် ပြန်လည် မဖြေကြားပါဘူး။ ရုရှား သမ္မတဟာ မေလထဲ တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အခုလို မြောက်ကိုရီးယားကို သွားမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရုရှားဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို VOA က မေးမြန်းရာမှာတော့ နိုင်ငံခြားရေးဌာနပြောခွင့်ရက ရုရှားဟာ သူ့ရဲ့ ယူကရိန်းကျူးကျော်စစ်ကို နိုင်ငံတကာက ဝိုင်းဝန်းပံ့ပိုးလာအောင် ကြိုးစားနေတာဖြစ်ပြီး Putin ရဲ့ ဒီ စစ်ရေးရည်မှန်းချက်ကို ဘယ်နိုင်ငံကမှ မပံ့ပိုးကြဖို့ သတိပေးပြောကြားခဲ့တာပါ။

ယူကရိန်းစစ်ပွဲက ရုရှားကြောင့် ဟုတ်၊ မဟုတ်
please wait

No media source currently available

0:00 0:02:42 0:00

ကိုရီးယားကျွန်းဆွယ်ဒေသ တည်ငြိမ်အေးချမ်းရေး လိုလားသူတိုင်းဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းလာနေတာအတွက် အထူးစိုးရိမ်သင့်တယ်လို့လည်း ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုမှာ လိုအပ်တဲ့စ္စည်းတွေ ဆက်လက်ထောက်ပံ့ ပေးအပ်နေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ရုရှားကို လက်နက်ပံ့ပိုးမှု ရှိတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး မမှန်ကန်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြီးရင် သြဇာကြီးမားတဲ့ ညီမဖြစ်သူ Kim Yo Jong က မေလ ၁၇ ရက်နေ့ကပဲ ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG