သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် ရုရှားထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်


ရုရှားကို အလည်အပတ်သွားရောက်မယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို ပြုံယမ်းမြို့ရထားဘူတာမှာ တွေ့ရစဉ် (စက်တင်ဘာ ၁၀၊ ၂၀၂၃)
ရုရှားကို အလည်အပတ်သွားရောက်မယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို ပြုံယမ်းမြို့ရထားဘူတာမှာ တွေ့ရစဉ် (စက်တင်ဘာ ၁၀၊ ၂၀၂၃)

ရုရှားနိုင်ငံကိုရောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) ဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဖို့ရှိပြီး အဲဒီ တွေ့ဆုံမှုအတွင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu လည်း ပါဝင်မယ်လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Interfex သတင်းမှာ ဖော်ပြထားပါတယ်။

ကင်ဂျုံအွန်ဟာ သူ့ကိုယ်ပိုင် ရထားနဲ့ ရုရှားနိုင်ငံကို တနင်္ဂနွေနေ့က ထွက်ခွာသွားကြောင်း အစိုးရပိုင် သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ သမ္မတပူတင်ဟာ ရုရှားနိုင်ငံ အရှေ့ဖျား Vladivostok (ဗလာဒါ ဗာစကာ) မြို့မှာ ကျင်းပနေတဲ့ စီးပွားရေးညီလာခံကို တက်ရောက်နေတာပါ။

ဒီခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲကြောင့် လက်နက် ခဲယမ်းမီးကျောက် အများအပြား လိုအပ်နေတဲ့ ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေ ရောင်းချပေးမယ့်ကိစ္စကို အဓိကထား ဆွေးနွေးကြမှာဖြစ်ပြီး အဲဒီအတွက် မြောက်ကိုရီးယားက ရုရှားထံကနေ လောင်စာစွမ်းအင်နဲ့ တခြား အဆင့်မြင့် လက်နက်ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ခန့်မှန်းထားကြပါတယ်။

ကင်ဂျုံအွန်အနေနဲ့ ကိုဗစ် 19 ကပ်ရောဂါ မဖြစ်ခင်ကာလကတည်းက နှစ်အတန်ကြာအတွင်း ပထမဆုံး သွားရောက်တဲ့ ပြည်ပခရီးစဉ်အဖြစ် သူ့ရဲ့ အရင်းနှီးဆုံးမဟာမိတ် တရုတ်နိုင်ငံကိုမသွားဘဲ ရုရှားကိုသွားတာကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယားခေါင်းဆောင်ဟာ အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံအကြား ချိန်ခွင်လျှာညှိပြီး ဆက်ဆံနေတယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG