သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေတပ်စွမ်းရည် တိုးမြှင့်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း


North Korean leader Kim Jong Un visits the Naval Command of the Korean People's Army (KPA)
North Korean leader Kim Jong Un visits the Naval Command of the Korean People's Army (KPA)

မြောက်ကိုရီးယား ရေတပ်ကို အင်အားခိုင်ခန့်အောင် လုပ်ဆောင်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က တိုက်တွန်းပြောဆိုတာကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းမှာ ဖေါ်ပြပါတယ်။ ကိုရီးယား ကျွန်းဆွယ်ဟာ နျုကလီးယား စစ်ပွဲအတွက် အန္တရာယ်ကြီးတဲ့ ကြိုတင်တွက်ဆလို့ မရနိုင်ဆုံး ရေပြင်အဖြစ် Kim Jong Un က ပြောဆိုသွားတာပါ။

ဒီလို ပြောဆိုချိန်ဟာ တောင်ကိုရီးယားနဲ့ အမေရိကန် အထူးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မနေ့က တောင်ကိုရီးယား ကမ်းရိုးတန်း Yangyang မြို့မှာ ရေပြင်ကိုဖြတ်ပြီး ကမ်းတက် ပူးတွဲ စစ်ရေးလေ့ကျင့်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြောက်ကိုရီးယားရဲ့ နျုကလီးယားခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ ဩဂုတ်လ ၂၁ ရက်ကနေ ၃၁ ရက်နေ့အထိ ကျင်းပမယ့် Ulchi စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် အခုလို ပူးတွဲ စစ်ရေးလေ့ကျင့်တာပါ။

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေ ပူးပေါင်းပြီး အရင်က တခါမှ မရှိခဲ့ဖူးတဲ့ အကြီးမားဆုံး လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမယ့် အကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောဆိုထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက တပ်ဖွဲ့ဝင် ထောင်နဲ့ချီပါဝင်မှာဖြစ်သလို တခြား ကုလသမဂ္ဂကွပ်ကဲမှု လက်အောက်ခံ နိုင်ငံတွေက တပ်ဖွဲ့တွေလည်း ပါဝင်မယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဘက်ကတော့ ဒီလို လေ့ကျင့်မှုတွေဟာ ကျုးကျော်ဖို့ ပြင်ဆင်တဲ့ လုပ်ရပ်လို့ စွပ်စွဲပြီး ပဲ့ထိမ်းသုံးဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ရင်း ခြိမ်းခြောက်နေပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန် သုံးနိုင်ငံကို ဂိုဏ်းအဖွဲ့ အကြီးအကဲ သုံးနိုင်ငံအဖြစ် Kim Jong Un က ထိုးနှက်ဝေဖန်သလို၊ မကြာသေးခင်က အမေရိကန် သမ္မတ အပန်းဖြေတဲ့ Camp David မှာ သုံးနိုင်ငံပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တာကိုလည်း ရည်ညွှန်း တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG