သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်တင်ရေးရုပ်သိမ်းဖို့ ကန်တိုက်တွန်း


မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ ဂြိုဟ်တုစမ်းသပ်ပစ်လွှတ်ခြင်း။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၂)
မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ ဂြိုဟ်တုစမ်းသပ်ပစ်လွှတ်ခြင်း။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၂)

ဂြိုဟ်တုလွှတ်တင်မယ့်အစီအစဥ်ကိုရပ်လိုက်ဖို့ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားကို အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။ ဒီလိုလွှတ်တင်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်လိမ့်မယ်လို့လည်း ပြောလိုက်ပါတယ်။

“ဥပဒေတွေနဲ့မညီတဲ့လုပ်ရပ်တွေကို ဆက်လက် မလုပ်ဆောင်ဖို့ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကို ကျနော်တို့တိုက်တွန်းပါတယ်။ အလေးအနက်ထားပြီးရေရှည်တည်တံ့မယ့် သံတမန်ရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုရီးယားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်တို့ကလည်း အလားတူတောင်းဆိုထားတာကို အမေရိကန်က ထပ်မံပြောလိုက်တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၄ နဲ့ ၃၁ ကြားမှာ ဂြိုဟ်တုကိုလွှတ်တင်မယ်လို့ မြောက်ကိုရီးယားက ဂျပန်ကမ်းခြေစောင့်တပ်ကို အင်္ဂါနေ့မှာ ပြောခဲ့တာပါ။ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်ပြင်နဲ့ ပစိဖိတ်သမုဒ္ဒရာအပေါ်ကနေဖြတ်သွားမယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။ တရုတ်ရဲ့အာဏာကကြီးထွားလာနေပြီး မြောက်ကိုရီးယားရဲ့ နျူကလီယားခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ စည်းလုံးညီညွတ်ကြဖို့ ရည်ရွယ်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးကိုကျင်းပပြီး ရက်ပိုင်းလောက်ပဲအကြာမှာ မြောက်ကိုရီးယားက ခုလို ဂြိုဟ်တုလွှတ်တင်မယ်လို့ ပြောလိုက်တာပါ။

မေလ ၃၁ ရက်နေ့တုန်းကလည်း ဂြိုဟ်တုတလုံးကို လွှတ်တင်ခဲ့ပေမဲ့ ပင်လယ်ထဲ ပျက်ကျခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG