သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဂြိုဟ်တု ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်


မြောက်ကိုရီးယား ဒုံးပျံကနေ ကမ္ဘာပတ်လမ်းကြောင်းထဲ ဂြိုဟ်တု လွှတ်တင်နေစဉ်။
မြောက်ကိုရီးယား ဒုံးပျံကနေ ကမ္ဘာပတ်လမ်းကြောင်းထဲ ဂြိုဟ်တု လွှတ်တင်နေစဉ်။
မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ သတိပေးတားမြစ်မှုတွေကြားက ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက်အောင် လွှတ်တင်လိုက်နိုင်ခဲ့ပါပြီ။

ရာသီတုတု တိုင်းတာရေးအတွက် လွှတ်တင်တာလို့ ဆိုတဲ့ ဒီ ဂြိုဟ်တု ကမ္ဘာပတ်လမ်းကြောင်းထဲ ရောက် သွားဖို့ ဖြတ်သန်းရတဲ့ အဆင့်သုံးဆင့်လုံးကို အောင်မြင်စွာ ကျော်ဖြတ်သွားခဲ့ကြောင်း မြောက် ကိုရီးယား ဗဟိုသတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်မြောက်ပိုင်း အာကာသကာကွယ်မှု ထိန်းချုပ်ရေးဌာနက - အစောပိုင်းက တွေ့ရှိချက်တွေအရ ဆိုရင် မြောက်ကိုရီးယားဒုံးပျံဟာ ကမ္ဘာပတ် လမ်းကြောင်းထဲကို ဂြိုဟ်တုကို လွှတ်တင်ပေးဖို့ အစိတ် အပိုင်းတခု ဖြုတ်ချလိုက်တာကို တွေ့မြင်ရကြောင်း ပြောပါတယ်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တခြား အစိုးရအသီးသီးကလည်း - ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ တားမြစ်ထားတဲ့ တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုကို အခုလို စမ်းသပ်လွှတ်တင်ခဲ့တဲ့ အပေါ် ချက်ခြင်းပဲ ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။

လုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ အခု လုပ်ရပ်အပေါ်မှာ ဆွေးနွေးဖို့ အစည်းအဝေးခေါ် ယူလိမ့် မယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကလည်း နိုင်ငံတော် လုံခြုံရေး ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ အရေးပေါ်အစည်းအဝေးကျင်းပဖို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG