သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှု အရှိန်မြှင့်နေသလား


မြောက်ကိုရီးယားသတင်းဌာနက ထုတ်လွှတ်တဲ့ ခေါင်းဆောင် Kim Jong ကိုရီးယားစစ်တပ်ကို စစ်ဆေးကြည့်ရှုနေပုံ။
မြောက်ကိုရီးယားသတင်းဌာနက ထုတ်လွှတ်တဲ့ ခေါင်းဆောင် Kim Jong ကိုရီးယားစစ်တပ်ကို စစ်ဆေးကြည့်ရှုနေပုံ။

မြောက်ကိုရီးယားနိုင်ငံက Nuclear သုတေသန စမ်းသပ်တဲ့နေရာတွေမှာ လတ်တလော လတွေအတွင်း သိသိသာသာ တိုးတက်မှုတွေ ရှိကြောင်း ဂြိုဟ်တု ဓါတ်ပုံတွေက ပြသနေ တယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တခုက ပြောပါတယ်။

မြောက်ကိုရီးယားက စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ တခြားတိုးတက်မှုတွေကို လေ့လာ စောင့်ကြည့်နေတဲ့ 38 North ဆိုတဲ့ အဖွဲ့က ဗုဒ္ဓဟူးနေ့က အစီရင် ခံစာ ထုတ်ပြန်ခဲ့ တာပါ။ June လ ၂၁ ရက်နေ့တုန်းက ဂြိုဟ်တုကနေရိုက်ကူးထားတဲ့ ဓါတ်ပုံတွေအရ Yongbyon Nuclear လေ့လာရေးစင်တာမှာ တိုးတက်မှုတွေရှိတာကို မြင်တွေ့ရပါတယ်။ စင်္ကာပူနိုင်ငံမှာ သမ္မတ Donald Trump နဲ့တွေဆုံပြီး Nuclear ကင်းရှင်းရေးစာချုပ်မှာ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un လက်မှတ်ထိုးခဲ့ပြီး သီတင်း ၂ ပတ် အကြာ မှာ 38 North ရဲ့ အစီရင်ခံစာထွက်လာတာပါ။

လတ်တလောလတွေအတွင်း မြောက်ကိုရီးယားက လျှို့ဝှက်နေရာတော်တော်များများမှာ Nuclear လက်နက်ထုတ်နိုင်ဖို့ သန့်စင်ပြီးယူရေနီယံတွေ ပိုတိုးထုတ်လုပ်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနတွေက ယုံကြည်ထားကြောင်း အမည်မဖော်တဲ့ အမေ ရိကန်တာဝန်ရှိသူ ၅ ယောက်ကို ကိုးကားပြီး NBC သတင်းဌာနကလည်း သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ CIA ကမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ သလို နိုင်ငံခြားရေးဌာနကလည်း ထောက်လှမ်းရေးကိစ္စဖြစ်တဲ့အတွက် မှတ်ချက်မပေးနိုင် ဘူးလို့ ပြောပါတယ်။

အိမ်ဖြူတော်ကတော့ တစုံတရာ တုံ့ပြန်ခြင်း မရှိပါဘူး။

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှု အရှိန်မြှင့်နေသလား
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG