သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လွှတ်တင်တဲ့ ဂြိုဟ်တု ပင်လယ်ထဲပျက်ကျ


မြောက်ကိုရီးယားဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်စင်အစိတ်အပိုင်းတချို့ တောင်ကိုရီးယားစစ်တပ် ပင်လယ်ပြင်ထဲတွေ့ရှိ (မေ ၃၁၊ ၂၀၂၃)
မြောက်ကိုရီးယားဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်စင်အစိတ်အပိုင်းတချို့ တောင်ကိုရီးယားစစ်တပ် ပင်လယ်ပြင်ထဲတွေ့ရှိ (မေ ၃၁၊ ၂၀၂၃)

မြောက်ကိုရီးယားနိုင်ငံက ဒီနေ့ ဗုဒ္ဓဟူးနေ့ အာကာသထဲ ပစ်လွှတ်လိုက်တဲ့ ဆက်သွယ်ရေးဂြိုလ်တု မအောင်မြင်ဖြစ်ပြီး ထပ်ဆင့်တွန်းတင်တဲ့ ရော့ကက်နဲ့ သယ်ဆောင်တဲ့ စက်ပစ္စည်းတွေ ပင်လယ်ထဲကို ကျသွားခဲ့ပါတယ်လို့ မြောက်ကိုရီးယား သတင်းဌာနက ကြေညာပါတယ်။ တောင်ကိုရီးယား စစ်တပ်ကတော့ ပစ်စင်ယာဉ်ရဲ့ အစိတ်အပိုင်းတချို့ကို ပင်လယ်ထဲက သူတို့ ရှာဖွေတွေ့ရှိတယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား လွှတ်တင်တဲ့ Chollima-1 ဆက်သွယ်ရေး ဂြိုလ်တုသစ်ဟာ အင်ဂျင်နဲ့ လောင်စာဆီ စနစ် မတည်ငြိမ်တဲ့အတွက် အခုလို မအောင်မမြင် ဖြစ်ခဲ့တာလို့လည်း မြောက်ကိုရီးယားအစိုးရရဲ့ KCNA သတင်းဌာနက ထုတ်လွှင့်ပါတယ်။ ရော့ကက် ထပ်ဆင့်ပျံသန်းရမယ့် ဒုတိယ အဆင့်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခဲ့တာလို့လည်း မြောက်ကိုရီးယား သတင်းဌာနက အစောပိုင်းက ကြေညာခဲ့ပါတယ်။

နျုကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် အခုတကြိမ်ဟာ ဆဌမမြောက် ဆက်သွယ်ရေး ဂြိုလ်တု လွှတ်တင်တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပထမအကြိမ် လွှတ်တင်ခဲ့ပါတယ်။ ဂြိုလ်ပတ်လမ်းထဲမှာ ထောက်လှမ်း‌ရေးအတွက် ပထမဆုံး ဆက်သွယ်ရေး ဂြိုလ်တု လွှတ်တင်ဖို့ မြောက်ကိုရီးယားဘက်က ကြိုးစားခဲ့တာပါ။

မြောက်ကိုရီးယားဘက်က ဆက်သွယ်ရေးဂြိုလ်တု ပစ်လွတ်လိုက်ခဲ့တာကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ ခေတ္တ အရေးပေါ်သတိပေးချက်တွေ တပ်လှန့်ပြီး လူတွေကို ဘေးလွတ်ရာယာယီ ရွေ့ပြောင်းခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေတော့ ထွက်မလာခဲ့ပါဘူး။

မြောက်ကိုရီးယားဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်စင်အစိတ်အပိုင်းတချို့ တောင်ကိုရီးယားစစ်တပ် ပင်လယ်ပြင်ထဲတွေ့ရှိ (မေ ၃၁၊ ၂၀၂၃)
မြောက်ကိုရီးယားဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်စင်အစိတ်အပိုင်းတချို့ တောင်ကိုရီးယားစစ်တပ် ပင်လယ်ပြင်ထဲတွေ့ရှိ (မေ ၃၁၊ ၂၀၂၃)

တောင်ကိုရီးယား စစ်တပ်အနေနဲ့ ရော့ကက်ပစ်စင်ယာဉ်ရဲ့ အစိတ်အပိုင်းတွေလို့ ယုံကြည်ရတဲ့ အစိတ်အပိုင်းတွေကို ဆယ်ယူဖို့ လုပ်ဆောင်ခဲ့တဲ့အကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီး အရာရှိချုပ်က ပြောပါတယ်။ ပင်လယ်ပြင်ထဲက ရှာတွေတဲ့ ရေပေါ် ပေါလောပေါ်အောင်ကြိုးနဲ့တွဲချည်ထားတဲ့ ဆလင်ဒါ ထုလုံးပုံစံ အရာဝထ္ထု တခုရဲ့ ဓါတ်ပုံတွေကိုလည်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG